ဒီလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်တော့ တူနေမယ်လို့ မဆိုလိုပါဘူး။
ဘာတွေကြောင့် လောင်းကစားလုပ်တာကို စွဲလမ်းရတာလဲ …..
လောင်းကစား လုပ်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ငွေရေးကြေးရေး ကိစ္စတွေမှာရော လူမှုရေး နဲ့ အလုပ်ကိစ္စတွေမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လောင်းကစားလုပ်တာကို စွဲလမ်းနေတာမျိုး ရှိနိုင်ပါတယ်။
လောင်းကစား လုပ်တာကို စွဲလမ်းနေတဲ့ လူအများစုက မှီခိုနေရသူတွေနဲ့ ကိုယ်ပိုင်ဝင်ငွေ တိတိပပ၊ အလုပ်အကိုင် တိတိပပ မလုပ်ကိုင်သူတွေများတာကို တွေ့ရပါတယ်။ တိကျတဲ့ တာဝန်တွေ မရှိတာက အလေ့အကျင့်တွေကို ပြောင်းလဲစေပြီး လောင်းကစား လုပ်မိစေဖို့ တွန်းအားပေးလိုက်သလို ဖြစ်နေတာပါ။
- အလုပ်ကနေ အနားယူထားတဲ့သူတွေ
- စိတ်ထိခိုက်စရာ ကြီးကြီးမားမား ခံစားရဖူးသူတွေ
- အလုပ်ခွင် ဖိအား များနေသူတွေ
- စိတ်ဓာတ်ကျတာ စိုးရိမ်စိတ် များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာ ရှိနေသူတွေ
- အထီးကျန်နေသူတွေ
- အခြားသော စွဲလမ်းမှု တစ်ခုခု ရှိနေသူတွေ [အရက်စွဲတာ၊ ဆေးစွဲတာမျိုးပါ]
- လောင်းကစား လုပ်တတ်တဲ့ မိတ်ဆွေတွေရှိနေတာ
- လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိနေတာတွေကလည်း လောင်းကစား စွဲလမ်းမှုကို ဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။