ပဲနံ့သာစေ့ကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
ပဲနံ့သာပင်ကဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယ ဟင်းလျာတွေထဲမှာ ပဲနံ့သာစေ့ကိုထည့်သွင်းချက်ပြုတ်လေ့ရှိ ကြပါတယ်။ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ပဲနံ့သာစေ့ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိသလို ဆံပင်သန်ဆေးအဖြစ်နဲ့လည်း သုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာပဲနံ့သာစေ့က ကျန်းမာရေးကောင်းစေရုံ၊ ဆံပင်တွေသန်စွမ်းစေရုံသာမက အခြားကျန်းမာရေးအကျိုးကျးဇူးတွေပါရှိနေတယ်။ လို့သိရပါတယ်။ ပဲနံ့သာစေ့ကိုဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပေးခြင်းဖြင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်သလို ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်လည်း သားသမီးရရှိစေနိုင်မှာဖြစ်တဲ့အပြင် အရေပြားအတွက်လည်းကောင်းကျိုးတွေပေးစွမ်းနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။