backup og meta

သိထားသင့်တဲ့ Coronavirus (COVID-19) ရဲ့ လက္ခဏာတွေက ဘာလဲ.......

သိထားသင့်တဲ့ Coronavirus (COVID-19) ရဲ့ လက္ခဏာတွေက ဘာလဲ.......

Coronavirus ကူးစက်ခံရမှုကလည်း အခြား ကျန်းမာရေး ပြဿနာတွေနည်းတူ အဆင့်လိုက် ကွာခြားမှုတွေရှိနိုင်ပါတယ်။ ဘယ်လိုများ ကွာခြားနေလဲ သိချင်ရင် ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။

Coronavirus ကူးစက်ခံရမှု အဆင့်တွေက ဘာတွေများလဲ…………..

  • မပြင်းထန် အဆင့်
  • အတန်အသင့် အဆင့်
  • ပြင်းထန် အဆင့်
  • အပြင်းထန်ဆုံး အဆင့်

ရောဂါခံစားရသူတွေမှာ တစ်ယောက် နဲ့တစ်ယောက်က ရောဂါခံစားရမှု အဆင့်တွေချင်း မတူကြပါဘူး။ သိပ်မပြင်းထန်တဲ့ အဆင့်လောက်ကနေစပြီး အပြင်းထန်ဆုံးသော အဆင့်တွေအထိ အမျိုးမျိုးခံစားရနိုင်ပါတယ်။

လူတော်တော်များများက COVID-19 ကို ခံစားနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး အချို့ဆို ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်တာကြောင့် ရောဂါကူးစက် ခံစားရနေမှန်းတောင် မသိပါဘူး။ မြင်သာတဲ့ လက္ခဏာတွေအနေနဲ့က တုပ်ကွေးသိပ်မပြင်းထန်တဲ့ လက္ခဏာမျိုးကနေ တုပ်ကွေးအပြင်းထန်ဆုံး လက္ခဏာတွေအထိ တွေ့ရနိုင်ပါတယ်။

အခုလက်ရှိမှာ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ သတ်မှတ်ဖော်ပြထားပေမယ့် ဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အခါဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကိုတော့ အတိအကျဖော်ပြနိုင်ဖို့တော့ ခက်ခဲနေဆဲပါ။

ရောဂါတစ်ခုအကြောင်းကို သေသေချာချာသိရှိဖို့နဲ့ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို အတိအကျဖော်ပြဖို့ဆိုရင် အချိန်က နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်၊ လို့ Boston University School of Public Health က ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Sandro Galea ကဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရောဂါအခြေအနေအဆင့်ကို သိရှိနိုင်စေဖို့အတွက် ကနဦးလေ့လာတွေ့ရှိရတဲ့ COVID-19 ကူးစက်ခံရရင် ခံစားရနိုင်တဲ့ လက္ခဏာလေးတွေကို ဝေမျှပေးပါရစေ။

မပြင်းထန်တဲ့ အဆင့်

ယခုအချိန်အထိ လေ့လာတွေ့ရှိခဲ့တဲ့ COVID-19 ကူးစက်ခံရတဲ့ လူနာအရေအတွက်က ၈၀ ရာခိုင်နှုန်းက သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အတန်အသင့် အခြေအနေကို ခံစားနေကြရတယ်၊လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပူးတွဲအဖွဲ့ဖြစ်တဲ့ တရုတ်နိုင်ငံက အဖွဲ့ကဆိုပါတယ်။ အဆိုပါအဖွဲ့ကို ပြီးခဲ့တဲ့လ နှောင်းပိုင်းလောက်က ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ ၂၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်ကျန်းမာရေးအစီအစဉ်ကို ဦးဆောင်သူ Maria Van Kerkhove က COVID-19 ရဲ့ မပြင်းထန်တဲ့ အဆင့်မှာ တွေ့ရနိုင်တဲ့ ရောဂါလက္ခဏာတွေ အကြောင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

• ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့အခါမှာ ပုံမှန် အဖျားတက်သလိုဖြစ်မယ် (၂ ရက် နဲ့အထက် ခံစားရနိုင်တယ်)

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်တယ်

နာကျင်ကိုက်ခဲမှုတွေ ခံစားရနိုင်တယ်

ချောင်းခြောက်ဆိုးနိုင်တယ်

• ဒီလက္ခဏာတွေက လူတော်တော်များများမှာ ဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။

ဒီလက္ခဏာလောက်က အရမ်းစိုးရိမ်စရာ မလိုတဲ့အဆင့်ဖြစ်သလို ဆေးရုံကို မဖြစ်မနေသွားရောက်ဖို့မလိုပါဘူး။ နေအိမ်မှာ တစ်ယောက်တည်း သီးသန့်နားနေဖို့တော့ လိုပါမယ်၊ လို့ Johns Hopkins ရဲ့ Health Security ကအကြီးတန်းအရာရှိ ဒေါက်တာ Amesh Adalja ကဆိုပါတယ်။

မပြင်းထန်တဲ့အဆင့်မှာ COVID-19 ကအန္တရာယ်မကြီးလှပါဘူး။ ဒါပေမယ့် ဒီအခြေအနေက သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ကျန်းမာရေးပြဿနာအခံရှိသူတွေမှာတော့ မပြင်းထန်တဲ့အဆင့်ကနေ သိပ်မပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ရေဓာတ်ပြည့်ဝအောင်ထားတာ၊ အရေးပေါ်အခန်းမှာ ထားတာ၊ သီးသန့်ခွဲထား ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးတာလိုမျိုးတွေ လုပ်ဆောင်ဖို့လိုပါမယ်။

သိပ်မပြင်းထန်တဲ့ အဆင့်

COVID-19 သိပ်မပြင်းထန်တဲ့အဆင့်မှာ

• ချောင်းဆိုးမယ်

အဖျားက ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ရှိမယ်

ချမ်းတုန်မယ်

• အိပ်ရာထဲက မထွက်ချင် ဖြစ်နေမယ်

• မလှုပ်ချင်မသယ်ချင်ဖြစ်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အချို့လူနာတွေမှာဆိုရင် အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာမျိုးတွေတောင် ခံစားရနိုင်ပါတယ်။ ဒီအခြေအနေ မှာ အသက်အရွယ်၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တဲ့ အနေအထား၊ ရောဂါအခံရှိလား ဆိုတဲ့ အချက်တွေအပေါ် မူတည်ပြီး ကုသမှုတွေက ကွာခြားနိုင်ပါတယ်။

“လှေကားတွေ တက်ပြီးချိန်မှာ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာလား၊ လှုပ်ရှားမှု မရှိဘဲ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာလား၊”ဆိုတာမျိုးပေါ့။ လှုပ်ရှားမှု မရှိဘဲ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေမယ် ဆိုရင်တော့ သေချာဂရုစိုက် ကုသမှုလုပ်ဖို့ လိုအပ်နေပါပြီ။

COVID-19 ကူးစက်ခံထားရတယ်လို့ သံသယရှိသူတွေရော ကူးစက်ခံရသူတွေမှာပါ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်လားဆိုတာကို ကျန်းမာရေး စောင့်ရှောက်သူတွေက အခါမလပ် စစ်ဆေးနေပါတယ်။ ဒီလိုစစ်ဆေးရတဲ့ အကြောင်းက အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာက သွေးတွင်းမှာ အောက်ဆီဂျင် နည်းတာကြောင့် ဖြစ်ပြီး သွေးက အောက်ဆီဂျင်ကို ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို မပို့ဆောင်နိုင်တဲ့အခါ အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတာ၊ အဆိုးဆုံးအနေနဲ့ သေဆုံးတာမျိုးတွေတောင် ရှိနိုင်ပါတယ်။

သိပ်မပြင်းထန်တဲ့ အခြေအနေကို ခံစားနေရသူတွေမှာ အသက်ရှူရခက်ခဲတယ် ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်မယ်ဆိုရင် ကုသမယ့် နည်းလမ်းက ကွာခြားတာမျိုး ရှိနိုင်ပါတယ်။

ရေဓာတ်ဆုံးရှုံးတာကို ဘယ်လိုသိနိုင်မလဲ………

ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတဲ့အခါ

• မကြာခဏ ရေငတ်တာ

• ခံတွင်းခြောက်တာ

ဆီးသွားနည်းတာ

• အသားခြောက်တာ

ခေါင်းကိုက်တာ

• မူးဝေတာမျိုး ခံစားရနိုင်ပါတယ်။

နောက်ထပ်တွေ့ရနိုင်တဲ့ လက္ခဏာတစ်ခုက မပြင်းထန်တဲ့အဆင့်ကနေ ပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိလာတဲ့အခါ အဆုတ်ရောင်ရောဂါရဲ့ သိပ်မပြင်းထန်တဲ့အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ အဆုတ်ရောင်တာက လူငယ်တွေမှာ သိပ်မပြင်းထန် တဲ့အခါမျိုးမှာ သူ့အလိုလို သက်သာသွားတတ်ပေမယ့် အသက်ကြီးသူတွေ နဲ့ ရောဂါအခံ တစ်ခုခုရှိသူတွေမှာတော့ အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် သေချာလေး ဆေးကုသမှုခံယူဖို့ လိုပါမယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေ မှာပေါ့။

ဒီလိုအခြေအနေမျိုးမှာ အောက်ဆီဂျင် လုံလောက်စွာ ရရှိအောင် လုပ်ဆောင်ပေးဖို့လိုသလို အသက်ရှူ အကူကိရိယာတွေ တပ်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမှ မဟုတ်ရင် အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးပြီး သေဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင် ရောဂါအခံရှိသူတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ များသလို အခြားရောဂါတွေ ဝင်လာနိုင်ခြေကလည်း တော်တော်လေး များပါတယ်။ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။

မပြင်းထန်တဲ့ အဆင့် နဲ့ သိပ်မပြင်းထန်တဲ့ အဆင့်ကို ခံစားရပြီး ပြန်လည်နလန်ထလာဖို့ဆိုရင် ၂ ပတ်လောက် အထိခံစားရနိုင်ပါတယ်၊ လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတင်းထုတ်ပြန်ထားပါတယ်။

ပြင်းထန် အဆင့်၊ အပြင်းထန်ဆုံး အဆင့်

WHO နဲ့ တရုတ် ပူးတွဲ အဖွဲ့ရဲ့ အစီရင်ခံစာအရ ကူးစက်ခံရသူ လူနာ ၅ ယောက် မှာ ၁ ယောက်က ကူးစက်ခံရတဲ့အခါ အခြေအနေက ပိုဆိုးလာတတ်ပါတယ်။ ရောဂါ ကူးစက်ခံရသူတွေထဲက ၁၄ ရာခိုင်နှုန်းက ပြင်းထန်အဆင့်ကို ရောက်ရှိကြ သလို အောက်ဆီဂျင် ထောက်ပံ့မှုတွေ လုပ်ဆောင်ဖို့ လိုအပ်မှာပါ။ ၆ ရာခိုင်နှုန်းလောက်ကတော့ စိုးရိမ်ရတဲ့ အဆင့်ကို ရောက်ရှိပြီး သွေးပေါင်တွေကျမှုကနေတဆင့် လေဖြတ်တာမျိုးအထိ ခံစားရတာမျိုး၊ နှလုံး နဲ့ အသက်ရှူစနစ် ထိခိုက်ပျက်စီးတာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ပျက်စီးတာ နဲ့ သေဆုံးတာမျိုးတွေ အထိခံစားရနိုင်ပါတယ်။

ရောဂါရဲ့ ပြင်းထန်တဲ့ အဆင့်ကိုရောက်ရှိဖို့ အချိန်ကာလက လူနာတစ်ဦးနဲ့တစ်ဦးမှာ မတူကြပါဘူး။ အချို့က နာရီပိုင်းအတွင်းမှာတင် ရောဂါပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိခံစားကြရသလို အချို့ကတော့ ရက်အတော်ကြာမှ ရောဂါပြင်းထန်တဲ့ အဆင့်ကို ခံစားရတာပါ။

ရောဂါအဆင့်တွေ ခံစားရပုံချင်းကလည်း တစ်ဦးနဲ့တစ်ဦးမှာ မတူကြပါဘူး။ ဗိုင်းရပ်စ်က အဆုတ်ဆဲလ်တွေထဲကို ဝင်ရောက်နိုင်ပြီး အဆုတ်ဆဲလ်တွေနဲ့ အသွင်တူအောင်လုပ်ဆောင်လိုက်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို စတင်တိုက်ခိုက်မှုလုပ်ပါတယ်။ ကိုယ်ခံအားက တိုက်ထုတ်ဖို့ အချက်ပြမှုက အဆုတ်ဆဲလ်ရဲ့ နေရာတိုင်းမှာဖြစ်နေပြီး အဆုတ်ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မှုက အဆုတ်တစ်ရှူးတွေကို ရောင်ရမ်းပြီး ပျက်စီးစေပါတယ်။ နောက်ဆုံးရလဒ် အနေနဲ့ကတော့ ပြင်းထန်အဆုတ်ရောင် ရောဂါလက္ခဏာလိုမျိုး ခံစားရတာပါ။

ကိုယ်ခံအားရဲ့ တုံ့ပြန်မှုကြောင့် အဆုတ်ဆဲလ်တွေ ထိခိုက်သွားတဲ့အခါ သွေးထဲကို အောက်ဆီဂျင် ပို့ဆောင်နိုင်မှု အားနည်းသွားပါတယ်။ အောက်ဆီဂျင် အလုံအလောက် မရရှိမှုက ရောင်ရမ်းမှုကို ပိုမိုပြင်းထန်စေနိုင်ပြီး နောက်ဆုံးရလဒ်ကတော့ ကိုယ်တွင်း အင်္ဂါတွေ ပျက်စီးသွားခြင်းပါပဲ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus Symptoms: Defining Mild, Moderate And Severe https://www.npr.org/sections/goatsandsoda/2020/03/13/814691018/coronavirus-symptoms-defining-mild-moderate-and-severe?fbclid=IwAR10CADRg53s0LdbSVUPlGLbpv6k7Bnrn4g1eCPuKF5ShjXbj6JIqwbkgZ0 Accessed Date 16 March 2020

Coronavirus https://www.who.int/health-topics/coronavirus Accessed Date 16 March 2020

SYMPTOMS OF CORONAVIRUS DISEASE 2019 https://www.cdc.gov/coronavirus/2019-ncov/downloads/COVID19-symptoms.pdf Accessed Date 16 March 2020

ယခုပုံစံ

14/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိ ဘယ်လိုခွဲခြားမလဲ။

ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement