home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရင်ဘတ်ဓါတ်မှန် Chest X-ray အကြောင်း သိကောင်းစရာများ ။ ။

ရင်ဘတ်ဓါတ်မှန် Chest X-ray အကြောင်း သိကောင်းစရာများ ။ ။

ရင်ဘတ်ဓါတ်မှန်ဆိုတာ ရောဂါရှာဖွေ ဖော်ထုတ်တဲ့ နေရာမှာ အရမ်းကို အသုံးဝင်ပြီး ဆရာဝန် တိုင်း မလုပ်မဖြစ်လုပ်ကြတဲ့ စမ်းသပ်နည်းတစ်ခုပါ။ ရောဂါရဲ့ ဇာစ်မြစ်ကို သိဖို့၊ ဆက်လက်ကုသဖို့ ဆုံဖြတ်တဲ့နေရာမှာ ဆရာဝန်တွေ အတွက် တကယ်ကို အထောက်အကူပြုတဲ့ ရင်ဘတ်ဓါတ်မှန် လေးပါ။ ဒီလို သ့င့်မှာဖြစ်နေတဲ့ အနာနဲ့ ဆေးတွေ့စေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးတဲ့ ရင်ဘတ်ဓါတ်မှန် အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ။

Chest X-ray ဆိုတာ ဘာလဲ ။ ။

Chest X-ray ဆိုတာ ရောင်ခြည်လှိုင်းတွေကိုသုံးပြီး့ ပုံရိပ်ဖော်တဲ့ နည်းပညာတစ်ခုပါ။ ရောင်ခြည်လှိုင်းထိတွေ့တဲ့ နေရာတွေမှာရှိတဲ့ ကိုယ်တွင်း ကလီစာတွေကို ဖလင်ပြားပေါ်မှာ အဖြူအမည်း ကာလာနဲ့ ပုံရိပ်ပေါ်စေတာဖြစ်ပါတယ်။ လုပ်ရတာလွယ်ပြီး ထိရောက်တဲ့အတွက် ဆရာဝန်တိုင်းရဲ့ လက်စွဲဖြစ်နေတဲ့ ပုံရိပ်ဖော် စမ်းသပ်နည်းတစ်ခုပါ။ ။

Chest X-ray ကို ဘယ်လို အခြေအနေမျိုးနဲ့ လာတဲ့ လူနာတွေမှာ အသုံးပြုသလဲ ။ ။

Chest X-ray ကနေ ဘယ်လို ရောဂါမျိုးတွေကို သိနိုင်သလဲ ။ ။

အဆုတ်- အဆုတ်ကင်ဆာ၊ အဆုတ်ထဲပတ်ပတ်လည် လေများနေတဲ့ ရောဂါ၊ အဆုတ်ပိုးဝင်တဲ့ ရောဂါနဲ့ အဆုတ်ခဲတဲ့အခြေအနေတွေကို Chest X-ray ကနေ တစ်ဆင့်သိရှိနိုင်ပါတယ် ။

နှလုံးကြောင့် အဆုတ်ထိခြင်း – နှလုံး စွမ်းဆောင်ရည်ကျဆင်းသွားလို့ ဖြစ်ရတဲ့ အဆုတ်တွင်းပတ်လည်မှာ အရည်စုတဲ့ ဖြစ်စဉ်ကိုလည်း Chest X-ray ကနေ တစ်ဆင့်သိရှိနိုင်ပါတယ် ။

နှလုံး နှလုံး အရွယ်အစား၊ နှလုံးပတ်လည်မှာ အရည်စုတာတွေနဲ့ နှလုံးအဆို့ရှင်တွေ အကြောင်းကို Chest X-ray ဖလင်ပြားမှာ မြင်တွေ့နိုင်ပါတယ်။

သွေးကြော – နှလုံး ပတ်လည်က သွေးကြောတွေ ဖြစ်တဲ့ aorta ၊ pulmonary arteries နဲ့ veins တွေ ကို Chest X-ray မှာ တွေ့ရတဲ့အတွက် aortic aneurysms လိုမျိုးသွေးကြောဖောင်းတဲ့ လက္ခဏာတွေကို Chest X-ray မှာ ထင်းထင်းကြီးမြင်နေမှာပါ။

ကယ်လ်ဆီယမ် ပုံဆောင်ခဲများ အနည်ကျခြင်း နှလုံး အဆို့ရှင်၊ နှလုံးသွေးကြောတွေနဲ့ နှလုံး ကြွက်သားနံရံတွေကို ဒုက္ခပေးနိုင်တဲ့ ကယ်လ်ဆီယမ် ပုံဆောင်ခဲတွေကို Chest X-ray မှာ အလွယ်တကူရှာတွေ့နိုင်ပါတယ်။

အရိုးကျိုးခြင်း – အရိုးကျိုးတဲ့နေရာနဲ့ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို တိတိကျကျ အဖြေထုတ်ပေးနိုင်တဲ့ ဓါတ်မှန် ရိုက်ခြင်းဟာ ဆရာဝန်တိုင်းရဲ့ လက်စွဲပါ။

Chest X-ray မရိုက်ခင် သင့်ဘက်က ဘာတွေပြင်ဆင်ရမလဲ ။ ။

ကိုယ်ပေါ်က လက်ဝတ်ရတနာတွေ၊ နာရီတွေအားလုံးကို ချွတ်ထားရပါမယ်။ သင့်ကိုယ်တွင်းမှာ အစားထိုးတပ်ဆင်ထားတဲ့ ကိရိယာတွေ ရှိပါက ဓါတ်မှန်ရိုက်ပေးမယ့် ဆရာဝန်ကို ကြိုပြောပြထားသင့်ပါတယ်။ ဥပမာ နှလုံး အစားထိုးခုန်စက်ထည့်ထားတာတို့၊ နှလုံး အဆို့ရှင် အစားထိုးကုသထားတာမျိုးတို့ပေ့ါ။

ဒါတွေကတော့ နေမကောင်းဖြစ်လို့ ဆေးရုံဆေးခန်းသွားတိုင်း ဆရာဝန်တွေ ညွှန်ကြားတဲ့ စမ်းသပ်စစ်ဆေးမှုတွေထဲက မပါမဖြစ်ဖြစ်တဲ့ Chest X-ray ( ဓါတ်မှန်) အကြောင်းပဲ ဖြစ်ပါတယ်။ ဓါတ်မှန်က ရောင်ခြည်တွေကို ကိုယ်တွင်းကိုဖြတ်စေလိုက်တာဖြစ်တဲ့အတွက်ကြောင့် ခဏခဏ ရိုက်လို့မကောင်းတဲ့အပြင် ရင်သွေးလေးတွေကိုပါ ဓါတ်ရောင်ခြည် ထိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ ဓါတ်မှန်ရိုက်လို့မရပါဘူး ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။