backup og meta

1

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာ

နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာ

နေအိမ်လေး ကို သန့်သန့်ရှင်းရှင်းထားပါ။ ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။ နေအိမ်သန့်ရှင်းမှ နေအိမ်လေးထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်တွေ ကင်းစင်တော့မပေါ့။

နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ [သို့မဟုတ်] အင်းဆက်တွေ

နေအိမ်လေး မသန့်ရှင်းတဲ့အခါ နေအိမ်တွင်း နဲ့ နေအိမ် ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေက ဒုနဲ့ဒေးပါ။ အင်းဆက်တွေ ပေါ့။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ ရောဂါဆိုတဲ့ လက်ဆောင်ကြီးကို ပေးခဲ့မှာနော်။ သူတို့တွေကတော့

  • ခြင်
  • ယင်ကောင်
  • ပိုးဟပ်
  • ခြ
  • သန်း
  • ဂျပိုး
  • ပုရွက်ဆိတ်စတာတွေပေါ့။

မလိုချင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ……

နေအိမ်လေး အတွင်းမှာရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာတွေက ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

ခြင်

နေအိမ်တိုင်းက ခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်ဆိုရင် ခြင်ပေါက်ဖွားမှုကို နည်းနည်းတော့ လျော့စေနိုင်တာပေါ့။ ခြင်အရမ်းများတာကြောင့် ခြင်ကိုက်ခံရမှုကနေတဆင့်

ဘယ်လိုကာကွယ်မလဲ…..

  • နေအိမ်လေး ကို သန့်ရှင်းအောင်ထားပါ
  • ခြင်နိုင်ဆေးထွန်းပါ
  • လုံခြုံစွာဝတ်ဆင်ပါ။

ယင်ကောင်

ရောဂါပိုးတွေကို ခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေက အညစ်အကြေးတွေမှာ နားပြီး အစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါ အစားအစာတွေထဲမှာ ရောဂါပိုးတွေက အလိုလျောက် ပါပြီးသား ဖြစ်သွားရောပေါ့။ ဒီလို မသန့်ရှင်းတဲ့ အစားအစာတွေကို စားမိတဲ့အခါမှာ

ဘယ်လိုကာကွယ်မလဲ….

  • နေအိမ် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားမယ်
  • အစားအစာတွေကို ဖုံးအုပ်မယ်
  • ယင်ကောင်ကင်းစင်တဲ့ ပတ်ဝန်းကျင် တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်။

ပိုးဟပ်

ပူနွေးတဲ့နေရာတွေမှာ နေတတ်ကြတယ်။ မီးဖိုချောင်တွေ၊ နံရံအခေါင်းပေါက်ထဲမှာ အနေများကြပါတယ်။ ညမှောင်တဲ့အခါထွက်လာတတ်သလို အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း အချိန်မရွေးရှိနေနိုင်ပါတယ်။ အစားအစာတွေပေါ်၊ ပန်းကန်အိုးခွက်တွေမှာ ပိုးဟပ်တွေနားလိုက်မယ်၊ လျှောက်တက်မယ်ဆိုရင်

  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • ဝမ်းကိုက်တာ
  • အူရောင်ငန်းဖျားရောဂါ
  • အစာခြေစနစ်ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ…..

  • နေအိမ်ကိုသန့်ရှင်းအောင်ထားပါ
  • ပရုတ်ပြားတွေထားရှိပါ
  • အမှိုက်ပုံးတွေကိုသေချာထားရှိပါ
  • အစားအစာတွေကို ဖုံးအုပ်ထားပါ
  • စိုထိုင်းဆနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ပါ။

ခြ

ရုတ်တရက်ကြည့်လိုက်ရင် နေအိမ်ပရိဘောဂတွေကိုပဲ ထိခိုက်စေတာပါ။ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့နေအိမ်မှာခြတွေရှိနေမယ်ဆိုရင်

ဘယ်လိုကာကွယ်ကြမလဲ…..

  • နေအိမ်လေး ကိုသေချာလေးသန့်ရှင်းပါ
  • ခြအိမ်တွေတွေ့ရှိပြီဆိုရင် အင်းဆက်တိုက်ဖျက်တဲ့ဆေးတစ်မျိုးမျိုးဖြန်းပေးပါ။

ဂျပိုး

အိပ်ရာတွေ၊ အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ ရောဂါကို တိုက်ရိုက် ပေးတာမျိုး မဟုတ်ပေမယ့်ရောဂါဖြစ်လာစေတဲ့ အကြောင်းရင်းခံ တစ်ခုပေါ့။ နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင်

  • အရေပြား ဓာတ်မတည့်မှုတွေ ဖြစ်နိုင်တယ်
  • ဂျပိုး ကိုက်ခံရတဲ့ နေရာတွေကို ယားလို့ ကုတ်ရာကနေ အပေါ်ယံအရေပြားတွေ ပေါက်ပြဲပြီး ရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်။

ဘယ်လိုကာကွယ်မလဲ…..

  • နေအိမ်လေး ကို သပ်သပ်ရပ်ရပ်ထားပါ
  • အိပ်ရာခင်းတွေ၊စောင်တွေကို ပုံမှန်လျှော်ပါ
  • အခင်းတွေကို နေ ထုတ်လှန်းပါ
  • ဆိုဖာတွေကို ဖုန်စုပ်ပါ။

ကဲ…. နေအိမ်လေး ကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့် ပြောရတာလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ အခုကစပြီး နေအိမ်လေး ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရောဂါတွေကနေ ကာကွယ်လိုက်ပါ။ နေအိမ်လေး အတွင်းမှာ ရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Insect-borne Diseases https://familydoctor.org/condition/insect-borne-diseases/ Accessed Date 19 September 2022

Vector-borne diseases https://www.who.int/news-room/fact-sheets/detail/vector-borne-diseases Accessed Date 19 September 2022

Diseases Spread by Insects and Ticks https://www.healthychildren.org/English/health-issues/conditions/from-insects-animals/Pages/Diseases-Spread-by-Insects.aspx Accessed Date 19 September 2022

ယခုပုံစံ

19/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement