တကယ်တော့ ရောဂါကို တိုက်ထုတ်တယ်ဆိုတာ နှစ်ဖက်စစ်ဖြစ်သလိုပါပဲ။ သူ့ဘက်က ထိတာရှိသလို ကိုယ့်ဘက်မှာလည်း ထိတာရှိပါတယ်။ ကြားထဲက ပြည်သူတွေလည်း ထိနိုင်တာပါပဲ။
ရောဂါ ၁၀ဖိုး ဝင်လာရင် ကိုယ့်ဘက်က ၁၀ဖိုးနဲ့ တိုက်ထုတ်ရင် ရပါပြီ။ ၁၀ဖိုး ဝင်လာတာကို ၁၀၀ဖိုး တိုက်ထုတ်ရင် ဘေးမှာ ရှိတဲ့ ဆဲလ်အကောင်းတွေပါ ပျက်စီးကုန်တာပေါ့။ ဒါ့ပြင် ဒီလို ရောဂါပိုးကို သွေးဖြူဥဆဲလ်တွေက တိုက်ထုတ်တဲ့အခါမှာ cytokineတွေ ထွက်လာပါတယ်။ စစ်သားတွေရဲ့ လက်နက်တွေလိုပေါ့။
ဒီဓာတ်ပစ္စည်းတွေ မလိုအပ်ဘဲ အများကြီး ထွက်တဲ့အခါ ကိုယ်ထဲက တခြားဆဲလ်တွေ ထိခိုက်ကုန်ပါတယ်။ ဒါကို cytokine storm လို့ခေါ်ပါတယ်။ ဒါကြောင့်များ ဆဲလ်တွေပျက်စီးပြီး ရောဂါဒဏ်ကို ပိုခံရတာလားလို့ ပြောကြတာမျိုးလည်း ရှိပါတယ်။
ဘယ်လောက်ပဲ ကိုယ်ခံအား ကောင်းနေပါစေ။ ပိုးက ခုခံအားထက် များနေရင် ဒုက္ခရောက်မှာပါပဲ။ လူငယ်တွေက ကိုယ့်မှာ မဖြစ်နိုင်ဘူးလို့ ယူဆပြီး social distancingကို ကောင်းကောင်းမလုပ်တာကလည်း ပိုးတွေ အများကြီးဝင်ဖို့ အခွင့်အရေးပေးသလို ဖြစ်နေတယ်လို့လဲ ဆိုကြပါတယ်။
ဒါတွေကတော့ ပညာရှင်တွေရဲ့ အမြင်သက်သက်ပါ။ ဒါတွေကြောင့်များ တချို့လူငယ်တွေမှာ အန္တရာယ်ဖြစ်သွားတာလားဆိုပြီး ယူဆထားတာတွေပါ။
နောက်တစ်ချက် ပြောချင်တာက လူငယ်တွေမှာလည်း ရောဂါအခံ တစ်ခုခုရှိနေနိုင်ပါတယ်။ လက္ခဏာမပြလို့ မစစ်ဆေးမိလို့ မသိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရောဂါအခံ မရှိပါဘူးလို့ တရားသေ မသတ်မှတ်ပါနဲ့။
နောက်ပြီး ရောဂါအခံမရှိဘူးဆိုရင်တောင် ခုခံအား ထိခိုက်နိုင်တဲ့ အပြုအမူမျိုးတွေ ရှိနေနိုင်တာပဲ။ ဥပမာ ဆေးလိပ်သောက်လို့ အဆုတ်ပျက်စီးနေတာမျိုး၊ အရက်ကြောင့် ခုခံအား ထိခိုက်နေတာမျိုး။ ဒါကြောင့် ဒီကာလမှာတော့ ဒီအမူအကျင့်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်နေဖို့ လိုပါတယ်။
လူငယ် တွေ ဘယ်လို ကာကွယ်ကြမလဲ။
လူငယ်တွေအနေနဲ့လည်း ဘယ်လိုပဲ ခုခံအား ကောင်းတယ်ပြောပြော ကာကွယ်နည်းတွေကိုတော့ အတိအကျ လိုက်နာရမှာပါ။ ဒါကြောင့်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။