backup og meta

လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား

    ထူးဆန်းစွာပဲ။ ဒီမေးခွန်းကို အမျိုးသားတွေထက် အမျိုးသမီးတွေက အမေးများတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူကောင်လေးက Gym မှာ လေ့ကျင့်ခန်းတွေ အရမ်းလုပ်လွန်းလို့၊ အလေးတွေ မလွန်းလို့ လိင်တံ အရွယ်အစား သေးသွားမလား၊ ယောက်ျားမပီသတော့ဘူးလား ဆိုပြီး စိုးရိမ်ပူပန်တတ်ကြတာပါ။

    အမျိုးသားတွေမှာလည်း လေ့ကျင့်ခန်းကြောင့် ငယ်ပါ အရွယ်အစား ပိုသေးသွားမလား၊ ကြီးလာနိုင်သေးလား ဆိုပြီး စိတ်မရှင်းဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒီနေ့မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ယောက်ျားပီသခြင်း အလွဲလေးတွေနဲ့ ပတ်သက်ပြီး စိတ်ရှင်းသွားရလေအောင် ပြောပြပေးချင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား

    လိင်တံ အရွယ်အစား သေးခြင်း၊ ကြီးခြင်းဟာ လေ့ကျင့်ခန်း လုပ်တာနဲ့ မသက်ဆိုင်ဘဲ ကိုယ့်အမျိုးသားရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံနဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ့်အမျိုးသားက လူပျိုဘဝထဲက ဆေးလိပ်၊ အရက်၊ ဘီယာတွေ အလွန်အကျွံသောက်မယ်၊ အဆီ၊ အကြော်အလှော်တွေ စားလွန်းတာကြောင့် ဘီယာဗိုက်ကြီးဖြစ်ပြီး ဝမ်းဗိုက်နဲ့ ခါးမှာ အဆီတွေ ဖုံးလာမယ်၊ ဒီလို နေထိုင်စားသောက်မှုပုံစံ မမှန်တာအပြင် မွေးရာပါ မျိုးရိုးဗီဇအလိုက် လိင်တံအရွယ်အစား ကြီးခြင်း၊ သေးခြင်း ကွာခြားသွားတာပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်လို့ လိင်တံအရွယ်အစား လုံးဝသေးမသွားနိုင်ပါဘူး။

    လေ့ကျင့်ခန်းကြောင့် လိင်မှုဘ၀ ဘယ်လိုပြောင်းလဲသွားနိုင်လဲ။

    တကယ်တော့ အမျိုးသမီးတွေ စိုးရိမ်ပူပန်တာနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လေ့ကျင့်ခန်း သေချာလိုက်စားတဲ့ အမျိုးသားတွေမှာ ခန္ဓါကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ ကြွက်သားေတာင့်တင်းသန်မာစေတယ်။ ဒါ့အပြင် လိင်တံထောင်မတ်နိုင်စွမ်းကိုလည်း မြင့်တက်စေတယ်။ လိင်ဆက်ဆံရာမှာ အချိန်ကြာရှည်စွာ သုက်မထွက်စေဖို့ ထိန်းထားနိုင်တယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ၊ လိင်ဆက်ဆံဖော်ကိုလည်း အပြည့်အ၀ သာယာမှု ပေးစွမ်းနိုင်ပါတယ်။

    အမျိုးသားတွေမှာ တွေ့ကြုံလာတဲ့ လိင်စိတ်ဆန္ဒနည်းပါးလာခြင်း ပြဿနာ

    အလုပ်များလွန်းတဲ့ အမျိုးသားတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အမြဲ ပြည့်နေတဲ့ အမျိုးသားတွေ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ နည်းပါးလာနိုင်တဲ့အပြင် စိတ်သွားတိုင်း ကိုယ်မပါတော့တာ၊ ပန်းသေ၊ ပန်းညှိုးဖြစ်နိုင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ စိတ်ကို တက်ကြွရွှင်လန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေတယ်။ ကိုယ်ခန္ဓါက ကျားဟော်မုန်းတွေ ပိုမိုထုတ်လွှတ်ပေးတာကြောင့် လိင်စိတ်တက်ကြွလာစေပါတယ်။

    လိင်တံမထောင်မတ်နိုင်ခြင်း (Erectile Dysfuntion)

    ထင်ထားတာထက် ပိုပြီး အဖြစ်များတဲ့ ဒီပြဿနာနဲ့ ပတ်သက်ပြီး အမျိုးသားတွေကတော့ သိပ်ပြီး ဝန်ခံချင်ကြမှာ မဟုတ်ပါဘူး။ လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ်နေ့စဉ် စားသောက်နေထိုင်မှု ပုံစံ၊ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သောက်နေရတဲ့ ရောဂါဆေးဝါးတွေ၊ အသက်အရွယ် ကြီးရင့်လာတာ၊ ဆီးချို၊ သွေးချိုနဲ့ နာတာရှည် နှလုံးရောဂါ ဖြစ်လာတာကြောင့် အစရှိသဖြင့် အကြောင်းရင်း အများကြီး ရှိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ကိုယ့်ပြဿနာဇစ်မြစ်ကို အဖြေရှာဖို့ လိုအပ်သလို လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့်လည်း လိင်တံ မထောင်မတ်နိုင်ခြင်း ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။

    အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ အမျိုးသားတွေမှာ စိတ်အာရုံလန်းဆန်းတက်ကြွတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ လိင်စိတ်ဆန္ဒ ပိုမိုတက်ကြွလာစေတယ်။ သွေးလည်ပတ်မှု ကောင်းစေလို့ လိင်တံပိုပြီး ထောင်မတ်လာနိုင်တယ်။ ကိုယ့်အတွက်ရော ကိုယ့်ရဲ့ ဆက်ဆံဖော်အတွက်ပါ လိင်ပိုင်းဆိုင်ရာ သာယာမှု အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကြောင့် အမျိုးသားတွေရဲ့ လိင်တံ အရွယ်အစားဟာ ပိုပြီး သေးသွားတာမျိုး လုံးဝမရှိစေပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement