ကာကွယ်ဆေးတွေကရော Delta မျိုးစိတ်ကို ကာကွယ်ပေးနိုင်ပါ့မလား…………
သုတေသန ရလဒ်တွေအရတော့ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားတဲ့သူတွေဟာ Delta မျိုးစိတ်ကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေးက ရောဂါ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးသလို အထိရောက်ဆုံး ကာကွယ်မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
အမေရိကန်မှာတော့ Pfizer ဒါမှမဟုတ် Moderna ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ထိုးနှံ ပြီးတဲ့သူတွေနဲ့ Johnson & Johnson’s ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူတွေမှာ ဒီ Delta မျိုးစိတ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တယ်လို့ သုတေသနရလဒ်တွေအရ သိရပါတယ်။
ကာကွယ်ဆေး ထိုးပြီးရင်လည်း ကာကွယ်မှု နည်းလမ်းတွေဖြစ်ကြတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ ခပ်ခွာခွာ နေထိုင်တာတွေကို လိုက်နာဆောင်ရွက်တာက အကောင်းဆုံးပါ။ ကာကွယ်ဆေး ထိုးနှံထားသူတွေမှာ Delta ပိုး ကူးစက်ခံခဲ့ရရင်တောင်မှ ရောဂါပြင်းထန်တာမျိုး ဖြစ်ခဲပါတယ်။
ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးဖို့ အကောင်းဆုံးလဲ………
ကာကွယ်ဆေးကတော့ မြန်နိုင်သမျှ မြန်မြန် ထိုးနှံတာက အကောင်းဆုံးပါ။ လက်ရှိမှာ ကူးစက်နှုန်းက အရမ်း မြင့်တက်နေတာကြောင့် စိတ်ချရတဲ့ ကာကွယ်ဆေးကို မြန်နိုင်သမျှ မြန်မြန် ထိုးလိုက်တာကတော့ အကောင်းဆုံးပါ။
ကာကွယ်ဆေး မထိုးနှံနိုင်သေးခင်မှာတော့ အာဟာရပြည့်ဝအောင် စားသုံးတာ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာ နေထိုင်တာ၊ မကြာခဏ လက်ဆေးတာ၊ အိပ်ရေးဝဝ အိပ်တာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးပြီး ကိုဗစ်ကို အကောင်းဆုံး ကာကွယ်ပါ။
Delta Plus မျိုးစိတ်က ဘာလဲ………..
Delta Plus မျိုးစိတ်ကို B.1.617.2.1 (သို့မဟုတ်) AY.1 လို့ ခေါ်ပါတယ်။ Delta မျိုးစိတ်ရဲ့ မျိုးစိတ်ကွဲတစ်မျိုးဖြစ်နိုင်ပါတယ်။ အဆုတ်ဆဲလ်တွေကို ပိုမိုတိုက်ခိုက်နိုင်စေဖို့နဲ့ ကာကွယ်ဆေးဒဏ်ကို ခံနိုင်စေဖို့ မျိုးဗီဇ ပြောင်းလဲထားတာ ဖြစ်နိုင်ပါတယ်။
ဒီမျိုးစိတ်ကို အိန္ဒိယမှာ စတင်တွေ့ရှိတာဖြစ်ပြီး လက်ရှိ ယူကေနဲ့ အမေရိကန်မှာလည်း တွေ့ရှိနေပြီဖြစ်ပါတယ်။ ဒီနိုင်ငံတွေအပြင် အချို့နိုင်ငံတွေမှာလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။