backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးတိုးစေတာက အငန်စားလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်လား


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးတိုးစေတာက အငန်စားလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်လား

သွေးတိုးတာကရေပန်းစားလာတဲ့ရောဂါတစ်ခုပေါ့။ လူတော်တော်များများအရွယ်မရွေးသွေးတိုးဖြစ်ကြတယ်နော်။ အရင်တုန်းကဆိုရင် အသက်တော်တော်ကြီးတဲ့သူတွေမှာမှဖြစ်တာနော်။ အခုတော့သွေးတိုးက လူငယ်တွေမှာတောင်ဖြစ်လာကြတယ်နော်။သွေးတိုးနဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက ကြားလာနိုင်တာတစ်ခုရှိပါတယ်။ ဒါကတော့ အငန်တွေလျှာ့စားလေသေါးတိုးမယ်ဆိုတာပေါ့။ သွေးတိုးတာက အငန်စားလို့ဖြစ်တာဆိုပေမယ့် အပြည့်အဝမှန်လားဆိုတော့ မဟုတ်ပြန်ပါဘူးနော်။သွေးတိုးစေတဲ့အခြားအကြောင်းအရာတွေရှိနေပါသေးတယ်နော်။

သွေးတိုးဆိုတာက

သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိမြင့်တက်သွားတာကိုသွေးတိုးတယ်လို့ခေါ်ကြတာပါ။သွေးတိုးကနောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။

သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။

သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောရတဲ့အကြောင်းအရင်း

သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောကြရတာက အချို့ဆိုရင် ကြီးကြီးမားမားလက္ခဏာမပြမချင်း သူတို့မှာသွေးတိုးရှိနေလို့ရှိနေမှန်းမသိကြပါဘူး။သွေးတိုကို မသိလို့ မကုသဘဲထားမိတယ်။သွေးတိုးကို မကုသဘဲ အချိန်ကြာမြင့်စွာထားရင်း ကဘာဖြစ်လာလဲဆိုတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာတာပေါ့။

သွေးတိုးတာက အငန်စားလို့လား

အများလက်ခံထားတဲ့ အယူအဆက အငန်များတာတွေ စားလို့သွေးတိုးတယ်ပေါ့။ တကယ်တော့ ဒီယူဆချက်က အပြည့်အဝတော့မမှန်ပါဘူးနော်။သွေးတိုးစေတဲ့ အခြားအကြောင်းအရင်းတွေရှိပါသေးတယ်နော်။ ဒါကြောင့် အငန်မှမစားတာသွေးတိုးမဖြစ်နိုင်ဘူးလိုပ မယူဆစေချင်ပါဘူး။သွေးတိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကိုလည်း သတိထားစေချင်ပါတယ်နော်။

  • ကဖင်း အသောက်များတာ
  • အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
  • နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
  • ကိုကင်းသုံးတာ
  • အက်ဒရီနယ်လင်ဂလင်းတွေ အရမ်းအလုပ်လုပ်လွန်းနေတာ
  • ကိုယ်ဝန်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာ
  • ဆေးလိပ်သောက်တာ
  • စိတ်ဖိစီးတာ
  • သိုင်းရွိုက်ပြဿနာရှိနေတာ
  • အဝလွန်​နေတာ
  • ဆီးချိုရှိနေတာ
  • သွေးတွင်းမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏနည်းနေတာ
  • ကိုယ်လက်လှုပ်ရှားမှုနည်းတာ
  • အယ်လ်ကိုဟောအသောက်များတာ
  • အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြာင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွေးတိုးနိုင်ပါတယ်။
အငန်သိပ်မစားတောင် အခုပြောခဲ့တဲ့ အမူအကျင့်တစ်ခုခုရှိလည်းသွေးတိုးနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့လိုပါမယ်။ ကိုယ့်ကိုကိုယ် အသံတိတ်လူသတ်သမားလက်ကနေ ကယ်တင်ဖို့နေ့စဉ် အာဟာရမျှတအာင်စားပြီး ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကိုမွေးမြူလိုက်ပါနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement