backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးမွေးဖွားခါနီးမေမေတွေ COVID_19 ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ……….

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးမွေးဖွားခါနီးမေမေတွေ COVID_19 ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ……….

အခုလိုကာလမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားတော့မယ့် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။

 (COVID-19) ဆိုတာ……………..

Coronavirus disease (COVID-19) ဆိုတာ ကူးစက်ပြန့်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးစိတ် အသစ် တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်း ကို ထိခိုက်စေနိုင်ပြီး တုပ်ကွေးလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ရောဂါပိုးကူးစက်ခံရတဲ့အခါ ချောင်းဆိုးတာ၊ ကိုယ်ပူတာ၊ အခြားပြင်းထန်တဲ့ လက္ခဏာတွေနဲ့ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကူးစက်ခံရနိုင်ခြေများတယ်၊ ကူးစက်တာနဲ့ သေမှာပဲလားလို့ဆိုပြီး စိုးရိမ်မနေပါနဲ့။

လက်ကို မကြာခဏ ဆေးကြောသန့်စင်မယ်။ မျက်နှာကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ (၁ မီတာ) ခွာနေမယ်ဆိုရင် ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ နေမကောင်းတဲ့သူနဲ့ အနည်းဆုံး ၃ ပေခွာပြီး နေဖို့လိုပါ မယ်။

ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ…………..

Coronavirus disease (COVID-19) ကူးစက်ခံရသူတစ်ဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၁ ရက် ကနေ ၁၄ ရက်အတွင်းမှာ

  • ချောင်းခြောက်ဆိုးမယ်

    • အဖျားတက်မယ်

    ခြေကုန်လက်ပမ်းကျမယ်

    အသက်ရှူ ရခက်မယ် စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

  • ဘယ်အချိန်မှာ လက္ခဏာပြတတ်လဲ…………..

    ရောဂါပိုး ကူးစက်ခံလိုက်ရသူတစ်ယောက်ဟာ ရောဂါပိုး စကူးစက်ခံရတဲ့နေ့နေ ၁၄ ရက်အတွင်းမှ ရောဂါလက္ခဏာတွေ ပြလာတတ်ကြပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး ၁၄ ရက်တာ ကာလအတွင်းမှာ ကိုယ်ပူတာအဖျားတက်တာ၊ အားအင်ကုန်ခမ်းတာ၊ ချောင်းခြောက်ဆိုးတာလိုမျိုး လက္ခဏာတွေပြတတ်ပါတယ်။ ရောဂါ ခံစားရသူရဲ့ ၈၀ ရာခိုင်နှုန်းမှာ အထူးကုသမှုတွေ လုပ်စရာမလိုဘဲ ပြန်လည်ကျန်းမာလာကြပါတယ်။

    ဘယ်လိုကာကွယ်ရမလဲ…………

    ဒီရောဂါကို ကာကွယ်ဆေးရော ကုသဆေးပါမရှိသေးပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့လည်း

    • လက်ကို မကြာခဏဆိုသလို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောပါ။ အယ်လ်ကိုဟောပါတဲ့ ရေမလို လက်သန့်ဆေးရည် ကိုလည်း အသုံးပြုပေးလို့ရပါတယ်။
    • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးနဲ့ အုပ်ပေးပါ။ ပြီးရင် အမှိုက်ပုံးထဲကို သေချာလေး စွန့်ပစ်ပါ။
    • လူတစ်ယောက်နဲ့တစ်ယောက် ၁ မီတာကနေ ၃ မီတာအထိ ခွာနေပါ။
    • လူစုလူဝေးဖြစ်တဲ့နေရာကို မသွားပါနဲ့။
    • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။
    • နေမကောင်းတဲ့သူနဲ့ ခပ်ဝေးဝေးနေပါ။
    • အာဟာရပြည့်ဝအောင် စားသောက်ပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • ပုံမှန် ဆေးခန်းပြပါ။

    တကယ်လို့ ရောဂါလက္ခဏာတစ်ခုခုတွေ့မယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ မိခင်ဆီကနေ ကလေးဆီကို ကူးစက်နိုင်ခြေရှိသလားဆိုတာက တိတိကျကျ အဖြေမထုတ်နိုင်သေးပေမယ့် ကလေးတွေမှာ ရောဂါကူးစက်ဖြစ်ပွားတာက ရာခိုင်နှုန်း နည်းနည်းပဲရှိပါသေးတယ်။

    ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်စဆောင်ချိန်ကတည်းက လိုအပ်တဲ့ ကာကွယ်ဆေးတွေ အကုန်လုံးကို သေချာလေးထိုးနှံထားဖို့တော့ လိုပါမယ်။ နောက်တစ်ချက်က မွေးဖွားပြီးချိန်မှာလည်း ကလေးကို နို့ချိုတိုက်ကျွေး လို့ရပါတယ်။

    သေချာလေးကုသမှုကိုတော့ ခံယူဖို့လိုပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ သေချာလေး ကုသမှုခံယူဖို့တော့ လိုအပ်မှာပါ။ ကလေးကို မချီခင် နှာခေါင်းစည်းတပ်တာ၊ လက်တွေကို သေချာဆေးကြောတာ မျိုးတွေ လုပ်ဖို့လိုပါမယ်။ ကိုင်တွယ်ထိတွေ့ထားတဲ့ အရာတွေကိုလည်း မ​ကြာခဏ ဆိုသလို ပိုးသတ် သန့်စင်ဖို့လိုပါမယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement