home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

မန်ကျည်းပင်ကနွေရာသီမှာဆိုရင်အေးမြတဲ့အရိပ်ကိုပေးနိုင်ပါတယ်။နွေပူပူမှာ မန်ကျည်းရိပ်အေးအေးလေးမှာထိုင် အကြမ်းရည်သောက်ရင်း အညာဓလေ့အတိုင်း ထန်းလျက်လေးစား လက်ဖက်သုပ်လေးဝါးရတာကတော်တော်လေးအရသာရှိတယ်နော်။ အညာအငွေ့အသက်လေးတွေကတော်တော့်ကိုချစ်စရာကောင်းတာနော်။ မန်ကျည်းပင်ရဲ့ အသုံးတည့်မှုကဒီလောက်နဲ့ပြီးမသွားပါဘူး။ မန်ကျည်းပင်က အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး အသုံးဝင်ပါတယ်။

အခုတစ်ခေါက်တော့နွေရာသီရောက်လာတဲ့အခါရာသီစာတစ်ခုအနေနဲ့ စားတတ်ကြတယ် မန်ကျည်းရွက်လေးတွေရဲ့ဆေးဖက်ဝင်ပုံအချို့ကိုပြောပြပေးမယ်နော်။ မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်စိမ်း၊ ပုဇွန်ခြောက်မှုန့်၊မြေပဲမှုန့်၊ ဆီစိမ်း၊ အချို အငန်အရသာထည့်ပြီးသုပ်စားကြတာမျိုးရှိသလို ချဉ်ရည်ဟင်းချက်စားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲစားစား စားလို့ကောင်းတာကတော့ အမှန်ပါ။

စားလို့ကောင်းတဲ့မန်ကျည်းရွက်ရဲ့ဆေးဖက်ဝင်ပုံက

မန်းကျည်းရွက်လေးတွေက စားလို့တင်ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်းရှိနေပါသေးတယ်။

ဆီးချိုသက်သာစေနိုင်တယ် – မန်ကျည်းရွက်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ပမာဏကိုတိုးလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေရောင်ရမ်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ငှက်ဖျားသက်သာစေနိုင်တယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ်ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

နို့ထွက်ကောင်းစေတယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ် -လေဒီတွေခံစားရတဲ့ လစဉ်တိုင်းနာကျင်ကိုက်ခဲမှုဝေဒနာသက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင်အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။

ခံတွင်းကျန်းမာရေးအတွက်ကောင်းတယ် – ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွားကိုက်သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။

သွေးတိုးသက်သာစေနိုင်တယ် – ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူသွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက် ကိုစားသုံးပေးလို့ရပါတယ်။သွေးတိုးကျအောင်လုပ်ဆောင်နိုင်မှုကလေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောေရာဂါနဲ့ အခြားသောရောဂါအမျိုးမျိုးကို ကာကွယ်ရာရောက်မှာပါ။

ဒါတွေတင်မကသေးပါဘူး။ မန်ကျည်းရွက်က အသည်းရောဂါတွေကိုသက်သာစေနိုင်သလို အသည်းရောင်အသားဝါရောဂါ၊ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

16 Tamarind Leaves Remedies For Cough, Liver Diseases, Menstrual Cramps!!http://www.webfeed360.com/health-fitness/tamarind-leaves-best-home-remedies/ Accessed Date 28 August 2018

13 Amazing Health Benefits Of Tamarind Leaveshttps://www.stylecraze.com/articles/amazing-health-benefits-of-tamarind-leaves/#grefAccessed Date 28 August 2018

Suprising Health Benefits Of Tamarind Leaves That You Should Know!https://viralityfacts.com/facts/suprising-health-benefits-of-tamarind-leaves-that-you-should-know/Accessed Date 28 August 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။