ခြေထောက် သို့မဟုတ်ခြေကျင်းဝတ်မှာရောင်နေလား၊ ခြေထောက်တွေနာကျင်ပြီး လေးလံနေလား၊ မတ်တတ်ရပ်လိုက်ရင် ပိုနာကျင်နေလား၊ တံကောက်ကွေးနားက သွေးပြန်ကြောတွေ ရှုပ်ယှက်ခတ်ပြီးထင်းနေလား၊အရောင်တွေပြောင်းနေလား ။ ဒါဆိုသွေးပြန်ကြောမှာပြဿနာတစ်ခုခုတော့ရှိနေပါပြီ။ လူက အချိန်ကြာကြာထိုင်လို့မရ၊ ကြာကြာရပ်လို့မရအောင် နာကျင်ရတာ၊တံကောက်ကွေးမှာ တင်းတင်းကြီးဖြစ်နေတာ၊ သွေးပြန်ကြောတွေနားတဝိုက် ယားယံတဲ့ ပူတဲ့ခံစားမှုတွေဖြစ်လာတာ၊ အရေပြားမှာပါအရောင်ပြောင်းလာပြီး အနာတွေဖြစ်လာတာတွေလည်း ရှိလာနိုင်ပါတယ်။