backup og meta

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

    အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။

    အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ

    အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။

  • အရိုးပါးတာ
  • အရိုးပွတာ
  • အရိုး သိပ်သည်းဆ ကျဆင်းလာ
  • အရိုးကျိုးတာ
  • အရိုးအက်တာ
  • အရိုးကင်ဆာ
  • အဆစ်ရောင်နာ
  • အဆစ်လွဲတာ
  • အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။
  • အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

    အရိုးကျန်းမာစေဖို့ အလေ့အကျင့်ကောင်းတွေ မွေးမြူဖို့ နောက်ကျတယ်။ စောတယ်ရယ် မရှိပါဘူး။ အရွယ်ငယ်စဉ်ကတည်းက သေချာ ဂရုစိုက်နိုင်ရင်တော့ ပိုပြီး ကောင်းတာပေါ့။ အရိုးတွေကို ကျန်းမာစေမယ့် အလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးတာက အသက်အရွယ်ကြောင့် အရိုးသိပ်သည်းဆ ကျဆင်းနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

    အရိုးသိပ်သည်းဆ ကျဆင်းလာတာက အရိုးပါးတာ၊ အရိုးပွတာ၊ အရိုးကျိုးလွယ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    အရိုးတွေကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းများ

    အရိုးတွေကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းများ

    သန်စွမ်းကြံ့ခိုင်တဲ့ အရိုးတွေ ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်

    နေ့စဉ်စားသုံးမှုမှာ အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊ ပရိုတင်း၊ ဗီတာမင် K၊ ဗီတာမင် D တို့ ပါဝင်အောင် စားသုံးပေးပါ။

    အသား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဥအမျိုးမျိုးကို စားပေးလို့ ရပါတယ်။ တစ်နေ့တာမှာ အာဟာရပြည့်ဝအောင် စားသုံးပေးတာက အရိုးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    နေရောင်ခြည်က ဗီတာမင် D ကို ပေးစွမ်းနိုင်တာကြောင့် အရိုးတွေ ကျန်းမာစေဖို့ နေရောင်ခံပါ။ နေရောင်ခြည်က စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အရိုးတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။

    နေရောင်ဆိုတဲ့နေရာမှာ မနက်ခင်း နေခြည်နွေးနွေးလေးကို ဆိုလိုချင်တာပါ။

    လှုပ်လှုပ်ရှားရှား နေတာကလည်း အရိုးတွေကို ကျန်းမာသန်စွမ်းစေတဲ့ အလေ့အကျင့်ကောင်း တစ်ရပ်ပါ။ တစ်ပတ်ကို ၂.၅ နာရီလောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

    လမ်းလျှောက်တာ၊ အလေးမတာ၊ ခပ်ရွရွ ပြေးတာ၊ ယောဂလေ့ကျင့်တာတွေက အရိုး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဆေးလိပ် သောက်တာ၊ အရက်သောက်တာတွေက အရိုးသိပ်သည်းဆကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် အရိုးတွေ ကျန်းမာသန်စွမ်းချင်တယ်ဆိုရင် ဆေးလိပ် နဲ့ အရက် လျှော့ပါ။

    ဖြစ်နိုင်ရင်တော့ ဆေးလိပ်တွေ၊ အရက်တွေကို ဖြတ်လိုက်တာက အကောင်းဆုံး နည်းလမ်း ဖြစ်မှာပါ။

    ကဖင်းက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ကဖင်း များများ စားသုံးတာက အရိုးတွေကို ကယ်လ်ဆီယမ် ရရှိမှု နည်းစေပြီး အရိုးသိပ်သည်းဆ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတဲ့ စားစရာတွေကို လျှော့စားပါ။

    လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ပက်ပ်စီ၊ အားဖြည့်အချိုရည်တွေ၊ ချောကလက် စတာတွေပါ။ ကဖင်းပါတာတွေထဲမှာ ချောကလက်ကတော့ ကဖင်း ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုရပါမယ်။

    ကဲ ……. အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဘယ်နှချက်လောက်များ ပိုင်ဆိုင်ထားပါသလဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement