• ခြေသလုံး တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုပေမယ့် ရံဖန်ရံခါ သွေးကြောထုံးတွေက ကပ္ပာယ်အိတ်အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။
• အဓိက လက္ခဏာတွေကတော့ ဘယ်ဘက်ဝှေးစေ့မှာ အမြဲရှိတတ်ပြီး နာကျင်မှု မရှိပါဘူး။ တီကောင်လို တွန့်လိမ်လိမ်သွေးကြောထုံးတွေကို ကပ္ပာအိတ်မှာမြင်ရတတ်ပြီး မတ်တပ်ရပ်လိုက်ရင် ပိုသိသာပါတယ်။ ကြီးနေတဲ့ သွေးကြောထုံးကြီးတွေက သုက်လွှတ်ပြွန်ကို သွားပိတ်မိတတ်တာကြောင့် ကလေးရနိုင်ချေကို ထိခိုက်နိုင်ပါတယ်။
• နာမည်ကြီးကုသမှု တစ်ခုကတော့ embolization လို့ခေါ်ပြီး အပြားလေးတစ်ပြားကို သွေးကြောထဲထည့်ကာ ကြီးနေတဲ့ သွေးကြောကို ပိတ်လိုက်တဲ့ နည်းဖြစ်ပါတယ်။
ဒါတွေကတော့ ကင်ဆာမဟုတ်တဲ့ဝှေးစေ့မှာ ဖြစ်နိုင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မနာဘူးပြောပြော ကိုယ့်ကပ္ပာယ်အိတ်တွေက ပုံမှန်မဟုတ်တော့ရင် ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သေချာသိရအောင် ဆရာဝန်ဆီအမြန်ဆုံး သွားပြဖို့ မမေ့နဲ့နော် ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။