COVID-19 ပြန့်နေတာက ထိန်းမနိုင်အောင်ဖြစ်နေတဲ့အချိန် လူတွေကြားထဲမှာလည်း အကြောက်တရားတွေ ပိုပြီးစိုးမိုးလာတယ်။ နှာစေး ချောင်းဆိုးတာ ဖျားတာဖြစ်တာနဲ့ကို သို့လောသို့လောတွေ ဖြစ်ကုန်ကြတယ်။ နှာစေးချောင်းဆိုးပြီး ဖျားတိုင်း ကိုရိုနာမဟုတ်နိုင်ဘူး။ သူ့ထက်အဖြစ်များတဲ့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နိုင်နေသေးတယ်။