backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း) ကဘာလဲ။

သင်ဟာ မီးယပ်သွေးပေါ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေလျှင် Toxic shock syndrome(TSS) ဆိုတဲ့ tampon တွေသုံးခြင်းနှင့် ဆက်နွယ်နေတဲ့ အန္တရာယ်များတဲ့ ရောဂါဆိုးနဲ့ ပတ်သက်တဲ့ ကြောက်မက်ဖွယ် ပုံပြင်တွေကို ကြားဖူးမှာပါ။

ဒါဟာ ဘာဖြစ်လို့လဲ ဆိုလျှင် ဒီရောဂါရဲ့ အစောပိုင်းဖြစ်စဉ်က ၁၉၇၀ နောက်ပိုင်းမှာ ဖြစ်ခဲ့ပြီး စုပ်အားကောင်းတဲ့ tampon တွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ သုတေသနတွေ လုပ်ပြီး ပို ကောင်းတဲ့ tampon တွေနဲ့ ပိုကောင်းတဲ့ အလေ့အထတွေ – tampon များ မကြာခဏလဲခြင်း တို့ကို ပြုလုပ်လာကြပါတယ်။

TSS ရောဂါဖြစ်စဉ်တွေက တဖြည်းဖြည်းနဲ့ လျော့ကျလာခဲ့ပါတယ်။ ယနေ့မှာတော့ TSS ဖြစ်စဉ်အားလုံးရဲ့ တစ်ဝက်လောက်က မီးယပ်သွေးပေါ်ခြင်းနှင့် ဆက်စပ်နေပါတယ်။

သို့သော် TSS က အမြဲတမ်းတော့ tampon တွေနဲ့ မဆိုင်ပါဘူး။ ကိုယ်ဝန်တားတဲ့ ဖော့ဆို့တွေနဲ့ diaphragm တွေကလည်း TSS နဲ့ ဆက်နွယ်နေပါတယ်။ ပြတ်ရှရာ သို့တခြား ဒဏ်ရာ၊ ခွဲစိပ်မှု၊ သို့ အပူလောင်ခြင်း၊ ကလေးမွေးပြီး၊ ဝက်သက်ပေါက်စဉ်၊ နှာခေါင်းသွေးလျှံခြင်းအတွက် နှာစို့ အကြာကြီး သုံးစွဲခြင်းတွေကနေ ပိုးဝင်ခြင်းတွေ ကြောင့်လည်း TSS ဖြစ်နိုင်သော်လည်း ဖြစ်ခဲပါတယ်။

TSS က systemic ရောဂါတစ်ခုဖြစ်တဲ့ အတွက် တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။ ၎င်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားနှစ်မျိုးမှာ Staphylococcus aureus ( တစ်ခါတစ်ရံ staph လို့လဲခေါ်) နှင့် Steptococcus pyogenes (တစ်ခါတစ်ရ့ strep လို့ခေါ်) ဖြစ်ကြပြီး အများဆုံးကတော့ Staph နဲ့ ဆက်နွယ်နေပါတယ်။

ဒီဘက်တီဒရီးယားပိုးတွေက အဆိပ်ထုတ်ပါတယ်။ တချို့အဆိပ်ကို ပြန်တိုက်မထုတ်နိုင်တဲ့ လူတွေမှာ ခန္ဒါကိုယ်ရဲ့ ခုခံအားစနစ်က တုံ့ပြန်ပါတယ်။ ဒီတုံ့ပြန်မှုက TSS ရဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေပါတယ်။

Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Toxic shock syndrome က လူတိုင်းမှာ – အမျိုးသား၊ အမျိုးသမီး နှင့် ကလေးတွေမှာ ဖြစ်နိုင်ပါတယ်။ ၎င်းရောဂါက အန္တရာယ်ရှိနိုင်ပေမဲ့ ဖြစ်ခဲပါတယ်။ သင်ဟာ TSS နဲ့ ပတ်သက်ပြီး စိုးရိမ်နေလျှင် အကောင်းဆုံးနည်းကတော့ ၎င်းရောဂါအကြောင်းအား ဖတ်ရှု လေ့လာပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။

လက္ခဏာများ

Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

TSS ရဲ့ ရောဂါလက္ခဏာတွေက ရုတ်တရက်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၎င်းဟာ ခန္ဒါအစိတ်အပိုင်းတွေများစွာ ကိုထိခိုက်စေတဲ့ အဆိပ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။

TSS ရဲ့ ရောဂါလက္ခဏာတွေကတော့

  • အဖျားကြီးခြင်း ( ၁၀၂ ံF အထက်[၃၈ ံC)
  • သွေးပေါင်ရုတ်တရက်ထိုးကျခြင်း( ခေါင်းမူးပြီး သို့ သတိလစ်ခြင်း)
  • နေလောင်သကဲ့သို့ အင်ပြင်များ ခန္ဒါကိုယ်အနှံ့မှာ လက်ဖဝါးနှင့် ခြေဖဝါးများ အပါအဝင် တွင် ပေါက်ခြင်း
  • အန်ခြင်း သို့ ဝမ်းလျှော်ခြင်း
  • ကြွက်သားကိုက်ခဲခြင်း သို့ အားနည်းခြင်း
  • မျက်လုံး၊ ပါးစပ်၊ လည်ချောင်း နှင့် မိန်းမကိုယ် နီခြင်း
  • ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မျက်စိလည် လမ်းမှားခြင်း သို့ တက်ခြင်း
  • ကျောက်ကပ်နှင့် တခြား အင်္ဂါများ ကျဆုံးခြင်း

Staphylococcus သို့ streptococcus ပိုးဝင်းပြီး ၂ ရက် ၃ ရက်ကြာပြီး မှ TSS ရဲ့ လက္ခဏာတွေ စပြ လာနိုင်ပါတယ်။

ကာကွယ်မှုများ

TSS ကို ကာကွယ်လို့ရနိုင်လား

သင့်မှာ TSS ဖြစ်နိုင်ချေက အရင်တည်းက အလွန်နည်းပါတယ်။ သို့သော် သင်က အောက်ပါ သာမာန် ကာကွယ်မှုတွေ လုပ်ခြင်းဖြင့် ပိုပြီး နည်းစေလာနိုင်ပါတယ်။

  • မည့်သည့် အရေးပြားအနာ မဆို သန့်စင်ပြီး ပတ်တီး စည်းထားပါ။
  • ပတ်တီးတွေ ကို ဒီအတိုင်းရက်ကြာကြာ မထားပဲ ပုံမှန် လဲလှယ်ပေးပါ။
  • အနာတွေမှာ ပိုးဝင်တဲ့ လက္ခဏာရှိမရှိ ကြည့်ရှူစစ်ဆေးပါ။ အကယ်၍ အနာက နီနေခြင်း၊ ရောင်နေခြင်း၊ နာခြင်း သို့ အဖျားဝင်လာပြီး ဆိုလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • သင်ဟာ မီးယပ်သွေးစပေါ်နေပြီဖြစ်တဲ့ မိန်းကလေးဆိုလျှင် tampon တွေအစား pad တွေကို သုံးပါ။
  • Tampon ပဲ သုံးချင်တယ်ဆိုတဲ့ မိန်းကလေးတွေအတွက်ကတော့ စုပ်ယူမှု အားနည်းတဲ့ tampon တွေကို ပဲ ရွေးချယ်သင့်ပါတယ်။ သင်ဟာ tampon တွေကို သန့်စင်တဲ့ လက်ကိုင်ပုဝါတွေ နဲ့ အစားထိုးသုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ သွေးဆင်းတာက နည်းတယ်ဆိုလျှင် tampon ထက် pad ကိုသာ သုံးသင့်ပါတယ်။
  • tampon တွေကို အပူဒဏ်နှင့် စိုထိုင်းမှု ( ဘက်တီးရီးယားကြီးထွားနိုင်တဲ့) နေရာနဲ့ ဝေးဝေးမှာ ထားပါ။ – ဥပမာ ရေချိုခန်းမှန်ဘီရိုထဲမှာထက် အိပ်ရာထဲမှာထားပါ။ ပြီးတော့ ဘက်တီးရီးယားတွေက လက်တွေမှာလဲ ကပ်ပါလာနိုင်တာကြောင့် tampon မထည့်ခင် နဲ့ ထည့်ပြီးမှာ လက်ဆေးပါ။
  • သင့်မှာ TSS တစ်ကြိမ်ဖြစ်ဖူးပြီးလျှင် သို့ အန္တရယ်ရှိတဲ့ staph သို့ strep ရောဂါဖြစ်ဖူးလျှင် TSS နဲ့ ဆက်နွယ်တဲ့ tampons သို့ ကိုယ်ဝင်တားပစ္စည်းတွေ မသုံးသင့်ပါဘူး။

ကုသမှုများ

ဆရာဝန်တွေက TSS ကို ဘယ်လို ကုသမလဲ။

TSS က အရေးပေါ်ရောဂါတစ်ခုဖြစ်ပါတယ်။ သင်သို့ သင့်အသိမိတ်ဆွေ တစ်ယောက်မှာ TSS ဖြစ်နေပြီထင်လျှင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။ ဆရာဝန်က သင့်ကို ကြည့်ရှုစစ်ဆေးမှု သို့ ဆေးရုံအရေးပေါ်ဌာနသို့ လွှဲပြောင်းစစ်ဆေးစေခြင်းများ ပြုလုပ်နိုင်ပါတယ်။

ဆရာဝန်တွေက TSS လို့ သံသယရှိလျှင် အတတ်နိုင်ဆုံး အမြန်ဆုံး အရည်ဓါတ်နှင့် ပဋိဇီဝဆေးသွင်းခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။

သူတို့က သံသယရှိတဲ့ အင်္ဂါအစိတ်အပိုင်း ဥပမာ အရေပြား၊ နှာခေါင်း သို့ မိန်းမကိုယ်မှ အသားစနမူနာယူပြီး စစ်ဆေးနိုင်ပါတယ်။ သွေးနမူနာယူပြီးလဲ စစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါများ ဥပမာ ကျောက်ကပ် အလုပ်မလုပ် သိနိုင်ရန် နှင့် တခြား အလားတူလက္ခဏာတွေ ဖြစ်စေတဲ့ ရောဂါတွေကို ဖယ်ထုတ်စဉ်းစားနိုင်မဲ့ တခြားစစ်ဆေးမှုတွေလဲ လုပ်နိုင်ပါတယ်။

ဆေးဝန်ထမ်းတွေက tampon တွေ၊ ကိုယ်ဝန်တားပစ္စည်းတွေ သို့ အနာပတ်တီးတွေရှိနေလျှင် ဖယ်ရှားပြီး အနာကို သန့်ရှင်းရေးလုပ်ပါလိမ့်မယ်။ ရောဂါပိုး (အနာ) ရှိနေလျှင် ဆရာဝန်က ထိုအနာ မှ ပြည်များစုပ်ထုတ်ပါလိမ့်မယ်။

TSS ရှိတဲ့ လူတွေက ပုံမှန်အားဖြင့် ဆေးရုံမှာနေရပြီး တစ်ခါတစ်ရံမှာ အထူးကြပ်မတ်ဆောင် ( ICU ) မှာ ဆရာဝန်တွေက သွေးပေါင်နှင့် အသက်ရှူခြင်း နှင့် တခြားပြသနာဖြစ်တဲ့ အင်္ဂါပျက်စီးခြင်း ရဲ့ လက္ခဏာတွေကို အနီးကပ်စောင့်ကြည့်နိုင်ရန် ရက်ကြာကြာနေရနိုင်ပါတယ်။

TSS က အလွန် ဖြစ်ခဲတဲ့ ရောဂါဖြစ်ပါတယ်။ သေစေနိုင်တဲ့ ရောဂါဖြစ်သော်လည်း မှန်မှန်ကန်ကန် တွေ့ရှိပြီး ကုသလျှင်တော့ ပျောက်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement