တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ Monkeypox မျိုးစိတ်သစ် A.2 Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Ebola Virus (အီဘိုလာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်အီဘိုလာရောဂါဆိုတာ ဘာလဲ။ အီဘိုလာရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါအပြင်းစားတစ်မျိုးဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်အမျိုးအစားငါးမျိုးရှိပြီးဒီအထဲကလေးမျိုးကလူကိုကူးစက်နိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ခန္ဓါကိုယ်ထဲဝင်လာတဲ့အခါခုခံအားစနစ်နဲ့တခြားသောအင်္ဂါအစိတ်အပိုင်းတွေကိုဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးခဲအောင်လုပ်ပေးနိုင်တဲ့ဆဲလ်တွေပျက်စီးနည်းပါးသွားတာမို့ ပြင်းထန်ဆိုးရွားတဲ့သွေးယိုစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်မှုနှုန်း မြင့်မားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာအသက်ဆုံးရှုံးခဲ့ရတာမို့သင့်မှာအီဘိုလာရဲ့ရောဂါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ဆေးကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ အီဘိုလာရောဂါ ကအဖြစ်များသလား။ အီဘိုလာဟာ ရှားပါးဖြစ်ခဲတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်လိုက်ရင်လည်း အင်မတန် ပြင်းထန်ပါတယ်။ အများအားဖြင့် အာဖရိကတိုက်မှာ ဖြစ်လေ့ရှိပေမယ့် တခြားနေရာတွေမှာလည်း တွေ့ရှိစ ပြုလာပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အာဖရိကတိုက်မှာ အီဘိုလာရောဂါကပ်အသွင် ဖြစ်သွားခဲ့ပါသေးတယ်။ သင့်အနေနဲ့အာဖရိကတိုက်ဖက်ကို ခရီးသွားစရာရှိမယ်ဆိုရင် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ ကျားမမရွေးအသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လက္ခဏာများအီဘိုလာရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အီဘိုလာ ဒါမှမဟုတ် Marburg ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ အလျင်အမြန်စတင်ထွက်ပေါ်လာပါတယ်။ ကနဦးရောဂါလက္ခဏာတွေက • အဖျားတက်ခြင်း • ခေါင်းအရမ်းကိုက်ခြင်း • […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Yellow Fever (ခြင်မှတစ်ဆင့် ကူးစက်သော အပူပိုင်းဒေသ ရောဂါတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Yellow Fever ဆိုတာဘာလဲ။ Yellow fever ဆိုသည်မှာ ခြင်မှတစ်ဆင့် ကူးစက်သော အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ပြီး သေသည် အထိဖြစ်စေနိုင်သော အပူပိုင်းဒေသ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ Yellow fever ဗိုင်းရပ်စ် ကို တောင်အမေရိကနဲ့ အာဖရိကဒေသရှိ အပူပိုင်းဒေသတွေမှာ တွေ့ရှိပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ခြင်ဟာ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သည်။ Yellow fever ရောဂါရှိမရှိ စစ်ဆေးရာတွင် ခံစားနေရသော ရောဂါလက္ခဏာ၊ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု၊ ဓါတ်ခွဲစစ်ဆေးခြင်း များနဲ့ ခရီးသွားခဲ့သောမှတ်တမ်းများ ပေါ် အခြေခံပါတယ်။Yellow fever အတွက်သီးသန့် ကုထုံးမရှိသေးပါဘူး။ ရောဂါလက္ခဏာအပေါ်မှာပဲမူတည်ပြီး ဂရုစိုက်ကုသကြရပါတယ်။ Yellow fever ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေမှာ ခြင်မကိုက်စေရန် လိမ်းဆေး၊ဖြန်းဆေးများ အသုံးပြုခြင်း၊ အဝတ်များကို လုံလုံခြုံခြုံဝတ်စားခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ပဲဖြစ်ပါတယ်။ လက္ခဏာများYellow […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

လက်ကို ဘယ်အချိန်မှာ ဘယ်လိုဆေးကြမလဲ

လက်ဆေးခြင်းလက်ဆေးခြင်းဟာ အအေးမိခြင်း၊ တုပ်တွေးနဲ့ အစာအဆိပ်သင့်တာတွေကို ကာကွယ်ဖို့ ရိုးစင်ပြီး ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ လက်ကိုဘယ်အချိန်မှာဆေးမလဲ။ရောဂါပိုးတွေ ဘက်တီးရီးယားတွေနဲ့ မထိတွေ့ခင်နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ လက်ဆေးတာကို နေ့စဉ်ပုံမှန် လုပ်ဆောင်နေကျ အရာတစ်ခုအဖြစ် လုပ်ဆောင်သင့်ပါတယ်။ ခြုံပြောရရင် အောက်ပါအချက်တွေကြောင့် လက်ဆေးသင့်ပါတယ်။ • တုပ်ကွေးနဲ့ အအေးမိခြင်းတွေ ဖြစ်ပွားလေ့ရှိတဲ့ အချိန်မှာ လက်ဆေးခြင်းဟာ သင့်ကို အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။ • အစာမပြင်ဆင်မီ၊ ပြင်ဆင်နေစဉ်နဲ့ ပြင်ဆင်ပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကိုအစာအဆိပ်သင့်ရောဂါ ပြန့်ပွားစေတဲ့ ဘက်တီးရီးယားကူးစက်နိုင်ခြေကနေ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ဥတွေနဲ့ ပင်လယ်စာ အစိမ်းတွေကို မကိုင်တွယ်စဉ်နဲ့ ကိုင်ကွယ်ပြီးချိန်မှာ လက်ကို သေချာဆေးကြောသင့်ပါတယ်။ • အိမ်သာဝင်ပြီးချိန် (သို့) ကလေးအနှီး လဲပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကို ကူးစက်ရောဂါတွေ ဖြစ်တဲ့ salmonella ရောဂါနဲ့ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ။

မုတ်သုံရာသီ နီးကပ်လာတာနဲ့အမျှ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ပါလာတာကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဖျားနာရောဂါပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် အဖြစ်များတဲ့ တခြားရောဂါတွေကတော့ ငှက်ဖျားရောဂါ၊ လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြပါတယ်။ ဒီတော့ မိုးရာသီ မှာ ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ၊၊ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ။ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို အခုလို ကာကွယ်ကြမယ်။ (၁) သောက်သုံးရေကို သန့်ရှင်းအောင် ဂရုစိုက်ပါ၊၊ မိုးရာသီမှာ ရေအရင်းအမြစ်တွေက ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေကတဆင့် အသည်းရောင်အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်၊၊ ရေကနေတဆင့် ရောဂါတွေ မကူးစေဖို့ ရေကို ကျိုချက်သောက်တာ၊ သောက်ရေသန့်သောက်တာ၊ ရေသန့်ဆေးပြားထည့်ပြီး သန့်စင်တာတွေ လုပ်နိုင်ပါတယ်၊၊ (၂) လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ၊၊ ဘက်တီးရီးယားပိုးရောဂါများမှ […]

ကူးစက်ရောဂါများ

Chickenpox (ရေကျောက် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chickenpox (ရေကျောက် ရောဂါ) ကဘာလဲ။ ရေကျောက်ဆိုသည်မှာ မျက်နှာ နှင့်ခန္ဓါပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်၍ varicella zoster ဗိုင်းရပ်စ် ကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်သည်။ ရေကျောက်ခုခံအားမရထားသူ (မပေါက်ဘူးသူ)နှင့် ရေကျောက် ကာကွယ်ဆေးမထိုးထားသူတို့တွင်ပို၍ကူးစက်နိုင်သည်။ ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက်ဖြစ်စေတတ်သလိုပင် လူကြီးများတွင်လည်း ရေယုန်ဟူ၍ဖြစ်စေတတ်သေးသည်။ လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်များသည် အလွန်နာကျင်တတ်ကာ ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်နိုင်ပါသည်။ Chickenpox (ရေကျောက် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ရေကျောက်သည် အသက်အရွယ်အပိုင်းအခြားမရွေး ကူးစက်နိုင်သောရောဂါဖြစ်ကာ ၁၅ နှစ်အောက် အရွယ်များတွင် ပို၍ဖြစ်တတ်သည်။ ကလေးများ ၊ကိုယ်ဝန်ဆောင်မိခင်များ ၊သက်ကြီးရွယ်အိုများတွင်လည်း အဖြစ်များတတ်သည်။ ထိုကြောင့်ကာကွယ်ဆေးထိုးခြင်းဖြင့် ရေကျောက်ရောဂါ ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်သလို၊ ရေကျောက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါကြိုတင်ကာကွယ်နိုင်သည်။ လက္ခဏာများChickenpox (ရေကျောက် ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေကျောက်ဗိုင်းရပ်စ်သည်ကူးစက်ခံရပြီး ၇ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပေါ်တတ်သည်။ ရောဂါလက္ခဏာများမှာ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ချောင်းဆိုးခြင်း၊ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Oral Herpes (ပါးစပ်ရေယုန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oral Herpes (ပါးစပ်ရေယုန်) ကဘာလဲ။ ပါးစပ်တွင်ပေါက်သောရေယုန်ဆိုသည်မှာ ရေယုန်ဗိုင်း ရပ်စ်ကြောင့် ဖြစ်သော ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံး တွင် ရောဂါပိုးကူးစက်ခြင်း တစ်မျိုးဖြစ်သည်။ ရောဂါသည် ပါးစပ်နှင့် သွားဖုံးပတ်လည်တွင် အဖုများအဖြစ် စတင်ပေါ် လာသည်။ ထိုဗိုင်းရပ်စ်သည် ရေကျောက်၊ shingles, ပါးစပ် အနာများ နှင့် mononuclear leukemia တို့ကိုဖြစ်စေသော ဗိုင်းရပ်စ်နှင့် မျိုးနွယ်တူ ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် ထိတွေ့ မှုဖြင့် ကူးစက်ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများ၏ ၈၀ ရာ ခိုင်နှုန်းသည် ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကို ကူးစက်ခံ ရပါသည်။ ရေယုန်အမျိုးအစား ၂ သည် လိင်ဆက်ဆံရာမှ ကူးစက်ပါသည်။ Oral Herpes (ပါးစပ်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ ပါးစပ်တွင်ပေါက်သောရေယုန်သည် […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Tetanus (မေးခိုင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tetanus (မေးခိုင်ရောဂါ) ကဘာလဲ။ မေးခိုင်ရောဂါသည် Clostridium tetaniဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ပွားပါသည်။ ထိုဘတ်တီးရီးယားသည် ကမ္ဘာအနှံ့ရှိပြီးအဓိကအားဖြင့် မြေကြီးထဲတွင် တွေ့ရပါသည်။ ဘတ်တီးရီးယားသည် အာရုံကြောပျက်စီးမှု ကိုဖြစ်စေသောအဆိပ်အတောက်များကိုထုတ်လွှတ်ပါသည်။ အာရုံကြောများကထိန်းချုပ်ထားသော ကြွက်သားများသည် တောင့်တင်းလာပြီးထုံထိုင်းလာပါသည်။ လျင်မြန်စွာမကုသပါကအသက်ရှုမှုကို ပြုလုပ်ပေးသော ကြွက်သားများအလုပ် လုပ်ခြင်းရပ်ကာလူနာသေစေနိုင်ပါသည်။ မေးခိုင်ခြင်းအမျိုးအစားတွင် ခန္ဓါကိုယ်အနှံ့၊ တစ်နေရာတည်း နှင့် မွေးကင်းစဟူ၍ ရှိပါသည်။ မေးခိုင်ရောဂါသည် ကူးစက်ပျံ့နှံ့ခြင်းမရှိပါ။ ကာကွယ်ဆေးလည်းရှိပါသည်။   Tetanus (မေးခိုင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မေးခိုင်ရောဂါသည် အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် ကာကွယ်ဆေးမထိုးထားသောသူများတွင် ဖြစ်ပွားလေ့ရှိပါသည်။ ကလေးငယ်များ နှင့် လူငယ်များတွင် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ လက္ခဏာများTetanus (မေးခိုင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခန္ဓါကိုယ် မေးခိုင်ရောဂါသည် အဖြစ်အများဆုံးအမျိုးအစား ဖြစ်သည်။ ထိခိုက်မှု သို့မဟုတ် ရောဂါပိုးဝင်ပြီး ၇ရက် အတွင်းသင်၏ ကြွက်သားများသည် တင်းမာလာပြီးနာကျင် သောတက်ခြင်းတို့ဖြစ်နိုင်ပါသည်။ […]

ကူးစက်ရောဂါများ

Rubella (ဂျိုက်သိုး ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rubella (ဂျိုက်သိုး ရောဂါ) ကဘာလဲ။ ဂျာမန်ဝက်သက် သို့မဟုတ် သုံးရက်ဝက်သက် ဟုလည်း ခေါ်သော ဂျိုက်သိုး ရောဂါသည် ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုး ဖြစ်ပြီး အနီရောင်အဖုအပိမ့်များ ထွက်စေပါသည်။ ဂျိုက်သိုး ရောဂါသည် ကလေးများတွင် အလွန်အဖြစ်များပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ကလေးများအားလုံးအား ဝက် သက်၊ ပါးချိတ်ရောင်ခြင်း၊ ဂျိုင်းသိုးရောဂါတို့အတွက် ကာကွယ်ဆေးများ သုံးရန် ညွှန်ကြားပြီးသောအခါ ဖြစ်ပွားမှု နည်းပါးသွားပါသည်။ ဂျိုက်သိုးရောဂါသည် အနီစက်များ ထွက်သော်လည်း ဝက်သက်ရောဂါ နှင့်မတူပါ။ ဂျိုက်သိုးရောဂါသည် ဝက်သက် ဖြစ်စေသော ဗိုင်းရပ်စ်နှင့် မတူသော အခြားဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ဝက်သက်ကဲ့သို့ မကူးစက်၊ မပြင်းထန်ပါ။ Rubella (ဂျိုက်သိုး ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းတွင် ဂျိုက်သိုးရောဂါဖြစ်နိုင်ပါသည်။ အရွယ် ရောက်ပြီးသူများရော ကလေးများတွင်ပါ ဖြစ်သော ဂျိုက်သိုး ရောဂါသည် […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy