မျက်နှာပေါ်က အမွေးအမျှင် အမျိုးသားတွေမှာ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးတွေက ဘက်တီးရီးယားတွေ အကြိုက်ဆုံးနေရာပါ။ အမွေးရှိရင် အဆီလည်း ရှိတာကြောင့် အဆီထုတ်လုပ်မှု များတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ ဝက်ခြံပေါက်တတ်ပါတယ်။
ဒါ့ပြင် အမွေးအမျှင်တွေ ရိတ်တဲ့အခါ အရိတ်မတော်ရင် မွေးညင်းအိတ်ရောင်ရမ်းပြီး အဖုလေးတွေ ပေါက်လာတတ်ပါတယ်။ ဒါကလည်း ဝက်ခြံနဲ့ အတော်တူပါတယ်။
ဝက်ခြံအကြောင်းပြောရင် မျိုးဗီဇကမပါမဖြစ်ပါ။ မိဘတွေက ဝက်ခြံထွက်တတ်တယ်ဆိုရင် ဒီအမျိုးသားမှာလည်း ဝက်ခြံပေါက်နိုင်ခြေ ရှိပါတယ်။ မျိုးဗီဇဆိုတဲ့နေရာမှာ ခန္ဓာကိုယ်က ဆဲလ်တွေက ဟော်မုန်းတွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာကို အဓိက ထားပြောပါတယ်။
မိသားစုထဲက တစ်ယောက်ယောက်မှာ ဝက်ခြံထွက်ရုံနဲ့ ဒီမိသားစုက တက်စတိုစတီရုန်း များများထုတ်တဲ့ မျိုးဗီဇရှိတယ်လို့ ပြောလို့မရပါဘူး။ သူတို့မှာ တက်စတိုစတီရုန်း ပမာဏက ပုံမှန်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆဲလ်တွေက ဟော်မုန်းကို အလွန်အကျွံတုံ့ပြန်ပြီး အဆီတွေ အထွက်များနေတာပါ။ ဒီတော့ ဝက်ခြံလည်း ပိုထွက်တာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။