အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုးမြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးကို ငယ်ငယ်က ကစားဖို့အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ကျောက်သင်ပုန်းဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေကကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက်ပိုတဲ့ အာနိသင်တွေရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။
ကျောက်သင်ပုန်းရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်
ဒီအရွက်လေးရဲ့ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေလုပ်ထားတာဖြစ်ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့P.Pellucida က ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကကfree radicalsတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးတယ်
ကျောက်သင်ပုန်းရွက်မှာပါတဲ့patuloside A လို့ခေါ်တဲ့ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီးရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်
အဆစ်အမြစ်ရောင်သူတွေနဲ့ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ်ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနီးပါး သက်သာစေတာကိုတွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။
သွေးတွင်း ယူရစ်အက်ဆစ်ကိုကျစေနိုင်တယ်
ကျောက်သင်ပုန်းရွက်ကသွေးတွင်းယူရစ်အက်ဆစ်ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝဆေးတစ်မျိုးပါ။ကျောက်သင်ပုန်းရွက်မှာပါတဲ့allopurino ကသွေးတွင်း ယူရစ်အက်ဆစ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။
စိတ်ဓါတ်ကျတာကို သက်သာစေနိုင်ပါတယ်
ကျောက်သင်ပုန်းရွက်လေးက စိတ်ဓါတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးပေါ့။
အလေ့ကျပေါက်တဲ့ကျောက်သင်ပုန်းရွက်လေးကိုရေစင်အောင်ဆေးပြီးရေနွေးဆူဆူထဲ ထည့်ကျိုလို့သောက်ပေးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ကျောက်သင်ပုန်းရွက်နဲ့ ဓါတ်မတည့်သူတွေကတော့ မစားသင့်ပါဘူး။ အသင့်အတင့်က အဆင်ပြေပေမယ့် အရမ်းများရင် ဆိုးကျိုးရှိလာနိုင်တာကြောင့်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။