backup og meta

Pacemaker Insertion (နှလုံးစက် ထည့်သွင်းခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Pacemaker insertion ဆိုတာဘာလဲ။

    Pacemaker ဟာ နှလုံးခုန်သံ နှေးကွေးခြင်းကို ကုသနိုင်တဲ့ စက်တစ်ခု ဖြစ်ပါတယ်။ Pacemaker ဟာ မီးခြစ်ဆံဗူး အရွယ်အစားရှိပြီး သူ့မှာ လျှပ်စစ်စီးကြောင်းနဲ့ ဘက်ထရီ ပါဝင်ပါတယ်။ Pacemaker ကို များသောအားဖြင့် ရင်ညွန့်ရိုးအောက်မှာ ထည့်တတ်ပြီး နှလုံးရဲ့ သွေးပြန်ကြော တစ်လျှောက် လျှပ်စစ်လှိုင်းတွေကို ပေးစွမ်းမယ့် lead တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပါဝင်ပါတယ်။

    ဘာတွေက ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို ဖြစ်စေသလဲ။

    နှလုံးခုန်ခြင်းကို sinus node လို့ခေါ်တဲ့ နှလုံးရဲ့ ဆဲလ်အုပ်စုမှနေပြီး လျှပ်စစ်လှိုင်းတွေ ထုတ်လုပ်ကာ ထိန်းချုပ်ပေးပါတယ်။ နှလုံးက ပုံမှန်အတိုင်းခုန်မယ်ဆိုရင် လျှပ်စစ်လှိုင်းတွေဟာ နှလုံးရဲ့ သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းတွေကို စည်းချက်ကျကျ ကံျု့ခြင်း၊ လွှတ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

    Pacemaker ဟာ သွေးလွှတ်ခန်းတွေပုံမှန်ထက်ပိုပြီး နှေးကွေးစွာ ခုန်တာကြောင့် သွေးအလုံအလောက်ညှစ်မထုတ်နိုင်ခြင်း ဖြစ်တဲ့ နှလုံးခုန်နှေးခြင်းကို ကုသဖို့ အသုံးပြုပါတယ်။

    Pacemaker insertion ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

    ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းဖြစ်နိုင်ခြေရှိခြင်း (သို့) ပုံမှန်မဟုတ်တဲ့ နှလုံးခုန်မှု ဖြစ်နေခြင်းတွေ သင့်မှာ ဖြစ်နေနိုင်ပါတယ်။

    ပြင်းထန်တဲ့ နှလုံးခုန်နှေးခြင်းဟာ နှလုံးရပ်ခြင်းနဲ့ အသက်သေဆုံးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ မေ့ခြင်း၊ ခြေထောက်ရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    Pacemaker ကို သင့်နှလုံးခုန်နှုန်း နှေးနေလားဆိုတာ အာရုံခံနိုင်အောင် ပြုလုပ်ထားပြီး နှလုံးကိုပုံမှန်ခုန်အောင် လှုံ့ဆော်မှု ပြုလုပ်ပေးနိုင်ပါတယ်။

    Pacemaker insertion တွေရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

    တခါတရံမှာ ဆေးသောက်ခြင်းဟာ နှလုံးခုန်နှေးခြင်းကို သက်သာစေနိုင်ပါတယ်။

    နှလုံးခုန်ပုံမှန်မဟုတ်ခြင်းရဲ့ အချို့လက္ခဏာတွေဟာ ဆေးသောက်ခြင်းနဲ့ သက်သာနိုင်ပေမယ့် ဆေးသောက်ခြင်းဟာ Pacemaker ထည့်ခြင်းလောက် အစွမ်းထက်ခြင်း မရှိပါဘူး။

    ဒီခွဲစိတ်မှုမပြုလုပ်မီ ကောင်းကျိုး၊ ဆိုးကျိုးတွေကို နားလည်ထားသင့်ပါတယ်။ သင့်မှာမေးစရာရှိရင် ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။

    Pacemaker insertion တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

    ခွဲစိတ်မှုမပြုခင် သောက်နေတဲ့ဆေးတွေ၊ ဆေးမတည့်မှုတွေ၊ အခြားကျန်းမာရေးအခြေအနေအကြောင်းတွေကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး မေ့ဆေးအစီအစဉ် ဆွဲသင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ စားသောက်မှု ရပ်သင့်တဲ့အချိန်နဲ့ ပတ်သက်ပြီး ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

    Pacemaker insertion နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

    ခွဲစိတ်မှုကို မေ့ဆေးနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး မိနစ် ၃၀ ကြာမြင့်နိုင်ပါတယ်။

    တကယ်လို့ သင့်လျော်တယ်ဆိုရင် ဆရာဝန်က စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေ ပေးနိုင်ပါတယ်။

    နှလုံးခွဲစိတ် အထူးကုဆရာဝန်က ရင်ညွန့်ရိုးတစ်လျှောက်မှာ ဓါးရာပေးပြီး နှလုံးရဲ့ သွေးပြန်ကြောတစ်လျှောက်ကို lead ကို ထည့်မှာ ဖြစ်ပါတယ်။ တကယ်လို့ lead တစ်ခုထက်ပိုပြီး လိုအပ်မယ်ဆိုရင်တော့ ဆရာဝန်က နောက်တစ်ကြိမ် ထပ်မံပြုလုပ်မှာ ဖြစ်ပါတ်ယ။ သူတို့ဟာ Pacemaker ထည့်ဖို့အတွက် ရင်ညွန့်ရိုးအောက် အရေပြားအောက်မှာ အိတ်တစ်ခုကို ဖန်တီးမှာ ဖြစ်ပါတယ်။

    Pacemaker insertion လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

    ခွဲစိတ်မှုပြုလုပ်တဲ့ရက် (သို့) နောက်တစ်ရက်မှာ အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

    နှစ်ရက်သုံးရက်လောက် ရေပူနဲ့ ရေမချိုးသင့်ပါဘူး။ ပထမအပတ်မှာ အနာကို ခြောက်အောင် ထားသင့်ပါတယ်။

    ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ အထူးသဖြင့် ပုခုံးလှုပ်ရှားမှုပါတဲ့ လေ့ကျင့်ခန်းတွေကို ပထမတစ်ပတ် မလုပ်သင့်ပါဘူး။ နေပြန်ကောင်းလာချိန်အထိ နှစ်ပတ်ကနေ လေးပတ်လောက် လိင်ဆက်ဆံမှုကို ရှောင်ကျဉ်သင့်ပါတယ်။

    Electro-magnetic fields တွေဟာ pacemaker ကို နှောင့်ယှက်နိုင်တာကြောင့် ဖုန်း၊ အိုင်ပေါ့ အစရှိတဲ့ လျှပ်စစ်ကိရိယာတွေကို pacemaker နဲ့ ၆ လက်မ (၁၅ စင်တီမီတာအတွင်း) သယ်ဆောင်ခြင်း မပြုလုပ်သင့်ပါဘူး။ လေယာဉ်ကွင်းမှာ လုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားမယ်ဆိုရင် သင့်မှာ pacemaker ထည့်ထားကြောင်း ပြောပြသင့်ပါတယ်။

    နေ့စဉ်အသုံးပြုတဲ့ အိမ်သုံးပစ္စည်းတွေကိုတော့ သတိထားဖို့မလိုအပ်ပါဘူး။

    သင့်ဆရာဝန်က သင်ဘယ်အချိန် ကားပြန်မောင်းနိုင်တယ်ဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။

    သင်လုပ်နိုင်တဲ့အလုပ်အမျိုးအစား (အထူးသဖြင့် စက်ကိရိယာတွေ ပါဝင်တဲ့အလုပ်ဆိုရင်)ကို ထိခိုက်နိုင်ပါတယ်။

    ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရေရှည်ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူတွေကို မေးမြန်းသင့်ပါတယ်။

    ပုံမှန်စစ်ဆေးမှုတွေကို ခြောက်လ တစ်ကြိမ်ပြုလုပ်သင့်ပါတယ်။

    ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

    Pacemaker တပ်ပြီးရင် ဘာတွေ ဖြစ်နိုင်သလဲ။

    ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့

    ခွဲရာ၊ ပိုက်ထည့်ရာမှ သွေးထွက်ခြင်း

    ပိုက်ထည့်တဲ့နေရာမှာ သွေးကြောဒဏ်ရာရရှိခြင်း

    ခွဲရာ၊ပိုက် ရောဂါပိုးဝင်ခြင်း

    Pneumothorax – ပတ်ဝန်းကျင်မှရှိတဲ့ အဆုတ်ကို ခွဲစိတ်စဉ် ထိုးမိမယ်ဆိုရင် ထွက်လာတဲ့လေတွေဟာ အဆုတ်မြှေးထဲမှာ ပိတ်မိနိုင်ပါတယ်။ ဒါဟာ အသက်ရှူခက်ခဲခြင်းကို ဖြစ်စေပြီး ဆိုးရွားတဲ့အခြေအနေတွေမှာ အဆုတ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

    တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ကလေးနို့တိုက်နေရင်လည်း ဆရာဝန်ကိုပြောထားသင့်ပါတယ်။

    ဆေးမတည့်ခြင်းတွေ၊ latex နဲ့ မတည့်ခြင်းရှိရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    လူနာအချို့အတွက်တော့ ခွဲစိတ်နေစဉ် ခွဲစိတ်စားပွဲပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေရခြင်းဟာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    သင့်အခြေအနေနဲ့ပတ်သက်ပြီး အခြားဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ဒီခွဲစိတ်မှုကိုမပြုလုပ်မီ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement