Alder Buckthorn (အဲလ်ဒါဘက်ခ်သွန်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

အဲလ်ဒါဘက်ခ်သွန်း ကို ဘာအတွက်အသုံးပြုကြသလဲ

Alder Buckthorn ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။

  • ဝမ်းပျော့ဆေး
  • Tonic
  • Hoxsey cancer formula ရဲ့ ပါဝင်ပစ္စည်းအဖြစ်

Alder Buckthorn ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Alder Buckthorn ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက Alder Buckthorn မှာ ဗီတာမင် A, B1, B2, B6, C နဲ့ အခြားအရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ ဗိုက်နာခြင်းတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အဲလ်ဒါဘက်ခ်သွန်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

  • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
  • Alder Buckthorn နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
  • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
  • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အဲလ်ဒါဘက်ခ်သွန်း က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကလေးတွေမှာ

အသက် ၁၂ နှစ်အောက် ကလေးတွေမှာ သောက်ဆေးအဖြစ် Alder Buckthorn ဟာ စိတ်ချရခြင်း မရှိပါဘူး။

ခွဲစိတ်မှု

Alder Buckthorn အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

အဲလ်ဒါဘက်ခ်သွန်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Alder Buckthorn ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • ဗိုက်နာခြင်း
  • ပန်းနာရင်ကျပ်
  • အူ အလုပ်မလုပ်နိုင်ခြင်း
  • အူမခြင်းကင်ဆာ
  • ပိုတက်စီယမ် နည်းခြင်း
  • အစာအိမ် ပြဿနာများ
  • ကြွက်သား အားနည်းခြင်း
  • သွေးပြဿနာများ
  • ကိုယ်ခန္ဓါပြင်ပ ဆဲလ်တွေ သေဆုံးခြင်း
  • ကယ်စီယမ် နည်းခြင်း
  • အူ အရောင် ပုံမှန်မဟုတ်ခြင်း
  • ပျို့ခြင်း
  • နှာစေးခြင်း
  • အကျိတ်ဖြစ်ခြင်း
  • အန်ခြင်း
  • နှလုံးရောဂါ
  • သွေးပေါင်ကျခြင်း
  • ဆီးအတွင်းသွေးပါခြင်း
  • ဝမ်းလျှောခြင်း၊ ရေများသော ဝမ်းသွားခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

အဲလ်ဒါဘက်ခ်သွန်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Alder Buckthorn ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အချို့ဆေးတွေဟာ Alder Buckthorn နဲ့ ဓါတ်ပြုနိုင်ပါတယ်။

  • အရောင်ကျဆေးများ – Corticosteroids): dexamethasone (Decadron), hydrocortisone (Cortef), methylprednisolone (Medrol), prednisone (Deltasone)
  • Digoxin (Lanoxin)
  • Water pills (Diuretic drugs): chlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, HydroDiuril, Microzide)
  • Stimulant laxatives: bisacodyl (Correctol, Dulcolax), cascara, castor oil (Purge), senna (Senokot)
  • Warfarin (Coumadin)

အောက်ဖေါ်ပြပါ ကျန်းမာရေးအခြေအနေတွေဟာ Alder Buckthorn နဲ့ ဓါတ်ပြုနိုင်ပါတယ်။

  • ဝမ်းလျှောခြင်း
  • အူပိတ်ခြင်း
  • အူအတက်ရောင်ခြင်း
  • အကြောင်းပြချက်ရှာမတွေ့ပဲ ဗိုက်နာခြင်း
  • အူရောင်ခြင်း

Irritable bowel syndrome (IBS)

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အဲလ်ဒါဘက်ခ်သွန်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Alder Buckthorn ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

  • အခေါက် ခြောက် – ဝ.၅-၂.၅ ဂရမ်
  • လက်ဖက်ရည် – ရေပွက်ပွက်ဆူ ၁၅၀ ml ထဲမှာ ဒီအပင် ၂ ဂရမ်ကို နှစ်ပြီး ၁၀-၁၅ မိနစ်ထားပါ။
  • Liquid extract – ၂-၅ ml တစ်နေ့သုံးကြိမ်သောက်ပါ။ ဒီပုံစံကို အစာစားပုံပြောင်းလဲပြီး ဝမ်းပျော့ဆေးတွေ အလုပ်မလုပ်မှ အသုံးပြုသင့်ပါတယ်။ သူ့ကို ၇-၁၀ ရက်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။

Alder Buckthorn ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အဲလ်ဒါဘက်ခ်သွန်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Alder Buckthorn ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Liquid extract
  • အပင်ခြောက်

• လက်ဖက်ရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းရာသီ ဆောင်းတွင်း အသားပပ် အသားခြောက် အရေပြား အသားအရေ သဘာဝအဆီ အစိုဓာတ် ရေဓာတ် ကိုဗစ် ကျန်းမာရေး အဝတ်အစား လက်ဆေး ဆပ်ပြာ တံတွေး နှုတ်ခမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read
မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read
ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ............

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read