backup og meta

နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့်

နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့်

တစ်ရေးအိပ်တာ၊ နေ့လယ်ခင်း တစ်ရေးလောက် မှေးတာက ကျန်းမာရေး ကောင်းစေတယ်လို့ သိထားကြပါတယ်။ နေ့လယ်ခင်း တစ်ရေးအိပ်တာက သွေးတိုး ကျစေတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ်။ အာရုံစူးစိုက်မှု ကောင်းစေတယ် ဆိုပေမယ့် နေ့လယ်ခင်းကို ခဏခဏ တစ်ရေးအိပ်တာကတော့ မကောင်းပါဘူးတဲ့နော်။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့်

နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့်

တစ်ရေးအိပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လေ့လာမှု အသစ်တစ်ရပ်အရ နေ့လယ်ခင်းမှာ ခဏခဏ တစ်ရေးအိပ်တာက သွေးတိုးတာ နဲ့ လေဖြတ်တာကို ခံစားရနိုင်တယ် ဆိုတာပါ။

လေ့လာမှုအတွင်း နေ့လယ်ဘက် လုံးဝ မအိပ်တဲ့သူတွေထက် နေ့လယ်ဘက် ပုံမှန် အိပ်လေ့ရှိသူတွေက သွေးတိုးရောဂါ ခံစားရနိုင်ခြေ ၁၂ % နဲ့ လေဖြတ်နိုင်ခြေ ၂၄ % ပိုများနေပါတယ်။

မကြာသေးခင်က American Heart Association ကထုတ်ပြန်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ နေ့လယ်ခင်းမှာ တစ်ရေးအိပ်လေ့ရှိတာက အမြဲလိုလို အိပ်မယ်ဆိုရင် သွေးတိုးရောဂါ ခံစားရနိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေ ပိုများနေပါတယ်။

မကြာခဏဆိုသလို နေ့လယ်ဘက် အိပ်လေ့ရှိတဲ့ သူတွေက သွေးတိုးတာနဲ့ ဦးနှောက်ဆီ သွေးရောက်ရှိမှု နည်းတာကြောင့် လေဖြတ်တာမျိုး ခံစားရနိုင်ခြေ ပိုများနေပါတယ်။

လေ့လာမှုအတွင်း သွေးတိုးရောဂါ မရှိသူနဲ့ လေဖြတ်တာက လုံးဝမခံစားရဖူးသူ ၃၅၈၄၁၅ ဦးကို ၁၁ နှစ်ကြာ လေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင် နေ့လယ်ခင်း အိပ်စက်မှုနဲ့ ပတ်သက်ပြီး မကြာခဏ အိပ်လေ့ရှိတဲ့သူ၊ တစ်ခါတလေမှ အိပ်တဲ့သူ၊ လုံးဝမအိပ်တဲ့သူဆိုပြီး ခွဲခြား လေ့လာခဲ့ပါတယ်။

လေ့လာမှုရလဒ်

လေ့လာမှု ရလဒ်အရ မကြာခဏဆိုသလို နေ့လယ်ဘက် တစ်ရေးအိပ်လေ့ရှိတဲ့သူတွေမှာ နေ့လယ်ခင်း မအိပ်တဲ့သူတွေထက် သွေးတိုးနိုင်ခြေ ၁၂ % ပိုများနေသလို လေဖြတ်နိုင်ခြေက ၂၄ % ပိုများနေပါတယ်။ အသက် ၆၀ အောက် လူငယ်တွေမှာ သွေးတိုးနိုင်ခြေက ၂၀ % ပိုများနေတာပါ။

မကြာခဏမှေးတတ်တဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် အများစုက အမျိုးသား၊ ပညာရေးနိမ့်ကျတဲ့သူ၊ ဝင်ငွေနည်းတဲ့သူ၊ နေ့တိုင်းနီးပါး အရက်ဆေးလိပ်သောက်သူ၊ အိပ်မပျော်ရောဂါရှိသူ၊ ဟောက်တတ်သူတွေ ဖြစ်စ်နေတာကို တွေ့ရပါတယ်။ ဒီအချက်တွေကလည်း သွေးတိုးရောဂါနဲ့ လေဖြတ်တာကို တွန်းပို့နေသလိုပါပဲ။

နေ့လယ်ခင်းမှာ အိပ်တာက သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများတယ်ဆိုတာကို တွေ့ရပေမယ့် ဒီနှစ်ခုကြားက ဆက်စပ်မှုကိုတော့ ထပ်ပြီး လေ့လာရဦးမှာပါ။

နေ့တိုင်းလိုလို နေ့လယ်ခင်း တစ်ရေးအိပ်လေ့ရှိတဲ့သူတွေက အခြားသူတွေထက် သွေးတိုးတာနဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ပိုများနေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် တစ်ပတ်ကို  ၂ ကြိမ် ၃ ကြိမ်လောက်ပဲ နေ့လယ်ခင်းကို အိပ်သင့်ပါတယ်။ အိပ်တဲ့ အခါမှာလည်း မိနစ် ၂၀၊ နာရီဝက်ထက် ပိုမအိပ်သင့်ပါဘူး။

အိပ်ရေးမဝတာကြောင့် နေ့လယ်ပြန်အိပ်ရတာဆိုရင်တော့ ညဘက်မှာ အိပ်ရေးဝဝ အိပ်ဖို့ အကြံပြုလိုပါတယ်။ အိပ်ရေးဝဝအိပ်တာက နှလုံးကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ကိုယ်ခံအား ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

ဒါကြောင့် နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့် ခဏခဏဆိုရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာကြောင့် သေချာလေး သတိထားဖို့ အကြံပြုလိုက်ပါရစေ။

နေ့လယ်ခင်းမှာ အိပ်ရမှာလား၊ မအိပ်ရဘူးလား။

နေ့လယ်ခင်း အိပ်တာက ပြဿနာမဟုတ်ပါဘူး။ လူတိုင်းက တစ်ခါတလေတော့ နေ့လယ်ခင်းမှာ မှေးတတ်ကြပါတယ်။ ဒါပေမယ့် နေ့တိုင်းနီးပါး မှေးနေရပြီဆိုရင် မိမိကိုယ်ကို ပြန်ဆန်းစစ်ပါ။
ညဘက်တွေမှာ အိပ်ရေးပျက်တဲ့သူတွေက နေ့လယ်ခင်းမှာ ပြန်မှေးတတ်ကြပါတယ်။ ဒီလိုအိပ်ရေးပျက်တာကလည်း ရေရှည်မှာ သွေးတိုးတာနဲ့ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ နေ့လယ်ဘက် အိပ်ချင်နေတာကို လေဖြတ်မှာစိုးလို့ မအိပ်မိအောင် အတင်းကြိုးစားတာထက် ဘာလို့ နေ့လယ်ဆို အိပ်ချင်နေရတာလဲဆိုတာကို အဖြေရှာပါ။ ဥပမာ ညအိပ်နေရင်း ဟောက်ပြီး အသက်ရှူရပ်တတ်တဲ့ သူတွေက နေ့ဘက်တွေဆို ငိုက်ပြီး အိပ်ချင်တတ်ကြပါတယ်။ ညဘက်တွေမှာ အိပ်ရေးဝအောင် အိပ်ပါ။
နေ့လယ်ဘက်တွေမှာ ရံဖန်ရံခါ မှေးတာက ပြဿနာမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Frequent Napping Linked To Higher Risk Of Stroke, High Blood Pressure https://www.medicaldaily.com/frequent-napping-linked-higher-risk-stroke-high-blood-pressure-466307 Accessed Date 1 August 2022

Is Napping Bad For You? New Study Links Frequent Naps to Higher Risk of Stroke, High Blood Pressure https://www.health.com/news/frequent-napping-higher-risk-stroke-high-blood-pressure Accessed Date 1 August 2022

Death by Napping? The Frightening Link to High Blood Pressure and Increased Stroke Risk https://scitechdaily.com/death-by-napping-the-frightening-link-to-high-blood-pressure-and-increased-stroke-risk/ Accessed Date 1 August 2022

Frequent Napping Linked to High Blood Pressure and Stroke Risk, Study Finds https://www.prevention.com/health/sleep-energy/a40299155/frequent-napping-linked-to-high-blood-pressure-and-stroke-risk-study-finds/?source=nl&utm_source=nl_pnb&utm_medium=email&date=073022&utm_campaign=nl28557428&utm_term=TEST-%20NEW%20TEST%20-%20Sending%20List%20-%20AM%20180D%20Clicks%2C%20NON%20AM%2090D%20Opens%2C%20Both%20Subbed%20Last%2030D Accessed Date 1 August 2022

Frequent napping may be a sign of higher risks of stroke, high blood pressure https://www.medicalnewstoday.com/articles/frequent-napping-may-be-a-sign-of-higher-risks-of-stroke-high-blood-pressure Accessed Date 1 August 2022

ယခုပုံစံ

21/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့ခင်းတစ်ရေးအိပ်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement