backup og meta

Testosteroneကျားဟော်မုန်း နည်းခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည်

Testosteroneကျားဟော်မုန်း နည်းခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည်

အမျိုးသားများအသက်ကြီးလာသောအခါ Testosterone(low T) လို့ခေါ်တဲ့ ကျားဟော်မုန်းနည်းလာတတ်တယ်။ အသက်ကြီးလာလေလေ ဟော်မုန်းနည်းလာလေလေဖြစ်တယ်။ အသက်၆၀အရွယ် အမျိုးသားတွေရဲ့ ၂၀ရာခိုင်နှုန်းဟာ ဟော်မုန်းနည်းခြင်းပြသနာနဲ့ ရင်ဆိုင်နေရတယ်။ အသက် ၇၀နှစ်အမျိုးသားတွေရဲ့ ၃၀ရာခိုင်နှုန်း၊ အသက် ၈၀ နှစ်အမျိုးသားတွေရဲ့ ၅၀ရာခိုင်နှုန်းမှာ တွေ့ရတယ်။

အမျိုးသားတွေက အဖိုဟော်မုန်း(Testosterone) ကို ဘာကြောင့်လိုတာလဲ။

Testosterone ဆိုတာ အမျိုးသားတွေက ဝှေးစေ့ကထုတ်တဲ့ ဖိုဟော်မုန်းတစ်မျိုးဖြစ်တယ်။ ဒီဟော်မုန်းက အမျိုးသားများအရွယ်ရောက်တဲ့အချိန် လိင်အဂါၤကြီးထွားအောင် လုပ်ပေးတယ်။ အရွယ်ရောက်တဲ့အချိန်တွင် ဒီဟော်မုန်းက ကောင်လေးကနေ အမျိုးသားဖြစ်အောင် လုပ်ပေးတယ်။

အမျိုးသားတွေမှာ ဒီဟော်မုန်းကြောင့် အမွှေးအမျှင်ပိုထူလာစေတယ်။ ကြွက်သားတွေ ထွက်လာစေတယ်။ အသံသြလာစေတယ်။ နောက်ပိုင်းတွင် လိင်မှုကိစ္စလုပ်ဆောင်ရန်လည်း ကူညီပေးတယ်။

Testosterone ပမာဏ ဘာလို့ကျတာလဲ။

အသက်ကြီးလာတဲ့အခါ testosterone ကျဆင်းတာဟာ ပုံမှန်ဖြစ်တယ်။ ဒါပေမယ့် testosterone ကျစေတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ ဝှေးစေ့တွင် ဒဏ်ရာရခြင်း သို့ လိင်အင်္ဂါတဝိုက်ရှိကင်ဆာရောဂါအတွက် ဆေးသွင်းကုသခြင်း သို့ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ကြောင့်လည်း testosterone ကျဆင်းစေနိုင်သည်။

ပစ်ကျုထရီဂလင်း(ဦးနှောက်ထဲရှိ ဟော်မုန်းထုတ်တဲ့ အကျိတ်)ရောဂါရခြင်း ၊ စတီးရွိုက်ဆေးများသောက်နေခြင်းတို့ကလည်း testosterone ပမာဏကျဆင်းစေနိုင်တယ်။

Testosterone ကျဆင်းခြင်းက သင့်လိင်မှုကိစ္စကို ဘယ်လိုသက်ရောက်မှုရှိလဲ။

Testosterone ကျဆင်းခြင်းက သင့်လိင်မှုကိစ္စကို အလွန်သက်ရောက်မှုရှိစေနိုင်တယ်။ testosterone ကျဆင်းခြင်းဟာ သင့်လိင်တံထောင်မတ်မှု နှင့် အချိန်ကြာကြာထိန်းထားနိုင်မှုကို အနှောက်အယှက်ဖြစ်စေနိုင်တယ်။

အစပိုင်းတွင် လိင်တံထောင်မတ်မှုအားနည်းခြင်းဖြစ်စေပြီး အချိန်ကြာလာသောအခါ လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်း၊ လိင်ဆက်ဆံတဲ့အချိန်နည်းလာခြင်းတို့ဖြစ်လာနိုင်တယ်။ ထိုသို့ဖြစ်လာလျှင် သင့်နှင့် သင့်အဖော်ကြားက ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်။

Testosterone ကျဆင်းမှုရဲ့တခြားသက်ရောက်မှုများ

Testosterone ကျဆင်းခြင်းဟာ သင့်လိင်မှုကိစ္စသာမက ကျန်းမာရေးကိုပါ သက်ရောက်မှုရှိနိုင်တယ်။ ဒါတွေက သတိထားသင့်တဲ့ testosterone ကျဆင်းခြင်းရဲ့ လက္ခဏာတွေဖြစ်တယ်…

  • ကိုယ်အလေးချိန်တက်ခြင်း
  • အားအင်ကုန်ခန်းခြင်း
  • ကြွက်သားတွေလျော့နည်းပြီး အဆီတွေ စုလာခြင်း
  • စိတ်ဓါတ်ကျခြင်း
  • စိတ်ဝင်စားမှုအားနည်းခြင်း

သတိထားရမယ့် ကျန်းမာရေးအခြေအနေ

Testosterone ကြာရှည်မရှိတဲ့အခါ ကိုယ်ခန္ဓါကို အလွန်ထိခိုက်စေနိုင်တယ်။ Testosterone အလွန်နည်းတဲ့အခါ အရိုးပွစေနိုင်တယ်။ အရိုးပွနေတဲ့လူတွေဟာ ဒဏ်ရာရလွယ်တယ်။ ဒါ့အပြင် Testosterone နည်းခြင်းဟာ နှလုံးရောဂါနှင့် တခြားရောဂါတွေပါ ဖြစ်လွယ်စေတယ်။

Testosterone နည်းတာကို ဘယ်လိုသိနိုင်မလဲ

အကယ်၍ သင်ဟာ လိင်တံထောင်မတ်ဖို့ခက်တဲ့ပြဿ နာ ကြုံတွေ့နေရလျှင် ဆရာဝန်နှင့် ပြသသင့်တယ်။ Testosterone ကျဆင်းတာကို သိဖို့အတွက် သွေးစစ်နိုင်တယ်။

Testosterone ဟာ တစ်နေ့ထဲမှာတင် အတက်အကျရှိတဲ့အတွက် ၁ကြိမ်ထပ်ပိုစစ်ဖို့လိုအပ်တယ်။ မနက်ပိုင်းမှာ သွေးစစ်ခြင်းဟာ testosterone ရဲ့ ပမာဏအမြင့်ဆုံးကို သိနိုင်တယ်။

Testosterone နည်းခြင်းအတွက် ကုသနည်းများ

Testosterone ကျဆင်းခြင်းကို ပြန်အစားထိုးပြီးကုသနိုင်တယ်။ များသောအားဖြင့် Testosteroneနည်းနေတဲ့ အမျိုးသားတွေဟာ testosterone ဂျယ်ကို သူတို့ရဲ့လက်မောင်း သို့ ပုခုံးမှာကပ်လေ့ရှိတယ်။ အသားထဲသို့လည်းဆေးထိုးနိုင်တယ်။ ကပ်ခွာသုံးပြီး သွေးထဲကို တဖြည်းဖြည်းစိမ့်ဝင်အောင် လုပ်နိုင်တယ်။

ဒါ့ပြင် အရေပြားအောက်တွင် ဆေးတောင့်သွင်းနိုင်တယ်။ Testosterone အစားထိုးကုသခြင်းမှာ သောက်ဆေးကို မညွှန်ကြားထားဘူး။ ဆီးကျိတ်ကင်ဆာသမားတွေမှာတော့ testosterone ကအကြိတ်ကို ကြီးစေနိုင်လို့ မသုံးသင့်ဘူး။

ဘယ်အချိန်မှာ ကုသမှုလိုအပ်သလဲ။

အသက် ၄၀ကျော် အမျိုးသားတစ်ယောက် testosterone ကျဆင်းနေပါက ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဒါ့ပြင် testosterone ကျဆင်းခြင်းရဲ့ မည်သည့်လက္ခဏာမဆို သတိပြုမိပါက အမြန်ဆုံး ဆရာဝန်နှင့် ပြသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Low Testosterone Dangerous to Your Health http://www.healthline.com/health/low-
testosterone/dangerous#Overview1 Accessed November 21, 2016Low Testosterone Dangerous to Your Health http://www.healthline.com/health/low-
testosterone/dangerous#Overview1 Accessed November 21, 2016Low Testosterone Dangerous to Your Health http://www.healthline.com/health/low-
testosterone/dangerous#Overview1 Accessed November 21, 2016Low Testosterone Dangerous to Your Health http://www.healthline.com/health/low-
testosterone/dangerous#Overview1 Accessed November 21, 2016Low Testosterone Dangerous to Your Health http://www.healthline.com/health/low-
testosterone/dangerous#Overview1 Accessed November 21, 2016Low Testosterone Dangerous to Your Health http://www.healthline.com/health/low-
testosterone/dangerous#Overview1 Accessed November 21, 2016

ယခုပုံစံ

28/01/2022

Phyo Wai Yan မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့



Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement