backup og meta

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

အဆုတ်တွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုင်းတာတဲ့နေရာမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏကလည်း အတော်လေးအရေးကြီးပါတယ်။ အသက်ရှုချိန်တိုင်းမှာ သန့်စင်တဲ့အောက်ဆီဂျင်ဓာတ်ကို အဆုတ်တွေကနေ တစ်ကိုယ်လုံးကိုဖြန့်ဝေပေးပါတယ်။

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

ကိုယ်တွင်းကလီစာတိုင်း ပုံမှန်အလုပ်လုပ်နိုင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး လုံလောက်အောင်မရခဲ့ရင် ဦးနှောက်၊ နှလုံးလိုအရေးကြီးကလီစာတွေအချိန်ခဏလေးနဲ့ ပျက်စီးသွားမှာပါ။ အခုဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါကလည်း အဆုတ်တွေကိုအဓိကတိုက်ခိုက်တဲ့အတွက်သွေးတွင်းအောက်ဆီဂျင် ပမာဏစစ်ဆေးဖို့ အရင်ကထက်ပိုအရေးပါလာပါတယ်။

သွေးတွင်းအောက်ဆီဂျင်ပမာဏကိုသိရဖို့ အရင်တုန်းက သွေးဖောက်ယူပြီးစမ်းသပ်စစ်ဆေးရပေမဲ့ အခုချိန်မှာတော့ လက်ထိပ်မှာစက်လေးတပ်လိုက်ရုံနဲ့ တင် မိနစ်ပိုင်းအတွင်းသွေးတွင်းအောက်ဆီဂျင်ပမာဏ ကိုသိရှိနေနိုင်ပါပြီ။ ဒီစက်တွေကို Pulse Oximeter (ဒါမှမဟုတ်) SPO2 စက်လို့လည်းအလွယ်ခေါ်ဆိုကြ ပါတယ်။ နာကျင်မှုလုံးဝမရှိဘဲ တိုင်းတာပေးနိုင်ပြီး လက်ထိပ်မှာညှပ်ပြီးတိုင်းတာနိုင်ပါတယ်။

လက်ကိုညှပ်လိုက် ချိန်မှာစက်ရဲ့တစ်ဖက်က အလင်းထုတ်ပေးပြီး ဒီအလင်းရောင်ကလက်သည်း၊ အရေပြား၊ အသားစ၊ သွေး အကုန်လုံးကိုဖြတ်သန်းသွားပါတယ်။ အသားစနဲ့သွေးတွေမစုပ်ယူနိုင်ဘဲစက်ရဲ့ တစ်ဖက်ခြမ်းကိုရောက်သွားတဲ့ အလင်းပမာဏကိုစက်ကပြန်ဖမ်းယူပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်ကိုတွက်ထုတ်ပေးတာဖြစ်ပါတယ်။

သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်အတွင်းဆို ၉၅% နဲ့ ၁၀၀% ကြားရှိရမှာပါ (လေထုပါးလွှာတဲ့ တောင်ပေါ်ဒေသမှာနေတဲ့ သူတွေဆိုရင်တော့ ဒီထက်နည်းနိုင်ပါတယ်)။ စက်ပစ္စည်းတိုင်းလွဲချော်မှုအနည်းနဲ့ အများတော့ ရှိတဲ့အတွက် pulse oximeter စက်နဲ့တိုင်းတာတဲ့အဖြေတွေက ၂% ကနေ ၄% အထိတော့လိုတိုးပိုလျှော့ရှိနိုင်တာကို သိထားသင့်ပါတယ်။

ပုံမှန်အားဖြင့် သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာလေ့ရှိတဲ့အချိန်တွေကတော့

– မေ့ဆေးပေးပြီးပြုလုပ်ရတဲ့ ခွဲစိတ်မှုတွေမှာခွဲစိတ်မှုမလုပ်ခင်၊ ခွဲစိတ်နေချိန်နဲ့ ခွဲစိတ်ပြီးချိန်

– အဆုတ်နဲ့သက်ဆိုင်တဲ့ဆေးဝါးတွေသောက်သုံးနေရချိန်

ပြင်းထန်သောလေ့ကျင့်ခန်းများ၊ အားကစားများပြုလုပ်နေချိန်

– အသက်ရှုအကူစက် (ventilator) တပ်ဆင်ထားရချိန်

အိပ်ပျော်နေစဉ်အသက်ရှုရပ်သွားတဲ့ဝေဒနာခံစားနေရချိန်

စတဲ့အချိန်တွေမှာ အဆုတ်အလုပ်လုပ်နိုင်စွမ်းကိုသိရှိဖို့ သွေးတွင်းအောက်ဆီဂျင်တိုင်းတာတတ်ကြပါတယ်။ နှလုံးဖောက်ရောဂါအပါအဝင် နှလုံးရောဂါအမျိုးမျိုး၊ နာတာရှည်အဆုတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ အဆုတ်ကင်ဆာ၊ ပန်းနာရင်ကျပ်နဲ့ နမိုးနီးယားအဆုတ်ရောဂါ စတဲ့ရောဂါတစ်ခုခုခံစားနေရရင်လည်း pulse oximeter စက်နဲ့မကြာခဏတိုင်းတာဖို့လိုအပ်နိုင်ပါတယ်။

အိမ်တွင်းသုံး သွေးတွင်းအောက်ဆီဂျင်တိုင်းတာစက် (Pulse Oximeter) အသုံးပြုဖို့သိပ်ကိုလွယ်ကူပါတယ်။ အဓိကသတိထားရမှာတွေက

လက်သည်းနီ၊ လက်သည်းတု တွေမတပ်ထားတဲ့လက်ချောင်းမှာဘဲတိုင်းတာပါ။ ဒါတွေခံနေရင်ရလဒ်တွေ လွဲမှားနိုင်ပါတယ်

– ဘယ်လက်ချောင်းကိုတိုင်းတိုင်းရပါတယ်။ အများစုကတော့ လက်ခလယ်နဲ့ လက်ညိုးမှာတိုင်းပါတယ်

– စက်က လက်မှာညှပ်လိုက်ပြီးစက္ကန့်ပိုင်းနဲ့အဖြေပြပေးနိုင်ပါတယ်။ ဒါပေမဲ့ပိုတိကျတဲ့အဖြေရအောင်တစ်မိနစ် လောက်တိုင်းတာပေးပါ

– ၅ စက္ကန့်အထိမပြောင်းမလဲပြပေးနေတဲ့အဖြေကို ယူပါ

Pulse oximeter စက်တွေမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏအပြင် သွေးခုန်နှုန်းလည်းပြသပေးတဲ့အတွက် ဒီအဖြေ (၂) ခုကိုမှားမကြည့်မိအောင် သတိထားပါ။

ပုံမှန်အတိုင်းဆိုသွေးတွင်းအောက်ဆီဂျင်ဓာတ် ၉၀% အောက်ရောက်ရင် အသက်ရှုမဝတာ၊ ခေါင်းကိုက်တာ၊ နှလုံးခုန်မြန်တာလိုလက္ခဏာတွေခံစားရနိုင်ပေမဲ့ ကိုဗစ်လူနာတချို့မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၆၀%၊ ၇၀% လောက်ရောက်တဲ့အချိန်ထိ ပုံမှန်အတိုင်းသွားလာနေထိုင်နိုင်တာကိုတွေ့ရပါတယ်။ ဒီလိုမျိုးသွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက် နည်းနေပေမဲ့ ဘာလက္ခဏာမှမခံစားရတာကို Happy Hypoxemia ဒါမှမဟုတ် Silent Hypoxemia လို့ခေါ်ဆိုပါတယ်။ Happy hypoxemia အဖြစ်နိုင်ဆုံး အကြောင်းရင်းတစ်ခုကတော့ ကိုဗစ်လူနာတွေမှာသွေးတွင်းအောက်ဆီဂျင်ဓာတ် လျော့နည်းနေပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပုံမှန်အတိုင်းစွန့်ပစ်နေနိုင်သေးတဲ့အတွက် ဘာလက္ခဏာမှမခံစားရတာ ဖြစ်နိုင်တယ်လို့သုတေသနတွေကဆိုထားပါတယ်။

Dr. Htoo Tint

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.hopkinsmedicine.org/health/treatment-tests-and-therapies/pulse-oximetry

https://www.england.nhs.uk/coronavirus/wp-content/uploads/sites/52/2020/06/C0445-remote-monitoring-in-primary-care-annex-2-diary.pdf

https://www.ncbi.nlm.nih.gov/pmc/articles/PMC7397783/

https://www.yalemedicine.org/conditions/pulse-oximetry/

ယခုပုံစံ

01/12/2021

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်းအောက်ဆီဂျင်ဓာတ်တိုင်းတာမှုနည်းလမ်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/12/2021 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ