- ရင်ဘတ်ပိုအောင့်လာတာ
- သတိမကောင်းတော့တာ
- မျက်နှာရွဲ့သွားတာ
- ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ
- စကားလေးလာတာ
- ရုတ်တရက် မျက်စိဝါးလာတာ
- ရုတ်တရက် ကိုယ်တခြမ်း အားပျော့တာ၊ မလှုပ်နိုင်တော့တာတွေ ဖြစ်လာပါတယ်။ ဒါဆိုရင်တော့ အရေးပေါ်အခြေအနေမို့လို့ အမြန်ဆုံး ဆေးရုံသွားသင့်ပါတယ်။
နှလုံးပိုးဝင်ရသည့် အကြောင်းရင်းများ
အဖြစ်များတဲ့ နှလုံးအတွင်းသားရောင်ရမ်းခြင်းဟာ ဘက်တီးရီးယားကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်နဲ့ မှိုပိုးကြောင့်လည်း ဖြစ်တတ်ပေမယ့် ရှားပါတယ်။
ဘက်တီးရီးယားတွေက သွေးထဲကို ရောက်လာပြီဆိုရင် နှလုံးကို ရောက်လာတတ်ပြီး နှလုံးအဆို့ရှင် ဒါမှမဟုတ် နှလုံးရဲ့ တခြားနေရာတွေမှာ တွယ်ကပ်တတ်ပါတယ်။ ဥပမာ ပြောရရင် အရေပြားပိုးဝင်တာ၊ ခံတွင်းပိုးဝင်တာ၊ အဆုတ်၊ အူနဲ့ ဆီးလမ်းကြောင်းတို့မှာ ပိုးဝင်တဲ့အခါ ဒီကနေတဆင့် နှလုံးကို ရောက်သွားတတ်ပါတယ်။
ဒါကြောင့် သွားနဲ့ခံတွင်းရောဂါတွေရှိနေရင်၊ သွားနဲ့ပတ်သက်တဲ့ ကုသမှုတွေ လုပ်မယ်ဆိုရင် သတိထားရပါတယ်။ အခန့်မသင့်ရင် ပါးစပ်ထဲကပိုးတွေ သွေးကနေတဆင့် နှလုံးကို ရောက်လာနိုင်လို့ပါ။ တက်တူးထိုးတာ၊ ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး အလှဆင်တာကလည်း ပိုးဝင်စေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
နှလုံးမှာမှ နှလုံးအဆို့ရှင်တွေက ပိုးဒဏ်ကို ပိုခံစားရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ သွေးကြောတွေ မရှိလို့ပါပဲ။ သွေးကြောမရှိလို့ သွေးမရ၊ သွေးမရတော့ ခုခံအားဆဲလ်တွေ လာလို့မရပါဘူး။ ဒါကြောင့် နှလုံးအဆို့ရှင်ကို ပိုးဝင်ပြီဆိုရင် ခုခံအားဆဲလ်တွေက တိုက်ပေးဖို့ ခက်ပါတယ်။
ဘယ်သူတွေ နှလုံးပိုးဝင်တတ်သလဲ။
အရေပြားမှာ အနာဖြစ်တိုင်း၊ သွားသွားနှုတ်တိုင်း နှလုံးပိုးဝင်မှာလား။ ဒီလိုတော့မဟုတ်ပါဘူး။ သာမန်လူတွေဆို ဖြစ်ခဲပေမယ့် ဒီလူတွေကတော့ သတိထားရပါမယ်။
- နှလုံးအဆို့ရှင် အစားထိုးထားတဲ့သူတွေ၊ နှလုံးစက်တပ်ထားတဲ့သူတွေ
- မွေးရောပါ နှလုံးရောဂါရှိသူတွေ
- နဂို နှလုံးအဆို့ရှင် မကောင်းတဲ့သူတွေ
- ကျောက်ကပ်ဆေးနေရတဲ့သူတွေ
- HIV ပိုးရှိသူတွေ
- မူးယစ်ဆေးကို အကြောထဲသွင်းသူတွေ
- နဂိုနှလုံးအတွင်းသားရောင်ရမ်းဖူးသူတွေက ပိုပြီး ဂရုစိုက်ရပါမယ်။
နှလုံးပိုးဝင်ခြင်း ရဲ့ နောက်ဆက်တွဲဆိုးကျိုး
နောက်ဆက်တွဲက ပြင်းထန်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် နှလုံးအတွင်းသားရောင်ရမ်းခြင်းကို မကုဘဲ ထားထားမယ်ဆိုရင် နှလုံးအဆို့ရှင်တွေနဲ့ နှလုံးအခန်းတွေ ပျက်စီးတတ်ပါတယ်။ ကုသဖို့ နောက်ကျသွားရင် ပိုးသတ်ဆေးအကောင်းစားတွေ ပေးတောင် သက်သာဖို့ မသေချာပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။