backup og meta

ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

    ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ကဲ …… ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ရာသီမလာခင်ကာလမှာ ဝမ်းချုပ်တတ်လား။

    ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။

    ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာ estrogen နဲ့ progesterone ဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။

    ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone ဟော်မုန်း များရခြင်းက လေဒီတွေကို ရာသီ အကြို ကာလမှာ ဝမ်းချုပ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပါ။

    ဒီ ဝမ်းချုပ်တာက သားဥကြွေပြီးချိန်ကနေ နောက်ထပ် ရက်အနည်းငယ်အထိ ကြာမြင့်နိုင် ပါတယ်။

    ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

    ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတော့

    အမျှင်ဓာတ် ကြွယ်ဝတာကို စားသုံးပါ

    အမျှင်ဓာတ်က ဝမ်းမှန်စေဖို့နဲ့ ဝမ်းပျော့ပျော့သွားစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ရာသီလာချိန်မှာ ဖြစ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့် အစာခြေစနစ် အပေါ် သက်ရောက်မှုကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေပါတယ်။

    ဒါကြောင့် စားသုံးတဲ့ အစားအစာတွေထဲမှာ

    ရေများများ သောက်ပါ 

    ဝမ်းမှန်စေဖို့ နဲ့ ဝမ်းပျော့ပျော့ သွားစေဖို့ ရေများများ သောက်ဖို့ လိုပါမယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၈ ခွက် ပုံမှန် သောက်ပေးပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်း လုပ်ပေးတာက အူတွေကို လှုပ်ရှားစေဖို့ လှုံ့ဆော်ပေးပါတယ်။ အစာကြေစေဖို့ရော ဝမ်းမှန်စေဖို့ပါ ကူညီပေးတာပါ။ ဒါကြောင့် တခြားအချိန်တွေ လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ရာသီလာခါနီး ရက်တွေမှာ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။

    ဝမ်းသွားချင်တဲ့အခါ အိမ်သာကို ချက်ချင်းသွားပါ

    ဝမ်းသွားချင်တယ်၊ လို့ ခံစားမိပြီ ဆိုတာနဲ့  အိမ်သာကို ချက်ချင်း သွားပါ။ ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ ခံစားရမှုတွေက တိုက်ရိုက် သက်ရောက်မှု ရှိနေလို့ပါ။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်ထားလိုက်မယ် ဆိုရင် ဝမ်းချုပ်စေမှာ အသေအချာ ပါပဲ။

    ရေဓာတ် ခမ်းခြောက်စေတဲ့ အရာတွေကို ရှောင်ပါ

    ကော်ဖီလက်ဖက်ရည်၊ အယ်လ်ကိုဟောတို့လိုမျိုး အရာတွေက ဆီးခဏခဏ သွားစေတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် နည်းစေပါတယ်။ ဒီလို ရေဓာတ် နည်းပါးမှုက ဝမ်းချုပ်စေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် ရေဓာတ် ဆုံးရှုံးစေတဲ့အရာတွေကို ရှောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement