အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အမျိုးသားတွေဟာ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေတဲ့တိုင်အောင် ဆရာဝန်နဲ့ သွားရောက်ပြသခြင်းမရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုများ မပြုလုပ်ခြင်း၊ အချို့သော ကျန်းမာရေးလက္ခဏာများကို လျစ်လျူရှုခြင်း၊ လိုအပ်သည့်အခါမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လက်တွန့်ခြင်းကြောင့် မလိုအပ်ဘဲ ရောဂါဒဏ်ကို ပိုခံရတဲ့အပြင် အသက်ဆုံးရှုံးမှုလည်း ပိုဖြစ်နိုင်ပါတယ်။