သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ခံအားနည်းတတ်သူတွေ ဒီလိုကျန်းမာအောင်နေပါ

ကိုယ်ခံအားနည်းတတ်သူတွေ ဒီလိုကျန်းမာအောင်နေပါ

ရာသီအကူးအပြောင်းလေးဖြစ်တာနဲ့ ဖျားပြီ။ သူများမဖျားတောင် ကိုယ်ကဖျားတယ်။ ဒါကဘာလို့များလဲ။ အဖြေကတော့ရှင်းပါတယ်။ ကိုယ်ခံအားနည်းနေတာကြောင့်ပါ။ ကိုယ်ခံအားနည်းနေသူတွေက အခြားသူတွေထက်ပိုပြီးဂရုစိုက်ဖို့လိုမှာပါ။ ဒါမှလည်းရောဂါပိုး ကူးစက်မှုတွေကနေ ကင်းတော့မှာပေါ့။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားနည်းတဲ့သူလေးတွေအတွက် ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာလေးပြောပြပေးမယ်နော်။

ကိုယ်ခံအားနည်းတဲ့သူတွေ ကျန်းမာအောင် ဒါလေးတွေဂရုစိုက်ပါ

ကိုယ်ခံအားနည်းသူတွေက အခြားသူတွေထက်ပိုပြီး အစစအရာရာကို ဂရုစိုက်ဖို့လိုပါမယ်။ ခဏခဏဖျားနာတာကနေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်ရသလိုရောဂါတွေအလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းသူတွေအနေနဲ့ ကိုယ်ကိုယ့်ကိုသေချာလေးစောင့်ရှောက်နိုင်မှတော်ကာကျမှာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

အခြားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့လိုပါမယ်။ တစ်နေ့ကိုအနည်းဆုံးတစ်ကြိမ်လောက်တော့ရေပုံမှန်ချိုးပေးပါ။ခြေသည်းလက်သည်းတွေပုံမှန်ညှပ်ပေးတာအပြင် ခန္ဓါကိုယ်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပေးရပါမယ်။

လက်ဆေးမပျင်းပါနဲ့

အစားမစားခင်၊ အိမ်သာကဆင်းတဲ့အချိန်နဲ့ ညစ်ပေတဲ့အရာတွေ ကိုင်တွယ်ထိတွေ့မိချိန်တွေမှာ လက်တွေကိုသေချာအောင်ဆေးကြောပေးပါ။ တိရစ္ဆာန်လေးတွေကို ကိုင်တွယ်ထိတွေ့ပြီးချိန်၊ အမှိုက်ပစ်ပြီးချိန်၊ ကလေးကို သေးခံလဲပေးပြီးချိန်တွေမှာလည်း လက်ကိုသေချာဆေးကြောသန့်စင်ပေးပါ။

ဖျားနာေနသူတွေနားမကပ်ပါနဲ့

ကိုယ်ခံအားနည်းသူတွေက သာမန်လူတွေထက်ရောဂါပိုး ကူစက်ခံရနိုင်ခြေက ပိုများနေတာကြောင့် ဖျားနာနေသူတွေနား မကပ်ပါနဲ့။ ဖျားနာသူတွေနဲ့ တစ်ပန်းကန်တည်း တူတူစား၊ တစ်ခါက်တည်း တူတူသောက်တာမျိုးကိုလည်းရှောင်ပါ။ မိသားစုဝင်တစ်ဦးဦးဖျားနာနေပြီဆိုရင်လည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုဗတွယူဖို့ မမေ့ပါနဲ့။

အသုံးအဆောင်တွေကို ပိုးသတ်ပါ

နေ့စဉ်ကိုင်တွယ်ထိတွေ့နေတဲ့ အသုံးအဆောင်တွေ အိမ်သုံးပစ္စည်းတွေကို ပိုးသတ်ထားဖို့ မမေ့ပါနဲ့။ ဒီပစ္စည်းတွေကရောဂါပိုတွေခိုအောင်းနေပြီး သင့်ကို နားမကျန်းဖြစ်စေနိုင်ပါတယ်။ အိမ်သန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ပေးပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်စက်မှုက ခွန်အားပြည့်စေသလို ကိုယ်ခံအားကောင်းစေပြီးရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ပြည့်ဝဝအိပ်ဖြစ်အောင်ဂရုစိုက်ပါ။ အခြားသူတွေလိုမျိုး ညဉ့်နက်အထိ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာမျိုးမလုပ်ပါနဲ့။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ခံအားနည်းနေတယ်ဆိုရင်တောင်မှသင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလောက်တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိလေ့ကျင့်ခန်းလုပ်ပေးပါ။ ခန္ဓါကိုယ်ပေါ့ပါးစေပြီး ကိုယ်ခံအားကောင်းစေမှာပါ။

အာဟာရမျှတအောင်စားသုံးပါ

နေ့စဉ်စားသုံးမယ့် အစားအစာတွေကို ကြိုက်တယ်ဆိုတာထက် လိုအပ်တဲ့ အာဟာရပြည့်ဝစွာပါဝင်မှုကို အဓိကထားပါ။ အစားအသောက်စားတဲ့အခါမှာလည်း သစ်သီးတွေကို အခွံနွှာစားပါ။ ပိုးသတ်သန့်စင်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးပါ။ မကျက်တကျက်ချက်ထားတဲ့ အသားတွေကို မစားပါနဲ့။ သင့်တသင့်မျှတတဲ့ စားသောက်မှုပုံစံရှိအောင် ကိုယ့်ကိုကိုယ်ပျိုးထောင်ပါ။

ကာကွယ်ဆေးတွေထိုးထားပါ

ကိုယ်ခံအားနည်းသူတွေကရောဂါပိုးတွေကူးစက်ခံရနိုင်ခြေများတတ်ကြပါတယ်။ ဒီတော့ အကောင်းဆုံးနည်းက မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ထိုးထားပါ။ ဒါမှ မလိုအပ်ဘဲရောဂါတွေကူးစက်ခံရတာကို ကာကွယ်ပြီးသားဖြစ်မှာပါ။

အားဆေးသောက်ပါ

ကျန်းမာနေတဲ့သူတစ်ယောက်က အားဆေးသောက်ဖို့ မလိုပေမယ့် ကိုယ်ခံအားနည်းသူတစ်ဦးအနေနဲ့ကတော့ ခန္ဓါကိုယ်မှာ လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့ အားဆေးသောက်ဖို့လိုပါမယ်။ လိုအပ်ချက်နဲ့ကိုက်ညီဖို့ကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သင့်ပါတယ်နော်။

ကိုယ်ခံအားနည်းလို့ ခဏခဏဖျားတတ်လို့ိုပြီး စိတ်ညစ်မနေပါနဲ့။ ဒီနည်းလမ်းလေးတွေကို သုံးလို့ ကျန်းမာရေးကိုအကောင်းဆုံးစောင့်ရှောက်လိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

health-tool-icon

ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

အမျိုးသား

အမျိုးသမီး

မည်သူ့အတွက် စစ်ဆေးမည်နည်း။

နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

60

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

12 WAYS TO BOOST A WEAK IMMUNE SYSTEMhttps://blog.cleanprogram.com/weak-immune-system Accessed Date 11 April 2019

How to stay healthy with a weak immune systemhttps://www.medicalnewstoday.com/articles/324930.phpAccessed Date 11 April 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 01/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။