ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 28, 2020 . 2 mins read
Share now

အခုလိုကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆို ကြုံတွေ့ရနိုင်တာလေးတွေနဲ့ ပြင်ဆင်ထားသင့်တာတွေကို ပြောပြပေးချင်ပါတယ်။

ကိုဗစ်ရောဂါဆိုးကြီးက တစ်ကမ္ဘာလုံးအပေါ်သက်ရောက်မှုကြီးမားပါတယ်။ ဒီအထဲမှာအသိသာဆုံးနဲ့ အဆိုးရွားဆုံးသက်ရောက်မှုကိုခံစားရတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍပါပဲ။ ဆေးရုံတွေက လက်ရှိအချိန်မှာ ထိခိုက်ရှနာနဲ့အရေးပေါ်လူနာမျိုးစုံကို ကုသပေးရတဲ့အပြင် ကိုဗစ်လူနာတွေကိုလည်း လက်ခံကုသပေးနေပါတယ်။နောက်ပြီး ဆရာဝန်၊ဆရာမတွေကိုယ်တိုင် ရောဂါကူးစက်မခံရအောင်လည်း ဂရုစိုက်နေရပါတယ်။

ဒါ့ကြောင့်ဒီအချိန်မှာ ဆေးရုံဆေးခန်းလာတဲ့လူနာမှန်သမျှကို triage စနစ်လို့ခေါ်တဲ့ လူနာကိုပြင်းထန်မှုအလိုက် ခွဲခြားကုသမှုပေးတဲ့ စနစ်နဲ့သွားရမှာပါ။ ဆိုလိုတဲ့အဓိပ္ပာယ်က သင့်မှာခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆိုရင် ဒီရောဂါက ဆေးရုံချက်ချင်းတက်ပြီးခွဲစိတ်ဖို့ လိုသလား ဒါမှမဟုတ် ဆေးထိုး ဆေးသောက်လုပ်ပြီးထိန်းထားလို့ ရသလား ဆိုပြီး (၂) မျိုးခွဲပါတယ်။

ပထမတစ်မျိုးကို အရေးပေါ်ခွဲစိတ်ကုသမှု (emergency surgery) လိုအပ်တဲ့အုပ်စုထဲထည့်ပါတယ်။ ဥပမာ – အူအတက်ပေါက်ခြင်း၊ ခြေပြတ်လက်ပြတ်တာလို ပြင်းထန်တဲ့မတော်တဆတွေနဲ့ ရုတ်တရက်နှလုံးဖောက်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေခံစားရရင် ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပြီး  အချိန်မီကုသမှလည်း အသက်ရှင်နိုင်ခြေရှိမှာဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ ချက်ချင်းကုသမှုမလုပ်လည်း အသက်အန္တရာယ်မရှိတဲ့ခွဲစိတ်မှုအမျိုးအစားတွေဖြစ်ပြီး elective surgery တွေလို့သတ်မှတ်ပါတယ်၊ ကင်ဆာကျိတ်မဟုတ်တဲ့အလုံးအကျိတ်တွေခွဲစိတ်ဖယ်ရှားတာ၊ အလှအပဆိုင်ရာခွဲစိတ်ပြုပြင်မှုတွေဆို ဒီအုပ်စုထဲပါဝင်ပါတယ်။ အရေးပေါ်ခွဲစိတ်ကုသမှုမလိုအပ်တဲ့ ဒီလိုခွဲစိတ်မှုတွေအားလုံးကို အခုလိုကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ ဆေးရုံတွေကလက်ခံပြီး ခွဲစိတ်မှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင်

– အခုလိုအချိန်မျိုးမှာ ကိုဗစ်လူနာတွေကိုဦးစားပေးပြုစုစောင့်ရှောက်မှုပေးနေရတဲ့အတွက် မလိုအပ်တဲ့နေရာမှာ လူအင်အားပြုန်းတီးသွားနိုင်တယ်

– မေ့ဆေးပေးပြီး လုပ်ဆောင်ရတဲ့ခွဲစိတ်မှုတွေမှာ လူနာကို အသက်ရှုစက် (ventilator) တပ်ဆင်ပေးထားဖို့လို ပါတယ်။ ကိုဗစ်ရောဂါပြင်းထန်တဲ့သူတွေမှာလည်း အသက်ရှုစက်လိုအပ်တဲ့အတွက် မလိုအပ်ဘဲ ပစ္စည်းအင်အားပြုန်းတီးနိုင်တယ်

– ခွဲစိတ်မှုတစ်ခုလုပ်တော့မယ်ဆို လူအင်အားရော ပစ္စည်းအင်အားပါအများကြီးသုံးရပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါကို ထိန်းချုပ်ဖို့အသည်းအသန်ကြိုးပမ်းနေရချိန်မှာ အရေးပေါ်ခွဲစိတ်မှုမဟုတ်ရင် တခြားခွဲစိတ်မှုမှန်သမျှ မလုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါတယ်

– ခွဲစိတ်ခံမယ့်လူနာမှာ ကိုဗစ်ပိုးရှိနေရင် ပါဝင်လုပ်ဆောင်ပေးတဲ့သူတွေအကုန်ကူးစက်ခံရနိုင်တယ်

– အပြန်အလှန်အနေနဲ့ ခွဲစိတ်ခံဖို့ဆေးရုံတက်လာတဲ့လူနာလည်း ဆေးရုံရောက်မှကိုဗစ်ပိုး ကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်

ဒီလိုအချက်တွေကြောင့် အခုလိုကိုဗစ်ရောဂါကူးစက်ဖြစ်ပွားနေချိန် ဆေးရုံတွေမှာအရေးမကြီးတဲ့ ခွဲစိတ်ကုသမှုတွေမလုပ်ဆောင်တော့တာ သဘာဝကျပါတယ်။ ချက်ချင်းခွဲစိတ်ဖို့မလိုအပ်သေးတဲ့ လူနာတွေကို ဆေးထိုးဆေးသောက်လုပ်ပြီး ရောဂါအခြေအနေကို အချိန်တစ်ခုထိဆွဲထားတာမျိုး ကြုံရနိုင်ပါတယ်။ ဥပမာ – ဆီးကျောက်တည်နေတဲ့လူနာတစ်ယောက်ကို ဆီးကျောက်အရွယ်အစားသိပ်မကြီးရင်၊ ရောဂါလက္ခဏာလည်း အရမ်းမဆိုးရင် သောက်ဆေးနဲ့တင်ထိန်းထားတာမျိုးပြုလုပ်နိုင်ပါတယ်။ ဒါလည်းဆီးကျောက်အမျိုးအစားနဲ့ တည်နေရာပေါ်မူတည်ပါသေးတယ်။

နှလုံးသွေးကြောပိတ်ခြင်းဦးနှောက်တွင်းသွေးယိုစိမ့်ခြင်းလို အသက်အန္တရာယ်များတဲ့အခြေအနေတွေကတော့ ခွဲစိတ်ကုသဖို့လိုအပ်မှာပါ။ ဒါပေမဲ့ဒီလိုအရေးပေါ်ကိစ္စတွေမှာတောင် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက်ထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဆောင်ရွက်ရတဲ့အတွက် ပုံမှန်အချိန်ထက်နှောင့်နှေးမှုတွေ ကြုံရနိုင်ပါတယ်။ ဆေးရုံရောက်လာတဲ့လူနာမှာ ကိုဗစ်ရောဂါလက္ခဏာတွေရှိနေခဲ့ရင် အထူးစီမံထားတဲ့ ခွဲစိတ်ခန်းမှာ လူနာကို ခွဲစိတ်ကုသပေးရမှာဖြစ်သလို ပါဝင်ကုသပေးမယ့် ဆရာဝန်၊ဆရာမတွေလည်း အကာအကွယ် အပြည့်အစုံဝတ်ဆင်ရတော့မှာပါ။

ဒီအချိန်မှာဆေးရုံတွေက ကိုဗစ်ရောဂါကြောင့်အန္တရာယ်အများဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ကုသမှုခံယူမဲ့သူဟာ ဆေးရုံတက်မှရောဂါပိုးကူးစက်ခံလိုက်ရတာမျိုးလည်း ဖြစ်သွားနိုင်တာကိုသိရှိလက်ခံထားသင့်ပါတယ်။ နောက်ပြီးလက်ရှိအချိန်မှာလည်း ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို လက်ခံကုသပေးလို့မရသေးတာကို သိရှိထားသင့်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ကိုဗစ်ကူးစက်ခံရတယ်လို့သံသယရှိနေရင် နီးစပ်ရာဖျားနာကုဆေးခန်း (Fever clinic) ကိုအရင်သွားပြဖို့ အကြံပြုလိုပါတယ်။

Dr. Htoo Tint

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကြောင့် ဗီတာမင်ဒီကို နာမည်မပျက်စေလို . . .

ကိုဗစ် ကို ကာကွယ်ဖို့ ဗီတာမင်ဒီသောက်သင့်နေပြီလား။ ဗီတာမင်ဒီက ကိုဗစ်ကို ပျောက်စေမှာလား။ ဒီဆောင်းပါးထဲမှာ အဖြေရှာ ကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read