backup og meta

ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

    ဗောက် ဆိုတာ ဦးရေပြားဆိုင်ရာ ပြဿနာဖြစ်ပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဦးရေပြားက မကြာခဏ ယားယံနေပြီး ခေါင်းဖြီးလိုက်တိုင်း အဖြူရောင်အမှုန်၊ အဖတ်တွေ ကျလာတတ်တာ ဗောက် ပြဿနာရဲ့ လက္ခဏာတွေပါ။ ဒါ့အပြင် ဦးရေပြားမှာ ဆီလို ချွဲကျိနေတဲ့ အကွက်တွေ ဖြစ်တတ်ပြီး အသားထဲက တစ်ခုခု ထိုးနေသလို ခံစားရနိုင်ပါတယ်။

    မိန်းကလေးတွေ ဆံပင်မကြာခဏ ဖြောင့်တာ၊ ကောက်တာ၊ ပုံသွင်းတာကြောင့် ဆံသားခြောက်သွေ့ပျက်စီးပြီး ဗောက်ထတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာ၊ ခေါင်းသိပ်မလျှော်တာ၊ ဆံပင်ပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ သုံးလွန်းပြီး ခေါင်းမလျှော်ဘဲ ထားထားတာကြောင့်လည်း ဗောက်ထနိုင်ပါတယ်။ မျိုးရိုးဗီဇ၊ ရောဂါအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ရံဖန်ရံခါ ဗောက်ထနိုင်ပါတယ်။

    အကောင်းဆုံးကတော့ ဗောက်ထတဲ့ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်ဖို့ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဒီနေ့မှာတော့ ဗောက် ပြဿနာကို အိမ်မှာ အလွယ်တကူ ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။

    ဗောက် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

    ၁။ လက်ဖက်ပင်က ရတဲ့အဆီ

    Tea Tree Oil လို့ ခေါ်တဲ့ လက်ဖက်ပင်က ရတဲ့အဆီတွေဟာ ဝက်ခြံ၊ အမာရွတ်အတွက်သာမက ဗောက်ပြဿနာကိုပါ ထိထိရောက်ရောက်ဖြေရှင်းနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဦးရေပြားပေါ်က မှိုကြောင့် ဖြစ်တဲ့ ဗောက် ကို လျော့နည်းသွားစေပြီး ဦးရေပြားပေါ်က ယားနေတာ၊ အဆီပြန်နေတာကို သက်သာစေနိုင်ပါတယ်။

    အုန်းဆီထဲကို လက်ဖက်ပင်က ရတဲ့အဆီ ၁စက်၊ ၂စက်လောက် ထည့်ပြီး သေချာရောမွှေပေးပါ။ ပြီးမှ ဦးရေပြားကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့ အနည်းငယ် ယားယံစေနိုင်ပါတယ်။

    ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

    ၂။ အုန်းဆီ

    အသားအရေအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အုန်းဆီကို ဗောက်ရှင်းတဲ့ နေရာမှာလည်း အသုံးပြုကြပါတယ်။ အုန်းဆီဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ခြောက်သွေ့ယားယံတာတွေ မဖြစ်စေပါဘူး။

    ခေါင်းလျှော်ပြီး ဆံပင်ကို ခြောက်အောင် သုတ်ပြီးသွားရင် အုန်းဆီအနည်းငယ် လက်ပေါ်မှာ ထည့်ပြီး ဦးရေပြားကို နေရာအနှံ့သုတ်လိမ်းပေးပါ။

    ၃။ ရှားစောင်းလက်ပပ်

    အသားအရေထိန်းသိမ်းတဲ့ နေရာမှာ နတ်ဆေးတစ်ပါးလို့ လူသိများကြတဲ့ ရှားစောင်းလက်ပပ်ကို ဗောက် ပျောက်စေဖို့အတွက် အသုံးပြုလို့ ရပါတယ်။ သဘာဝအတိုင်း ရတဲ့ ရှားစောင်းလက်ပပ် ဂျယ်လ်အနှစ်ဟာ ဝက်ခြံ၊ အမာရွတ်နဲ့ အရေပြားပြဿနာတွေသာမက ဦးရေပြားကို အေးမြပြီး ဗောက်ပျောက်စေနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေနိုင်လို့ ထပ်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်မကြာခဏ ကျွတ်တတ်သူတွေကိုလည်း ဆံပင်ပြန်ပေါက်လာစေပြီး ဆံပင်သန်စေပါတယ်။

    ၄။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

    စိတ်ဖိစီးမှုဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်သာမက အသားအရေနဲ့ ဆံသားအလှအပကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဗောက်ကို တိုက်ရိုက်ဖြစ်စေတာမျိုး မဟုတ်ပေမဲ့ ဦးရေပြားကို ခြောက်သွေ့ပြီး ယားယံစေတဲ့အတွက် ဗောက်ထစေဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြီးနေတဲ့အချိန်မှာ ကိုယ်ခံအားစနစ်ကိုလည်း သွားပြီး ထိခိုက်နိုင်တဲ့အတွက် ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းပိုများလာပါတယ်။

    ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

    ၅။ Omega-3 ငါးကြီးဆီ သောက်ပေးပါ။

    ငါးကြီးဆီဟာ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထက်မြက်စေတဲ့အပြင် အသားအရေကိုလည်း စိုပြေလှပစေတယ်။ ဦးရေပြားကိုလည်း ကျန်းမာစေပြီး ဗောက်ပြဿနာတွေကို ဖြေရှင်းပေးတဲ့ နေရာမှာ အထောက်အကူဖြစ်စေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement