backup og meta

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

    လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။

    အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။

    ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။

    ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို ဖိနှိပ်ထားသလိုမျိုးပေါ့။

    နောက်တစ်ချက်က ရာသီလာချိန်မှာ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ progesterone ဟော်မုန်း ပမာဏ မြင့်တက်တာ testosterone ဟော်မုန်းပမာဏ ပြောင်းလဲတာတွေကြောင့်ပါ။ ဒါတွေကြောင့် ရာသီလာခါနီးမှာ ဖျားနာမှုတွေကို ခံစားရတာ၊ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်စွမ်း ကျတာတွေ ဖြစ်လာရတာပါ။ 

    ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

    ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

    ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာကြောင့် ရောဂါတွေ ဝင်ရောက်လာတာမျိုး မဖြစ်စေဖို့အတွက် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။

    ရေ များများ သောက်ပါ။

    ရေဓာတ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေသလို ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ရေများများ သောက်ပေးဖို့ လိုပါမယ်။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပြီး ရာသီလာချိန် ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

    သစ်သီးတွေ စားပါ။

    ရာသီလာချိန်မှာ ကိုယ်ခံအားကောင်းစေဖို့အတွက် ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး၊ ချယ်ရီသီးတို့လိုမျိုး အသီးတွေကို စားပေးပါ။ ဗီတာမင် C ကြွယ်ဝသလို ရေဓာတ်ပြည့်ဝစွာ ပါဝင်မှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပါ။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ ဖောလိတ်နဲ့ ဇင့်ဓာတ်တွေကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။

    အနီရောင် အသား စားပါ။

    အနီရောင် အသားက သံဓာတ် နဲ့ ပရိုတင်းတို့လိုမျိုး ကိုယ်ခံအား အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ သွေးအားကောင်းစေဖို့ရော ကိုယ်ခံအား ပြည့်နေစေဖို့ပါ အကောင်းဆုံး ထောက်ကူ ပေးနိုင်မှာပါ။

    ပင်လယ်ငါး စားပါ။

    ပင်လယ်ငါး အထူးသဖြင့် ဆယ်လ်မွန်ငါးလိုမျိုး Omega-3 fatty acid ကြွယ်ဝပြီး ပရိုတင်းပြည့်ဝတာမျိုး စားပေးဖို့ လိုပါမယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    ကြက်သား စားပါ။

    ကြက်သားက ကိုယ်ခံအားကောင်းသလို သွေးအားလည်း ပြည့်စေနိုင်ပါတယ်။ ပရိုတင်း ကြွယ်ဝမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကျန်းမာနေစေဖို့အတွက် ကြက်သားကို အရေခွံမပါဘဲ စားပေးလို့ ရပါတယ်။

    အနက်ရောင် ချောကလက် စားပါ။

    အချို ပါဝင်မှု နည်းတဲ့ အနက်ရောင် ချောကလက်က ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးသလို သွေးလည်ပတ်မှု ကောင်းစေနိုင်တာကြောင့် လေဒီလေးတွေ ရာသီလာချိန်မှာ စားပေးဖို့ သင့်တော်တဲ့ အစားအစာတစ်မျိုးပါ။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

    ကဲ ….. ရာသီလာချိန်မှာ ကိုယ်ခံအား နည်းသွားတာမျိုးကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်စေဖို့အတွက် အခုပြောခဲ့တဲ့ အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement