ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့က လိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပါယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှ ဝှေးစေ့ က အောက်ကို ပြုတ်ကျလာပါတယ်။ အဲ့လိုပြုတ်မကျဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle – ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်နေခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။ သူ့ဘာသာ ဝှေးစေ့ကပြန်ကျလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာတဲ့ အခြေအနေမှာတော့ ခွဲစိတ်မှု လိုအပ်ပါတယ်။