အမျိုးသားတို့ရဲ့ လိင်စိတ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 27, 2020 . 3 mins read
Share now

အမျိုးသားတွေရဲ့လိင်စိတ်အပေါ်လူအများခံယူထားတဲ့ထင်မြင်ယူဆချက်တွေကဘယ်လိုရှိမလဲ။

အမျိုးသားတွေဟာ လိင်မှုရေးရာကိစ္စတွေနဲ့ ပတ်သက်လာရင် လွန်ကဲစွာ စွဲလမ်းနှစ်ခြိုက် တတ်ကြပြီး လိင်စိတ်လွန်ကဲတတ်ကြတယ်လို့ လူအတော်များများက ထင်ထားကြပါတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့၊ တီဗီအစီအစဉ်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ဝင်ခန်းတွေမှာ အမျိုးသားတွေရဲ့ လိင်စိတ်လွန်ကဲမှုကို ဖော်ပြထားတတ်ကြပါတယ်။ အမျိုးသမီးတွေကိုကျတော့ စိတ်ကူးယဉ်ဆန်ပြီး အချစ်တစ်ခုတည်းကိုသာ တပ်မက်ကြသလို ရိုက်ကူးထားတာကိုတွေ့နိုင်ပါတယ်။

ဒါဟာ မှန်သလား။ မှားသလား။ အမျိုးသားတွေရဲ့ လိင်စိတ်လွန်ကဲမှုအပေါ် ဖော်ပြယူဆထားကြတာဟာ အမှန်တရားလား။ ကဲ အောက်မှာ ထင်မြင်ယူဆချက်အချို့ကို ဖြေရှင်းချက်တွေနဲ့တကွ ကြည့်လိုက်ကြရ အောင်။

(၁)     အမျိုးသားတွေဟာ အချိန်ပြည့်လိင်ကိစ္စကိုတွေးတောနေတတ်တယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်က လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက် အရ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်ဟာ တစ်နေ့မှာ လိင်မှုကိစ္စအကြောင်းကို ၁၉ ကြိမ်လောက် တွေးတောပါသတဲ့။ အမျိုးသမီးတစ်ယောက်ဟာတော့ လိင်ဆက်ဆံမှုအကြောင်းကို ၁၀ ကြိမ်လောက် တွေးတောတယ်လို့ ဆိုထားပါတယ်။ သို့သော် အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ တွေးတောမှုအကြောင်းဖွင့်ဟပြောကြားရာမှာ အမျိုးသမီးတွေထက် သက်သောင့်သက်သာပိုရှိပြီး မရှက်မကြောက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၂)     အမျိုးသားတွေဟာ အမျိုးသမီးတွေထက် တစ်ကိုယ်ရည်အာသာဖြေခြင်း (Masturbation) ကိုပိုလုပ်တတ်တယ်။

၂၀၀၉ ခုနှစ်တုန်းက တရုတ်ပြည်နယ်မှာ Masturbation နဲ့ပတ်သက်တဲ့ သုတေသနတစ်ခုကို လူငယ်အယောက် ၆၀၀ နဲ့ ပြုလုပ်ခဲ့ပါတယ်။ ၄၈.၈ ရာခိုင်နှုန်းသော မိန်းကလေးတွေနဲ့ ၆၈.၇ ရာခိုင်နှုန်းသော ယောက်ျားလေးတွေဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းကို ပြုလုပ်ကြပါသတဲ့။ ဒီသုတေသနကို ခြုံငုံလေ့လာလိုက်တဲ့ အခါမှာတော့ အရွယ်ရောက်ပြီးသူများဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းအပေါ် မကောင်းဘူးလို့ ယူဆထားကြပါတယ်။ ရှက်စရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပုံပါပဲ။ အထူးသဖြင့်အမျိုးသမီးတွေပါ။

(၃)     အမျိုးသားတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ၂ မိနစ်မှ ၇ မိနစ်အထိ ကြာမြင့်ပါ တယ်။

လိင်စိတ်တစ်ခုပြီးမြောက်ဖို့အတွက် (Orgasm ရဖို့ရန်အတွက်) အဆင့်လေးဆင့်ကို ကျော်ဖြတ်ရ ပါတယ်။

  • (၁) excitement (စိတ်လှုပ်ရှားနေချိန်)
  • (၂) plateau (ဇာတ်ရှိန်တက်နေချိန်)
  • (၃) orgasm (အထွဋ်အထိပ်ရောက်ခြင်း/လိင်စိတ်ပြီးမြောက်ခြင်း)နဲ့
  • (၄) resolution (အခြားခံစားချက်တစ်ခုသို့ ကူးပြောင်းသွားခြင်း)တို့ ဖြစ်ပါတယ်။

အမျိုးသားရော၊ အမျိုးသမီးရောမှာ ဒီလေးဆင့်လုံးဖြတ်သန်းရမှာပါ။ လိင်မှုကိစ္စတစ်ခုရဲ့ ကြာမြင့်ချိန်ကို သတ်မှတ်ဖို့က ခက်ခဲပါတယ်။ စိတ်လှုပ်ရှားပြီး အရှိန်တက်နေတဲ့ ပထမအဆင့်နှစ်ခုဟာ မိနစ်ပိုင်းများစွာကနေ နာရီပေါင်းများစွာထိကြာနိုင်ပါတယ်။ လူတစ်ဦးနှင့် တစ်ဦး လုံးဝမတူပါဘူး။

(၄)     အမျိုးသားတွေဟာ ဘာအနှောင်အဖွဲ့မှမပါတဲ့ လိင်ဆက်ဆံမှုကို အမျိုးသမီးတွေထက် ပိုလုပ်ကြပါတယ်။

နိုက်ကလပ်တွေ၊ ဘားတွေမှာ သဘောကျနှစ်ခြိုက်တဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ညတစ်ညကို အတူတူပျော်ရွှင်ရင်ခုန်စွာ ဖြတ်သန်းတဲ့ လိင်မှုကိစ္စကို ဆိုလိုတာပါ။ ဟုတ်ပါတယ်။ အမျိုးသားတွေဟာ (non-string attached) ဆိုတဲ့ ဘာအနှောင်အဖွဲ့မှမပါတဲ့ (one night stand) တစ်ညတာကုန်ဆုံးခြင်းမျိုးကို ပိုမိုပြုလုပ်တတ်ကြပါတယ်။ အမျိုးသမီးတွေရော မလုပ်ကြဘူးလား။ မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ စိတ်ချလုံခြုံရတဲ့အခြေအနေမျိုးတွေမှာဆိုရင်၊ မိမိစိတ်ကို လုံခြုံပြီး ဘာအန္တရာယ်၊ ဘာအကျိုးဆက်မှ မရှိနိုင်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ လက်ခံကြပါတယ်။ ဒါဟာလူမှုပတ်ဝန်းကျင်က ထင်မြင်ယူဆချက်တွေနဲ့ အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စအပေါ် သတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုစိတ်သဘောထားအပေါ်မှာ အတော်လေးလွှမ်းမိုးထားပုံရပါတယ်။ အန္တရာယ်ကင်းပြီး ဖောက်ပြန်ခြင်းမဟုတ်တဲ့ လိင်မှုကိစ္စများဟာ အဆင်ပြေပါတယ်။ မိမိရဲ့ လိင်စိတ်ကို ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေနဲ့ မထိန်းချုပ်ထားသင့်ပါဘူး။

(၅)     လိင်တူအမျိုးသား (Gay) တွေဟာ အမျိုးသမီးအချင်းချင်းစိတ်ဝင်စားသူ (Lesbian) တွေထက် လိင်ဆက်ဆံမှုအကြိမ်ရေပိုများကြပါတယ်။

ဒီထင်မြင်ယူဆချက်ကို မှန်သလား မှားသလား ပြောရတာဟာ ခက်လှပါတယ်။ လိင်တူအမျိုးသား၊ အမျိုးသမီးတွေနဲ့ သာမာန်ချစ်သူစုံတွဲတွေ ဒါမှမဟုတ်  ဘယ်လိုပါတနာတွေဖြစ်စေ လိင်ဆက်ဆံမှု အတွေ့အကြုံမျိုးစုံ ရှိနိုင်ပါတယ်။ သာမန်အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးနဲ့လိင်ဆက်ဆံဖို့ အခက်အခဲ အနည်းငယ်ရှိနိုင်ပေမဲ့ လိင်တူအမျိုးသားစုံတွဲကတော့ အခက်အခဲမရှိတာမျိုလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲကိစ္စတွေလည်း ပိုရှင်းပါတယ်၊ ဥပမာ ကိုယ်ဝန်ရှိသွားနိုင်ခြင်း။ ထို့အတူပဲ လိင်တူအမျိုးသမီး (Lesbian) စုံတွဲတွေမှာလည်း သူတို့ရဲ့ လိင်ဆက်ဆံမှုပုံစံဟာ တစ်ခြားစုံတွဲတွေထက် ကွဲပြားခြားနားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ဟာ သတ်မှတ်ဖို့ရန်ခက်ခဲပါတယ်။

(၆)     အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို စိတ်ဝင်စားမှု နည်းပါးကြပါတယ်။

ချစ်သူအပေါ် စိတ်လှုပ်ရှားရင်ခုန်ခြင်းဟာ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ ရှိနိုင်တာမို့ ဒီအချက်က မှားနိုင်ပါတယ်။ သို့သော်လည်း အမျိုးသားတို့ရဲ့ ထုံးစံအတိုင်း နုရွတဲ့အရာမျိုးကို သိပ်စိတ်မဝင်စားကြဘဲ ပြတ်ပြတ်သားသားနဲ့ အလုပ်တစ်ခုကိုပြုလုပ်တတ်ကြတာမို့ ဒီအချက်က မှန်တယ်လို့လည်း ပြောလို့ရနိုင်ပါသေးတယ်။

လိင်စိတ်နဲ့ ဦးနှောက်

လိင်စိတ်ကို ဘယ်လိုကိရိယာ၊ ဘယ်လိုနည်းပညာနဲ့မှ တိုင်းတာလို့မရပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ အစိတ်အပိုင်းအချို့ဟာ လိင်မှုကိစ္စတစ်ခုကို တွေးတောလိုက်တာနဲ့ စိတ်ကြည်နူးခြင်း၊ စိတ်ပျော်ရွှင်တက်ကြွခြင်းတွေနဲ့ တကွ လိင်စိတ်ကိုနိုးထစေပါတယ်။ ဒီအခါ အမျိုးသားတို့ရဲ့ လိင်အင်္ဂါဟာ ထောင်မတ် လာရပါတယ်။ လိင်စိတ်ကြွစေတဲ့ ပုံတွေကိုကြည့်ရှုတဲ့အခါ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လိင်စိတ်နိုးကြားခြင်း ပိုများတယ်လို့လည်း ဆိုထားပါတယ်။

Testosterone ဆိုတဲ့ ကျား ဟော်မုန်းရှိခြင်းကြောင့် လိင်စိတ်ဖြစ်ရခြင်းပါ။ ကျားဟော်မုန်းပမာဏ ဟာ မနက်မှာအမြင့်ဆုံးဖြစ်ပြီး၊ ညအခါမှာ ကျဆင်းပါတယ်။ အမျိုးသားတွေရဲ့ ဆယ်ကျော်သက် အချိန်မှာ ကျားဟော်မုန်းပမာဏဟာ အများဆုံးဖြစ်ပြီး ဒီထက်အသက်ကြီးလာတာနဲ့အမျှ တဖြည်း ဖြည်းကျဆင်းလာပါတယ်။

အမျိုးသားတွေမှာ လိင်စိတ်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်သလို တစ်ချိန်နဲ့တစ်ချိန်လည်း မတူညီနိုင်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံခြင်းဟာ ကျန်မာရေးအကျိုးကျေးဇူးတွေရှိနေပါတယ်။ အထက်ပါ အကြောင်းအရာတွေအရ အမျိုးသားတွေရဲ့ လိင်စိတ်ဟာ အမျိုးသမီးတွေထက် ပိုမြင့်မားတယ်လို့ တထစ်ချမဆိုလိုနိုင်ပါဘူး။ ဒါပေမဲ့ ရာခိုင်နှုန်းတစ်ခုအထိ ရောင်ပြန်ဟပ်နေတာဖြစ်လို့ အမျိုးသားတွေရဲ့ လိင်စိတ် (Male Sexual Drive) အကြောင်းကို ယခုလို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတို့အတွက် နည်းလမ်းကောင်းများနဲ့ ကွန်ဒုံးအသုံးပြုနည်းတွေကဘာတွေများလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

လူတွေက ဆေးစွဲတယ်ပြောလိုက်ရင် အမျိုးသားတွေကိုပဲ မြင်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသမီးလေးတွေလည်း ဆေးစွဲနိုင်ပါတယ်။ ဆေးစွဲတာကို ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဓာတ်ကျနေသလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်။ ဗိုက်ပူတာက အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ မသိဘဲ လုပ်မိတဲ့ အလေ့အထကြောင့်လည်း ပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 2 mins read
ကလေးများရဲ့ ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်စေဖို့

ကလေးများရဲ့ ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ဘေဘီလေးနဲ့ နေကြာစေ့

ဘေဘီလေးနဲ့ နေကြာစေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read