သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကိုဗစ်ကာလမှာ အမျိုးအစား(၂) ဆီးချိုခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုဂရုစိုက်မလဲ

    ခုလိုကိုဗစ်ကာလမှာ အစိုးရိမ်ဆုံးဖြစ်မယ့်ကိစ္စက ကိုယ်ချစ်ရတဲ့သူတွေ မိဘ ဘိုးဘွားတွေကို ကိုဗစ်ကူးစက်မှာကိုဟုတ်။ ဒီသောကက မိဘတွေ ဘိုးဘွားတွေကို ချစ်တဲ့သူတိုင်းမှာ ခံစားရလေ့ရှိတဲ့ သောကပါ။

    နဂိုကရောဂါအခံမရှိရင် တော်လေသေးတယ်။ ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေမှာ ဆီးချိုလိုမျိုး နာတာရှည် ရောဂါ တစ်ခုခု ခံစားနေရတယ်ဆိုရင် ဒီလို ကိုဗစ်ကာလမှာ ပူပန်မှုက ပုံမှန်ထက် ၂ ဆ မကပိုနေမှာပါ။ ဒီတော့ ကိုဗစ်ဖြစ်ပွားနေချိန်မှာ ဆီးချိုရောဂါ ခံစားနေရတဲ့ ချစ်ရတဲ့ မိဘဘိုးဘွားတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ကိုဗစ် ဘယ်လောက်အထိ ပြင်းထန်လဲ။

    ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရတဲ့ ကိုဗစ်က ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာ အထွေအထူးမရှင်းပြရင်တောင် အားလုံး သိရှိပြီးဖြစ်မှာပါ။ကိုဗစ်က ပုံမှန် ကျန်းမာနေသူကိုတောင် သေဆုံးသည်အထိ ဖြစ်စေနိုင်လောက်အောင် ပြင်းထန်ပါတယ်။

    ကိုဗစ်​ကြောင့် ထိခိုက်နိုင်ခြေ အများဆုံး အုပ်စုရယ်လို့ သတ်မှတ်ခံထားရသူတွေက ကလေးငယ်တွေ။ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေပါ။ ဒီတော့ ဆီးချိုဆိုတဲ့နာတာရှည်ရောဂါကိုလည်း ခံစားနေရတယ်။ အသက်အရွယ်အားဖြင့်လည်း ကြီးရင့်နေပြီဖြစ်တဲ့ မိဘဘိုးဘွားတွေအတွက် စိတ်ပူစရာပေါ့။

    ကိုဗစ်ကာမှာ ဆီးချိုရှိတဲ့ မိဘဘိုးဘွားတို့ကျန်းမာစေဖို့

    ကိုဗစ်က ရောဂါအခံရှိသူတွေမှာ ပိုဆိုးစေနိုင်တယ်ဆိုလို့ အိမ်က ဆီးချိုရှိနေတဲ့ မိဘဘိုးဘွားတွေအတွက် အရမ်းစိတ်ပူနေပြီလား။ ကိုဗစ်က ပြင်းထန်ပေမယ့် သေချာဂရုစိုက်မှုရှိမယ်ဆိုရင် ဆီးချိုရှိပေမယ့်လည်း ကိုဗစ်ကာလမှာ ကျန်းမာအောင်နေလို့ရပါတယ်။

    ဆေးပုံမှန်သောက်ပါ

    ကိုဗစ်ကာလမှာ ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုက နေ့စဉ်မှန်မှန် ဆီးချိုရောဂါကို ထိန်းသိမ်းဖို့အတွက် ဆရာဝန်ပေးထားတဲ့ ဆေးတွေကို အချိန်မှန်မှန်၊ ပမာဏ မှန်မှန်သောက်ဖို့ပါ။

    ဒါမှ ရုတ်တရက်သွေးချိုတက်တာ၊ သွေးချိုတွေတအားကျတာမျိုးမဖြစ်မှာပါ။ တကယ်လို့ သောက်ဆေးသောက်နေတာမဟုတ်ဘဲ ဆီးချိုအတွက်အထိရောက်ဆုံး ကုထုံးတစ်ရပ်လို့ သတ်မှတ်ရမယ့် အင်ဆူလင်ထိုးတဲ့ကုထုံးခံယူနေတာဆိုရင်လည်း အင်ဆူလင် မထိုးခင်မှာ သွေးချိုပမာဏကို အရင်စစ်ဆေးပြီး လိုအပ်မယ့် အင်ဆူလင်ပမာဏကို insulin pen မှာ သေချာလေးချိန်လို့ ထိုးပေးရပါမယ်။

    အင်ဆူလင်ထိုးတာက pen လေးတွေနဲ့ ရှိလာပြီဖြစ်တာကြောင့် အလုပ်မရှုပ်ဘဲဆီးချိုကို အထိရောက်ဆုံး ထိန်းချုပ်ပေးနိုင်မှာပါ။

    အာဟာရပြည့်ဝအောင်စားပါ

    ဒီကာလမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် အာဟာရပြည့်အောင် စားဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်နေ့စဉ် စားသုံးမှုမှာ ကစီဓာတ်ကိုလျှော့လို့ အသီးအရွက်များများ၊ အဆီမပါတဲ့ အသား၊ အစေ့အဆန်၊ ပဲအမျိုးမျိုးစတာတွေကို စားပေးပါ။

    အချိုကဲတဲ့ အစားအစားတေါ၊ အငန်ကဲတဲ့အစားအစာတွေ ပြုပြင်ထားတဲ့ အစားအစားတွေကိုရှောင်ရပါမယ်။ နောက်တစ်ချက်က နေ့စဉ် လုံလောက်တဲ့ ရေပမာဏ သောက်ဖို့ပါ။

    ရေလုံလောက်အောင်သောက်ပါ

    ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းပြီး ကျန်မာသန်စွမ်းနေစေဖို့အတွက် နေ့စဉ် အနည်းဆုံး ရေဖန်ခွက် ၈ ခွက်စာ သောက်သုံးဖို့ လိုပါမယ်။ အသက်ကြီးလာတာနဲ့အမျှ ရေသောက်နည်းလာတတ်ကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့ လက်လှမ်းမီနိုင်မယ့် အနီအနားမှာ ရေဗူးလေး ထားပေးဖို့ မမေ့ပါနဲ့။

    အိပ်ရေးဝပါစေ

    ကိုဗစ်ကာလမို့ သောကရောက်ပြီး အိပ်ပျော်ဖို့ ခက်ခဲတာက လူတိုင်းလိုလို ခံစားနေရတဲ့ ပြဿနာပါ။ ဒါပေမယ့် ကျန်းမာဖို့ဆိုရင် အိပ်စက်မှုက အရေးကြီးတာကြောင့် မေမေဖေဖေ ဘိုးဘိုးဘွားဘွားဘွားတို့ကို ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီ ရှိအောင်သေချာ ဂရုစိုက်ပါ။

    အိပ်ခန်းကို တိတ်ဆိတ်ပြီး အပူအအေးမျှတအောင်ထားပေးလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ဂရုစိုက်ပါ။

    လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းပါ

    လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေအနေနဲ့ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါ။

    လေ့ကျင့်ခန်းဆိုတဲ့နေရာမှာလည်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်တွေ မဟုတ်ဘဲ လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုး ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေကို ပုံမှန် လုပ်ဆောင်ရုံပါ။

    စိတ်ဖိစီးမှု ကင်းပါစေ

    စိတ်ဖိစီးမှု ကင်းတာကလည်း ဆီးချိုရှိသူတွေကို ကျန်းမာစေဖို့ အတော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတဲ့ မေမေဖေဖေ ဘိုးဘိုးဘွားဘွားတွေကို နေ့စဉ် မိသားစုတွေနဲ့ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပေးရင်း စိတ်ဖိစီးမှုတွေကို ပြေလျော့အောင်လုပ်ဆောင်ပေးပါ။ ယောဂလေ့ကျင့်တာမျိုး လုပ်ပေးရင်လည်း ရပါတယ်။

    လက်ဆေးပါ

    တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း၊ အစားမစားခင်နဲ့ အပြင်က ပြန်လာတိုင်းမှာ လက်ကိုရေနဲပဆပ်ပြာသုံးပြီး သေချာစွာ ဆေးကြောသန့်စင်မှု လုပ်ဖို့ သတိပေးပါ။ ဒီလိုလုပ်ဆောင်တာက ကိုဗစ်ကာကွယ်ရာရောက်သလို ကျန်းမာနေစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    အပြင်သွားရင် မတ်ခ်တပ်ပါ

    ဒီလိုကာလမှာ လူကြီမိဘတွေကို ဖြစ်နိုင်ရင် အပြင်ပေးမထွက်ပါနဲ့။ မဖြစ်မနေ အပြင်သွားစရာကိစ္စတွေ ပေါ်လာမယ်ဆိုရင်လည်း မတ်ခ်( ပါးစပ်နဲ့နှာခေါင်းစည်း)ကို သေချာစွာ ဝတ်ဆင်ခိုင်းပါ။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကိုသုံးပြီး ကိုဗစ်ကာလမှာ ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို ဆီးချိုကြောင့်ရော ကိုဗစ်ကြောင့်ပါ ထိခိုက်မှုမဖြစ်စေဖို့ အကောင်းဆုံး စောင့်ရှောက်ပေးလိုက်ရအောင်နော်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Diabetes and COVID-19: 5 tips to stay well during the pandemic https://utswmed.org/medblog/diabetes-covid-19-risks/ Accessed Date 7 January 2021

    Managing diabetes during the COVID-19 pandemic https://www.cebm.net/covid-19/managing-diabetes-during-the-covid-19-pandemic/ Accessed Date 7 January 2021

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 12/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: