မကူးစက်နိုင်သောရောဂါများ (Non-communicable diseases) ဆိုတာကတော့ နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ရောဂါတွေပါ။ COVID-19 ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေချိန်မှာ လူတိုင်းဟာ မိမိကိုကူးစက်သွားမှာ ကြောက်ကြပါတယ်။ ကူးစက်ပြီးချိန်မှာ ကျန်းမာရေးအခြေအနေဟာ ဘယ်လိုရှိမလဲ၊ ပြန်ကောင်း လာနိုင်မှာလား စသဖြင့်ပါ။ ပုံမှန်သာမန်လူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခြင်းခံရတာနဲ့ ဆိုးရွားတဲ့အလား အလာရှိဖို့ နည်းပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့် ပြန်လည် ကောင်းမွန်သွားနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။