home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေကပေးတဲ့ ဝေဒနာ

နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေကပေးတဲ့ ဝေဒနာ

နေအိမ်လေးကို သန့်သန့်ရှင်းရှင်းထားပါ။ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။နေအိမ်သန့်ရှင်းမှာနေအိမ်လေးထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေ ကင်းစင်တော့မပေါ့။

နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ

နေအိမ်မသန့်ရှင်းတဲ့အခါနေအိမ်တွင်းနဲ့နေအိမ်ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေကဒုနဲ့ဒေးပါ။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ရောဂါဆိုတဲ့ လက်ဆောင်ကြီးကိုပေးခဲ့မှာနော်။

  • ခြင်
  • ယင်ကောင်
  • ပိုးဟပ်
  • ခြ
  • သန်း
  • ဂျပိုး
  • ကြွက်
  • ပုရွက်ဆိတ်စတာတွေပေါ့။

မလိုခင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ……

ခြင်

နေအိမ်တိုင်းကခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်ဆိုရင်ခြင်ပေါက်ဖွားမှုကို နည်းနည်းလေတာ့လျှော့စေနိုင်တာပေါ့။ခြင်အရမ်းများတာကြောင့်ခြင်ကိုက်ခံရမှုကနေတဆင့်

ဘယ်လိုကာကွယ်မလဲ…..

  • နေအိမ်ကိုသန့်ရှင်းအောင်ထားပါ
  • ခြင်နိုင်ဆေးထွန်းပါ
  • လုံခြုံစွာဝတ်ဆင်ပါ။

ယင်ကောင်

ရောဂါပိုးတွေကိုခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေက အညစ်အကြေးတွေမှာ နားပြီး အစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါ အစားအစာတွေထဲမှာရောဂါပိုးတေါက အလိုလျော်ပါပြီးသားဖြစ်သွားရောပေါ့။ ဒီလိုမသန့်ရှင်းတဲ့အစားအစာတွေကို စားမိတဲ့အခါမှာ

ဘယ်လိုကာကွယ်မလဲ….

  • နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်
  • အစားအစာတွေကို ဖုံးအုပ်မယ်
  • ယင်ကောင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်။

ပိုးဟပ်

ပူနွေးတဲ့နေရာတွေမှာနေတတ်ကြတယ်။ မီးဖိုချောင်တွေ။ နံရံအခေါင်းပေါက်ထဲမှာအနေများကြပါတယ်။ ညမှောင်တဲ့အခါထွက်လာတတ်သလို အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း အချိန်မရွေးရှိနေနိုင်ပါတယ်။ အစားအစာတွေပေါ်၊ ပန်းကန်အိုးခွက်တွေမှာ ပိုးဟပ်တွေနားလိုက်မယ်၊လျှောက်တက်မယ်ဆိုရင်

  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • ဝမ်းကိုက်တာ
  • အူရောင်ငန်းဖျားရောဂါ
  • အစာခြေစနစ်ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ…..

  • နေအိမ်ကိုသန့်ရှင်းအောင်ထားပါ
  • ပရုတ်ပြားတွေထားရှိပါ
  • အမှိုက်ပုံးတွေကိုသေချာထားရှိပါ
  • အစားအစာတွေကို ဖုံးအုပ်ထားပါ
  • စိုထိုင်းဆနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ပါ။

ခြ

ရုတ်တရက်ကြည့်လိုက်ရင်နေအိမ်ပရိဘောဂတွေကိုပဲ ထိခိုက်စေတာပါ။ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့နေအိမ်မှာခြတွေရှိနေမယ်ဆိုရင်

ဘယ်လိုကာကွယ်ကြမလဲ…..

  • အိမ်ကိုသေချာလေးသန့်ရှင်းပါ
  • ခြအိမ်တွေတွေ့ရှိပြီဆိုရင် အင်းဆက်တိုက်ဖျက်တဲ့ဆေးတစ်မျိုးမျိုးဖြန်းပေးပါ။

ဂျပိုး

အိပ်ရာတွေ၊ အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ရောဂါကို တိုက်ရိုက်ပေးတာမျိုးမဟုတ်ပေမယ့်ရောဂါဖြစ်လာစေတဲ့ အကြောင်းရင်းခံတစ်ခုပေါ့။နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင်

  • အရေပြားဓါတ်မတည့်မှုတွေဖြစ်နိုင်တယ်
  • ဂျပိုးကိုက်ခံရတဲ့နေရာတွေကို ယားလို့ ကုတ်ရာကနေ အပေါ်ယံအရေပြားတွေပေါက်ပြဲပြီးရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်။

ဘယ်လိုကာကွယ်မလဲ…..

  • နေအိမ်ကို သပ်သပ်ရပ်ရပ်ထားပါ
  • အိပ်ယာခင်တွေ၊စောင်တွေကို ပုံမှန်လျှော်ပါ
  • အခင်းတွေကိုနေထုတ်လှန်းပါ
  • ဆိုဖာတွေကို ဖုန်စုပ်ပါ။

ကြွက်

ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူတွေပေါ့။ စားကြွင်းစားကျန်တွေတင်စားတာမဟုတ်ဘဲရောဂါပိုးတွေကိုပါ အတင်းချန်ထားခဲ့သေးတာ။ အိမ်မှာ ကြွက်ပေါတာကြောင့်

ဘယ်လိုကာကွယ်မလဲ……..

  • နေအိမ်ကို သန့်ရှင်းသပ်ရပ်အောင်ထားပါ
  • စားကြွင်းစားကျန်တွေသေချာစွာစွန့်ပစ်ပါ
  • နေအိမ်ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်အောင်ထားပါ။

ကဲ….နေအိမ်လေးကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အခုကစပြီးနေအိမ်ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါရောဂါတွေကနေ ကာကွယ်လိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 24 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။