backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ)

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) အကြောင်း နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကဘာလဲ။

အိပ်ခြင်းကိုသက်ရောက်တဲ့ ကစဉ့်ကလျားဖြစ်ခြင်းမှန်သမျှကိုအိပ်စက်မှုဆိုင်ရာ ပြဿနာများလို့ ခေါ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ်ခေတ္တ အသက်ရှူရပ်ရပ်သောရောဂါ၊ အိပ်မပျော်သောရောဂါ၊ အိပ်နေရင်းလမ်းထလျှောက်သောရောဂါစသဖြင့် အမျိုးအစား(၈) မျိုးလောက်ရှိပါတယ်။

အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများက ဘယ်လောက်အဖြစ်များသလဲ

အရမ်းအဖြစ်များပါတယ်။ အမေရိကန်လူဦးရေသန်း၇၀လောက်မှာ တွေ့ရှိရပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) လက္ခဏာများ

အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများရဲ့ လက္ခဏာတွေကဘာတွေလဲ

ဖြစ်တဲ့အမျိုးအစားပေါ်မူတည်ပြီးလက္ခဏာတွေအများကြီးရှိပါတယ်။ အတွေ့ရများတဲ့လက္ခဏာတွေကတော့ အိပ်ရင်းလမ်းလျှောက်ခြင်း၊ ဟောက်ခြင်း၊ အိပ်မပျော်ရောဂါ၊ ခြေလှုပ်သည့်ရောဂါစု၊ အချိန်တိုင်းအိပ်ချင်နေခြင်းနှင့် အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ရပ်ခြင်းတို့ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါဖော်ပြပါအချက်တွေ ထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင် (သို့)သင့်ရဲ့အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးမေးခွန်းတွေရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ သင့်အခြေအနေအတွက် အသင့်တော်ဆုံးအဖြေကိုရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နာတာရှည်အိပ်စက်ရောဂါကသင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ သင့်စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေကိုဆိုးကျိုးပေးနိုင်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အကြောင်းရင်းများ

အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများကို ဘာတွေကဖြစ်စေသလဲ

အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ။်

  • ကိုယ်ပိုင်းဆိုင်ရာစိတ်အနှောင့်အယှက်ဖြစ်စရာများ(ဥပမာအနာမှ နာကျင်ကိုက်ခဲခြင်း)
  • ကျန်းမာရေးပြဿနာများ (ဥပမာရင်ကျပ်ရောဂါ)
  • ဆေးများ ( ကဖင်းဓါတ်၊ စိတ်ကျဆန့်ကျင်ဆေးဝါးများ၊ စိတ်ကြွဆေးများ)
  • စိတ်ပိုင်းဆိုင်ရာပြဿနာများ(စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ကြီးခြင်း)
  • ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ (အရက်သောက်ခြင်း)

အိပ်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတဲ့အခြားအရာတွေကတော့ မျိုးရိုးဗီဇ၊ ညဆိုင်းအလုပ်လုပ်ရခြင်း၊ ဆေးဝါးတွေနဲ့ အသက်ကြီးလာခြင်းတို့ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အဝလွန်ခြင်း၊ လည်ပင်းတစ်ဝိုက်အဆီများခြင်း၊ နှာခေါင်း၊ပါစပ်၊ လည်ချောင်းတစ်ရှူးများကြီးနေခြင်း၊ အရိုးပုံပျက်နေခြင်း၊ အရက်ဆေးဝါးများသုံးစွဲခြင်း၊ ပက်လက်အိပ်ခြင်း၊ ခေါင်းအုံးများသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အိပ်စက်ခြင်းအလေ့အထမမှန်ခြင်း၊ ဟော်မုန်းဆိုင်ရာပြဿနာများရှိခြင်းစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဆုံးကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်မှုတွေ၊ သင့်ရဲ့လက္ခဏာတွေ ကျန်းမာရေးအခြေအနေမေးမြန်းခြင်းတွေကိုအရင်ဆုံးပြုလုပ်ပါလိမ့်မယ်။ အောက်ဖော်ပြပါ အမျိုးမျိုးသောစမ်းသပ်နည်းတွေနဲ့လည်းစမ်းသပ်ပါလိမ့်မယ်။

  • အိပ်စက်မှု စစ်ဆေးခြင်း (Polysomonography)။ အောက်ဆီဂျင်အတိုင်းအတာ ၊ ခန္ဓါကိုယ်လှုပ်ရှားမှုများနဲ့ ဦးနှောက်လှိုင်း များ က အိပ်စက်ခြင်းကိုဘယ်လိုထိခိုက်စေလဲဆိုတာကိုတိုင်းတာခြင်းဖြစ်ပါတယ်။
    • ဦးနှောက်လှိုင်းစစ်ဆေးခြင်း (Electroencephalogram) ။ ဦးနှောက်လျှပ်စီးဆိုင်ရာလှုပ်ဆောင်မှုများနဲ့ ထိုလုပ်ဆောင်မှုတွေနဲ့ဆက်နွှယ်နေတဲ့ ပြဿနာတွေကိုစစ်ဆေးခြင်းနည်းဖြစ်ပါတယ်။
    • မျိုးရိုးဗီဇဆိုင်ရာသွေးစစ်ဆေးခြင်း။ အမြဲအိပ်ငိုက်နေခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တဲ့အခြားသောကျန်းမာရေးပြဿနာတွေ အဖြေရှာနိုင်ဖို့သုံးပါတယ်။

    အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများကို ဘယ်လိုကုသပါသလဲ

    အမျိုးအစားနဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုအမျိုးမျိုးပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ပေါင်းစပ်ကုထုံးတွေနဲ့ လူနေမှုပုံစံပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအိပ်စက်မှုဆိုင်ရာရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အိပ်စက်မှုဆိုင်ရာ ရောဂါကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • သကြား လျှော့စားခြင်း၊ အသီးအနှံ ဟင်းသီးဟင်းရွက် နဲ့ ငါးတွေ ပိုစားခြင်း
    • လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချခြင်း
    • အိပ်ချိန် ပုံမှန်သတ်မှတ်ထားခြင်း
    • အိပ်ရာဝင်ခါနီး ရေလျှော့သောက်ခြင်း
    • ကဖင်းဓါတ် သောက်ခြင်းကို အကန့်အသတ် ထားခြင်း အထူးသဖြင့် မွန်းလွဲပိုင်း ညနေပိုင်းတွေမှာ မသောက်ခြင်း
    • ဆေးလိပ် အရက် လျှော့ခြင်း
    • အိပ်ရာဝင်ခါနီး ကာဗိုဟိုက်ဒရိတ် အနည်းငယ်စားခြင်း စသည်တို့ ဖြစ်ပါတယ်။

    အကယ်၍ သင့်မှာ မေးခွန်းတွေ ရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Hello Sayarwon မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement