သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

သိထားသင့်တဲ့ နောက်ဆုံးပေါ်နှလုံးခွဲစိတ်ကုသမှုတွေအကြောင်း

    ယခုထက်ထိ နှလုံးရောဂါဟာ ကမ္ဘာ့အဖြစ်အများဆုံး ရောဂါတွေထဲမှာ ပါနေတုန်းပါပဲ။ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်၊ နှလုံးညှစ်အားကျ၊ နှလုံးခုန်မမှန်၊ မွေးရာပါ နှလုံးရောဂါ စသဖြင့် နှလုံးရောဂါပေါင်း မြောက်မြားစွာရှိတဲ့ အထဲမှာ တချို့သော နှလုံးရောဂါတွေက သောက်ဆေးနဲ့ ရပေမယ့် တချို့ရောဂါတွေကတော့ ခွဲစိတ်ကုသဖို့ လိုပါတယ်။

    ဒါဆိုရင် စိတ်ထဲမှာ တွေးမိတာက ခွဲစိတ်တာက အန္တရာယ်များလား၊ ခွဲရင်ကောင်းမလား၊ ဒီတိုင်းနေရမလား စသဖြင့် အတွေးတွေ အစီအရီပေါ်လာပါတယ်။ ငွေကြေးတတ်နိုင်ရင်တောင် ဒီလိုခွဲစိတ်မှုတွေ လုပ်ဖို့ ကြောက်ရွံ့နေတတ်ပါတယ်။

    မျက်မှောက်ကာလ နှလုံးခွဲစိတ်နည်းပညာ

    လက်ရှိအချိန်မှာတော့ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ နှလုံးခွဲစိတ်မှုတွေကလည်း အရင်ကလောက် အန္တရာယ်မများတော့ပါဘူး။ သာမန်ခွဲစိတ်မှု တစ်ခုလိုပဲ ဖြစ်သွားပါပြီ။ ခေတ်မီနည်းစနစ်တွေ အသုံးပြုပြီး ခွဲစိတ်လာတဲ့အတွက် လူနာကို ခွဲကြောင်းသေးသေးနဲ့ အချိန်အနည်းငယ်အတွင်းမှာ ခွဲစိတ်နိုင်ပါပြီ။ နာလန်ထူတာ မြန်လာနဲ့အတွက် ဆေးရုံဆင်းတာလည်း မြန်လာပါတယ်။ ပုံမှန်အတိုင်း မြန်မြန်ပြန်နေနိုင်ပါတယ်။ အောင်မြင်တဲ့ ရာခိုင်နှုန်းလည်း များလာပါတယ်။

    အဆင့်မြင့် နှလုံးကုသမှု နည်းလမ်းများ

    ရောဂါတွေ အများကြီး၊ ခွဲစိတ်နည်းတွေ အများကြီးရှိတဲ့ထဲက ခေတ်မီ ခွဲစိတ်နည်း တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    • Left Ventricular Assist Device (LVAD)

    နှလုံးညှစ်အားမကောင်းတဲ့ ရောဂါတွေမှာ အသုံးပြုပါတယ်။ နှလုံးညှစ်အား မကောင်းတဲ့သူတွေက အမောမခံတာကြောင့် အိပ်ရာထဲမှာ နေရတာများပါတယ်။ ဒီစက်လေး တပ်ထားလိုက်ရင် မောတာသက်သာလာပြီး သွားနိုင်လာနိုင်ပါတယ်။

    LAVDစက်မှာ ပိုက်တစ်ချောင်းရှိပြီး တစ်ဖက်က နှလုံးဘယ်ဘက်အောက်ခန်း၊ နောက်တစ်ဖက်က သွေးလွှတ်ကြောမကြီးကို ဆက်ထားတာပါ။ ကြားမှာ pumpလေး ခံထားပါတယ်။ ဒီလိုဆက်ထားတဲ့အတွက် သွေးက နှလုံးကနေ သွေးကြောထဲကို အားသိပ်သုံးစရာ မလိုဘဲ ရောက်သွားပါတယ်။ ဒီ pumpက ကိုယ်ထဲမှာ ရှိနေတာပါ။

    pumpကနေ နောက်ထပ် ပိုက်တစ်ချောင်းထွက်ပြီး အပြင်မှာရှိတဲ့ စက်က ဘက်ထရီကို ချိတ်ထားတာပါ။ LVADစက်က သယ်ရလွယ်ပြီး ဒီစက်တပ်ထားတဲ့ လူနာတွေက သူများတွေလို သွားနိုင်လာနိုင်ပါတယ်။ နောက်ထပ် ကောင်းကျိုး တစ်ခုက နှလုံးအစားထိုးဖို့ အစီအစဉ်ရှိတယ်။ အလှူရှင်လည်း မရသေးဘူးဆိုရင် ဒီစက်လေးကို တပ်ပြီး စောင့်နေနိုင်ပါတယ်။

    • Coronary artery bypass surgery (CABG)

    နှလုံးသွေးကြောပိတ်တဲ့သူတွေမှာ ပိတ်နေတဲ့ သွေးကြောကို ရှောင်ပြီး သွေးဆက်စီးနိုင်အောင် လုပ်ပေးတာပါ။ သွေးကြောဆက်ဖို့အတွက် ခြေထောက် ဒါမှမဟုတ် လက်က သွေးကြောကို နည်းနည်း ဖြတ်ယူပြီး နှလုံးသွေးကြောမှာ လာဆက်တာပါ။ အရင်က သွေးကြောယူတဲ့အခါ ခွဲကြောင်း ရှည်ရှည်ခွဲရပါတယ်။ အခု Minimally invasive လို့ခေါ်တဲ့ ပိုက်သေးသေးလေးနဲ့ သွေးကြောကို ယူတဲ့ နည်းလမ်းသုံးတာကြောင့် ခွဲကြောင်းက ၁လက်မသာသာလောက်ပဲ ရှိပါတော့ဘယ်။

    • Cardiac ablation for arrhythmia

    နှလုံးခုန်မမှန်တဲ့ ရောဂါအတွက် ကုသနည်းပါ။ ထိပ်မှာ electrodeပါတဲ့ ပိုက်အပျော့လေးကို ပေါင်ခြံ၊ လက်မောင်း ဒါမှမဟုတ် လည်ပင်းသွေးကြောကနေ ထည့်လိုက်ပြီး နှလုံးသွေးကြောဆီကို ရောက်စေပါတယ်။ အဲ့ဒီမှာ လျှပ်စီး အပျော့စားလေး လွှတ်ပြီး နှလုံးခုန်မမှန်တဲ့နေရာကို ခြေရာခံပြီး radiofrequency ဒါမှမဟုတ် သင့်တော်တဲ့ ablationနည်းကို သုံးပြီး ပြင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

    • Transcatheter aortic valve implantation (TAVI)

    နှလုံးသွေးကြောမကြီး အဆို့ရှင် ကျဉ်းတဲ့အခါ ဒီနည်းကို သုံးနိုင်ပါတယ်။ ပေါင်ခြံ ဒါမှမဟုတ် ရင်ဘတ်ကနေ အပေါက်သေးသေးလေး ဖောက်ပြီး ပိုက်အပျော့လေးနဲ့ အဆို့ရှင်ကို အစားထိုးထားပါ။ ရင်ဘတ်ကနေ ခွဲစိတ်စရာမလိုသလို နှလုံးကိုလည်း ရပ်ထားဖို့ မလိုပါဘူး။

    တိုးတက်လာတဲ့ ဆေးပညာရဲ့ ခွဲစိတ်နည်းတွေကတော့ အံ့မခန်းပါပဲ။ ခွဲစိတ်နည်းလို့ ပြောပေမယ့် ကြီးကြီးမားမား ခွဲစိတ်မှုတွေ မပါနေပါဘူး။ ဒီလို ခွဲစိတ်မှုတွေဟာ လူနာမပင်ပန်းဘဲ မြန်မြန်နာလန်ထနိုင်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးခွဲစိတ်မှုတွေဟာ အရင်လို ကြောက်စရာ ကောင်းမနေတော့တာ အမှန်ပါပဲ။

    ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။

    နှလုံးရောဂါနှင့် ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    ဆက်သွယ်ရန် –

    Mount Elizabeth Hospitals Singapore, Myanmar Office

    ရန်ကုန် Helpline : 09-430 66666, 09-430 66663

    မန္တလေး Helpline: 09-430 66667, 09-7930 66667

    health-tool-icon

    ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

    သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

    အမျိုးသား

    အမျိုးသမီး

    မည်သူ့အတွက် စစ်ဆေးမည်နည်း။

    နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

    60

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 18/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။