backup og meta

သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၉ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၉ ချက်

    သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေဖြစ်မလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲ လေ့လာလိုက်ပါ။

    သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။

    သီဟိုဠ်စေ့ ဆိုတာ

    သီဟိုဠ်စေ့ ဆိုတာက သီဟိုဠ်သီးရဲ့ အစေ့ပါ။ လှော်ပြီး စားလေ့ရှိကြပြီး ဆိမ့်ဆိမ့်ချိုချိုလေးပါ။ အချိုပွဲတွေမှာ ထည့်စားကြသလို သူ့ချည်း သက်သက်လည်း စားကြပါတယ်။

    သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုး

    သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။

    သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၉ ချက်

    သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ –

    (၁) နှလုံးရောဂါကာကွယ်ပေးခြင်း

    သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ စားသုံးပုံမှန်ကန် မယ်ဆိုရင် ဒီအဆီဓါတ်တွေက ဆိုးကျိုးပေးတဲ့ကိုလက်စထရော(LDL cholesterol)တွေကိုလျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။

    (၂) ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း

    သီဟိုဠ်စေ့တွေမှာ အရိုး၊ကြွက်သား၊တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကသွေးဖိအားကိုထိန်းညှိပေးပြီး ကိုယ်ခံအားကောင်းစေ၊ အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။ အင်ဆူလင်လုပ်ဆောင်ချက်ကိုလည်း ထိန်းညှိပေးပြီးသွေးတွင်းသကြားဓါတ်ကို မှန်ကန်စေတယ်လို့ ဆိုပါတယ်။

    (၃) ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း

    သကြားဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက်ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလည်း အမျိုးအစား ၂ ဆီးချိုေရာဂါဖြစ်လာနိုင်တဲ့အန္တရာယ်လည်းနည်းပါးစေတယ်လို့ သိရပါတယ်။

    (၄) ကင်ဆာဆေးတွေပိုထိရောက်စေခြင်း

    သီဟိုဠ်စေ့မှာပါဝင်တဲ့anacardic acids၊ cardanols နဲ့ cardols တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။

    (၅) သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးခြင်း

    သီဟိုဠ်စေ့မှာ သံဓါတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓါတ်ကြွယ်ဝပြီးသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ကျောရိုးစနစ်အတွက်လည်း အရေးပါပါတယ်။ကော့ပါးဓါတ်ချို့တဲ့ရင် အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တာ၊သွေးအားနည်းရောဂါတွေဖြစ်စေတတ်ပါတယ်။

    (၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း

    အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓါတ်ပါဝင်တာကြောင့်လည်း ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓါတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။

    (၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း

    သီဟိုဠ်စေ့တွေမှာ ခန္ဓါကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓါတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပါတယ်။ သံဓါတ်ချို့တဲ့ရင်မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီးရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။

    (၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း

    သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင်ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။

    (၉) ကိုယ်ခံအားကောင်းစေခြင်း

    ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကိုထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓါတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓါတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓါကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။

    (၁၀) အဆီပါဝင်မှု

    သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓါတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။

    သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုး

    • ကျောက်ကပ်ကျောက်တည်ခြင်း –သီဟိုဠ်စေ့မှာ ခန္ဓါကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့oxalate saltsတွေပါဝင်ပါတယ်။ ကယ်လ်စီယမ်တွေကို မစုပ်ယူနိုင်ဘဲ စုပုံသွားရင်ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါ့ကြောင့်ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သီဟိုဠ်စေ့ကို နည်းနည်းသာချင့်ချိန်စားသင့်ပါတယ်။
    • ဓါတ်မတည့်ခြင်း – ကျန်းမာရေးအကျိုးကျေးဇူးတွေများပေမယ့် အစေ့အဆံတွေနဲ့ဓါတ်မတည့်သူတွေအတွက်ကတော့ အန္တရာယ်ရှိနိုင်ပါတယ်။ သီဟိုဠ်စေ့နဲ့ သစ်ကြားသီးတို့လို အစေ့အဆံတွေကို ဓါတ်မတည့်မှုဟာ အနည်းအကျဉ်းဖြစ်ရင်ဖြစ်နိုင်သလိုပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့်တော့အောက်ပါနောက်ဆက်တွဲပြဿနာတွေ ရှိလာစေနိုင်ပါတယ်။
    • အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာများ– တချို့မှာ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အော့အန်ခြင်း တို့ခံစားရတတ်ပါတယ်။
    • အသက်ရှူလမ်းကြောင်းပြဿနာ– နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်နိုင်ပါတယ်။

    ဒီထက်ပိုပြီးပြင်းထန်လာရင်တော့glottisedemaဒါမှမဟုတ် anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement