- မှိုပိုး ကူးစက်မှုတွေကို သက်သာစေတယ်
မအူပင်က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရေပြား မှိုပိုးဝင်တာ၊ နားမှိုပိုးဝင်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့ဆိုရင်တော့ မအူပင် အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
- အရိုးအကြော ပြဿနာတွေကို သက်သာစေတယ်
မအူပင်ရဲ့ နောက်ထပ် ဆေးဖက်ဝင်တဲ့ အချက်တစ်ခုကတော့ အဆစ်တွေ နဲ့ ကြွက်သားတွေမှာ ဖြစ်တဲ့ ထိခိုက်မှုတွေကို သက်သာစေတာပါ။ လေးဖက်နာတာ၊ ကြွက်သားတွေ တောင့်တင်းတာ၊ အဆစ်နာတာတွေကို သက်သာစေဖို့ မအူမြစ်ကို သွေးလိမ်းပေးလို့ ရပါတယ်။ ကြွက်သား ဒဏ်ဖြစ်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
- ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်
မအူပင်ကို ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ကူးစက်မှုတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ဘက်တီးရီးယား ကူးစက်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို အစာခြေစနစ်၊ အာရုံကြောစနစ်၊ အရိုးတွေ၊ မျက်လုံးတွေမှာ ဘက်တီးရီးယားတွေ ဝင်ရောက် ကူးစက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
- သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်
မအူပင်ကို သွေးတွင်းအဆီဓာတ်ကို ထိန်းညှိဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ သွေးကြော အတွင်းနံရံတွေက အဆီတွေကို ဖယ်ရှားပေးပြီး သွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးထဲမှာ အဆီများပြီး သွေးကြောတွေ ကျဉ်းလာတဲ့အခါ နှလုံး နဲ့ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး လေဖြတ်တာလိုမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
- ကပ်ပါးပိုးတွေကို ဖယ်ရှားပေးနိုင်တယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။