အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့
အီစထရိုဂျင် ဟော်မုန်းဆိုတာက အမျိုးသမီးလေးတွေအတွက် အဓိကကျတဲ့ ဟော်မုန်း တစ်မျိုးဆိုပေမယ့် အမျိုးသားတွေ ကျန်းမာရေးအတွက်လည်း တစ်ထောင့်တစ်ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီဟော်မုန်းက နည်းလွန်းရင် မကောင်းသလို အရမ်းများနေရင်လည်း အမျိုးသားတို့မှာ ကျန်းမာရေးပြဿနာတွေကို ခံစားရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားတွေမှာ Estrogen ဟော်မုန်း ပမာဏ များနေရင် ဘယ်လို လက္ခဏာတွေ ပြလေ့ရှိလဲ! ဘယ်လို လျှော့ချလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အီစထရိုဂျင်က အမျိုးသားတွေမှာ ဘာလုပ်ပေးနိုင်သလဲ! အီစထရိုဂျင် ဆိုတာက အမျိုးသမီးတွေအတွက် အရေးပါတဲ့ ဟော်မုန်း တစ်မျိုးပါ။ အမျိုးသမီးတွေအတွက် အရေးပါတဲ့ ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရှိပါတယ်။ ပမာဏ အားဖြင့်တော့ နည်းတာပေါ့နော်။ ဒီဟော်မုန်းက အမျိုးသားတွေမှာ အဓိက ဘာကို တာဝန်ယူထားတာလဲ ဆိုရင် လိင်စိတ်ဆန္ဒ၊ လိင်တံထောင်မတ်မှုနဲ့ သုက်ကောင်ထုတ်လုပ်တာကို […]