backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ
ခေါင်းမြီးခြုံ လုံပါပေ့။ ဆံမြိတ်ချ လှပါပေ့။ ကျောက်တန်းစီ ညီပါပေ့ ဆိုတဲ့ ပဟေဠိလေးရဲ့ အဖြေက ပြောင်းဖူးဆိုတာ လူတိုင်းသိပြီးမှာပါ။ ပြောင်းဖူးကို ဝယ်တဲ့အခါ ခေါင်းမြီးခြုံ လုံပါပေ့ လို့တင်စားတဲ့ အခွံ နဲ့ ဆံမြိတ်ချ လှပါပေ့ လို့တင်စားတဲ့ အမွေးလေးတွေကို ဖယ်လို့ စားကြတယ်နော်။ ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ ကို ပြောပြပေးချင်ပါတယ်။

ပြောင်းဖူးမွေး ဆိုတာ

ပြောင်းဖူးမွေးက အဝါရောင်ဖျော့ဖျော့ အပ်ချည်မျှင်လိုသေးသွယ်ပြီး ရှည်လျားတဲ့ အရာလေးတွေပါ။ ပြောင်းဖူးလေးတွေရဲ့ ထိပ်ပိုင်းမှာ ပါတတ်ကြပါတယ်။ ဒီအမွေးတွေကို ခုခေတ်မှာ ဖယ်​ပစ်ကြပေမယ့် ရှေးယခင်က ဆေးဖက်ဝင်တဲ့ အရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ပြောင်းဖူးမွေးမှာ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်နေသလို ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပါတယ်။

ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ

ပြောင်းဖူးမွေးရဲ့ ဆေးဖက်ဝင်ပုံ ကတော့

  • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ပြောင်းဖူးမွေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ် ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

  • ဆီးရွှင် စေတယ်
  • ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဆီးမသွားနိုင်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ကျောက်ကပ်မှာ ကျောက်တည်တာက နာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာ​ကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    • သွေးတိတ် စေတယ်

    ပြောင်းဖူးမွေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။

  • သွေးတိုးကျ စေတယ်
  • ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မှာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။

  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
  • သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။

    ပြောင်းဖူးမွေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။

    သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွေးကို ပြုတ်သောက်ပေးလို့ရပါတယ်။

    ပြောင်းဖူးမွေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။

    ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။

    ဘာတွေ သတိထားရမလဲ

    ပြောင်းဖူးမွေးက ဆေးဖက်ဝင်တာ မှန်ပေမယ့် အလွန်အကျွံ အသုံးပြုတာက ကျန်းမာရေး ဆိုးကျိုး ရှိနိုင်တာကြောင့် အများကြီး အသုံးပြုတာမျိုး မလုပ်ဖို့ လိုပါမယ်။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

    ရောဂါအခံ ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ပြောင်းဖူးမွေးကို အသုံးမပြုခင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement