နှလုံးပိုးဝင်ရောင်ရမ်းခြင်း

ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့် နှလုံးပိုးဝင်ရောင်ရမ်းနိုင်ပါတယ်။  နှလုံးပိုးဝင်ရောင်ရမ်းခြင်းကြောင့် နှလုံးပျက်စီးတာ နဲ့ အခြားပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီကဏ္ဍလေးမှာ နှလုံးပိုးဝင်ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ကာကွယ်နည်းတွေ၊ ကုသနည်းတွေ၊ ကျန်းမာအောင် နေထိုင်နည်းတွေကို လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးပိုးဝင်ရောင်ရမ်းခြင်း

နှလုံးပိုးဝင်ခြင်း

နှလုံးမှာ ပိုးဝင်တာကြောင့် နှလုံးပျက်စီးပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နှလုံးကို ဒုက္ခပေးတတ်တဲ့ ပိုးတွေကတော့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရှားရှားပါးပါး အခြေအနေမှာ မှိုပိုးတွေလည်း ဝင်ရောက် ကူးစက်နိုင်ပါတယ်။ နှလုံးအဆို့ရှင် အပါအဝင် နှလုံးတစ်ခုလုံး အလွှာတိုင်းမှာ ပိုးဝင်နိုင်ပါတယ်။ နှလုံးပိုးဝင်ခြင်း အမျိုးအစားများ နှလုံးမှာ သုံးလွှာရှိပါတယ်။ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ် အပြင်ဆုံးက အမြှေးပါးရယ်ပါ။ သုံးလွှာလုံးမှာ ပိုးဝင်ကူးစက်ပြီး ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးအတွင်းသား ရောင်ရမ်းခြင်း (Endocarditis) နှလုံးရဲ့ အတွင်းဘက်ဆုံးအလွှာပါ။ နှလုံးခန်း ၄ခုနဲ့ နှလုံးအဆို့ရှင်တွေကိုပါ ဖုံးထားတဲ့ အတွင်းသားပဲ ဖြစ်ပါတယ်။ နှလုံးပိုးဝင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါပါ။ နဂို နှလုံးအဆို့ရှင် မကောင်းတဲ့သူတွေ၊ နှလုံးရောဂါအခံရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဆေးရုံတက် ကုသရတဲ့ […]

နှလုံးပိုးဝင်ရောင်ရမ်းခြင်း ကို ရှာဖွေမည်။

နှလုံးပိုးဝင်ရောင်ရမ်းခြင်း

နှလုံး ဘက်တီးရီးယားပိုးဝင်ခြင်း

သာမန်ဆေးဖက်ဆိုင်ရာကုထုံး၊ လုပ်ဆောင်မှုများက သွေးထဲသို့ ဘက်တီးရီးယားပိုးများ ပြန့်သွားစေပြီး  ဒါတွေက နှလုံးရဲ့ အတွင်းနံရံမှာ သွားတွယ်တာာကြောင့် နှလုံးရောင်ခြင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ကုသမှုမခံယူပါက နှလုံးအလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ထိရောက်တဲ့ ကုသမှုမျိုးက ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းနံရံရောင်ခြင်းကို လျင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။ ဘက်တီးရီးယားကြောင့် နှလုံးအတွင်းနံရံရောင်ခြင်း ဘယ်လိုဖြစ်တာလဲ။ နှလုံးအတွင်းနံရံရောင်ခြင်းက အများအားဖြင့် သွေးထဲသို့ ပြန့်သွားသော ဘက်တီးရီးယားများက ပုံမှန်မဟုတ်တဲ့ နှလုံးအဆို့ရှင်မှာ သွားတွယ်တာကြောင့် ဖြစ်ရပါယ်။ သွေးလေးဘက်နာကြောင့် နှလုံးအဆို့ရှင် ကျွံခြင်း၊ ထူခြင်းဖြစ်ဖူးတဲ့ သူတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ သွေးကြောထဲတွင် ပိုးမွှားတွေက အချိန်အခါမရွေးရှိနေတတ်ပါတယ်။ သွားဆေးခန်းပြသည့်အခါမျိုး၊ သာမန်ခွဲစိတ်မှုနဲ့ ဓားရှမိသည့်အခါမျိုးတွင် သွေးထဲကို ပိုးဝင်တတ်ပါတယ်။ ဒီအခါ ခန္ဓာကိုယ်ထဲရှိ ခုခံအားစနစ်က ပိုးကောင်များကို ပြန်လည်တိုက်ခိုက်ပါတယ်။ ဒါပေမယ့် Streptococcus၊ Enterococcus နဲ့ Staphylococcus အနွယ်ဝင် ဘက်တီးရီးယားများက သွေးထဲကတဆင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်