အောက်ပါလက္ခဏာတွေပါ ယှဉ်တွဲပြီး တွေ့ရှိရရင်တော့ နှလုံးမှာ ပြဿနာတစ်ခုခုဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
– ရင်ဘတ်အောင့်ခြင်း
– အသက်ရှူရခက်ခဲခြင်း
– ပင်ပန်းနွမ်းနယ်ခြင်း
– မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း
– ချွေးအလွန်ထွက်ခြင်း
အကြောင်းအရင်းများ
နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေဟာ မျိုးစုံရှိနိုင်ပါတယ်။ ဆေးဝါးများ၊ စိတ်ခံစားမှု၊ မျိုးရိုးဗီဇလိုက်ခြင်း စသဖြင့် ရှိတတ်ပါတယ်။ အကြောင်းအရင်းမသိရဘဲဖြစ်တာလည်း ရှိတတ်ပါတယ်။
သွေးတိုးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဓာတ်မတည့်ခြင်း၊ သိုင်းရွိုက်ရောဂါ၊ ဆီးချို စတဲ့ရောဂါတွေအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဒေါသ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု စတဲ့ စိတ်ခံစားမှုများ၊ အရက်၊ ဆေးလိပ် စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်ခြေမြင့်စေသည့်အကြောင်းများ
မိသားစုတွင်းဖြစ်ဖူးခြင်း၊ အသက်အရွယ်၊ နေထိုင်စားသောက်ပုံ စတာတွေပေါ်လည်း မူတည်ပါတယ်။ နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာများ၊ အခြားရောဂါများဟာလည်း ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ၎င်းတို့ကတော့
– နှလုံးသွေးလွှတ်ကြောရောဂါများ
– နှလုံးအဆို့ရှင်ရောဂါများ
– နှလုံးထိခိုက်ခြင်း၊ အမောဖောက်ခြင်း
– နှလုံးကြွက်သားအားနည်းခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။