ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 31, 2020 . 2 mins read
Share now

လူတစ်ယောက် ကျန်းမာဖို့၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့၊ စိတ်ပျော်ရွှင်စေဖို့ တစ်နေ့တာ ပြည့်ဝစွာအိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လူဆိုတာ စိတ်ဖိစီးမှုတွေ၊ အတွေးတွေ၊ အလုပ်တွေကို အိပ်ရာထဲထိ ယူလာတတ်ကြတယ်မလား။ လူငယ်တွေကျတော့လည်း ညမိုးချုပ်တဲ့အထိ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ညနောက်ကျမှအိပ်၊ ကြာလာတော့ ညဘက်စောစောအိပ်ရမယ်ဆိုရင် ဘယ်လိုမှအိပ်လို့မပျော်တော့ဘူးလေ။ ဒီလိုမျိုး ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တတ်တဲ့ သူတွေအတွက် အမြန်အိပ်ပျော်စေမယ့် နည်းလမ်း (၃) ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ Military နည်းလမ်း

  • ပက်လက်လှဲနေပါ
  • မျက်နှာပေါ်မှာ ရှိတဲ့ ကြွက်သားတွေ ဖြေလျှော့ထားပါ
  • ပုခုံးကြွက်သားကို တင်းမထားဘဲ ဖြေလျှော့ထားပါ
  • လက်နှစ်ဖက်ကို ကိုယ်ခန္ဓာဘေးတစ်ဖက်စီမှာ ကပ်ထားပါ
  • အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ
  • ခြေထောက်၊ ခြေသလုံး၊ ပေါင်မှာရှိတဲ့ တင်းနေတဲ့ ကြွက်သားတွေကို ဖြေလျှော့ပါ
  • စိတ်ထဲမှာပူနေရတဲ့ အတွေးမှန်သမျှ ဖျောက်ထားပါ
  • တစ်ကိုယ်လုံးမှာ ရှိတဲ့အကြောအချဉ်တွေ ပြေလျော့နေချိန်မှာ စိတ်ကို အနားပေးပါ
  • သာယာဖွယ် မြင်ကွင်းတစ်ခုကို ကိုယ့်မျက်စိရှေ့မှာ မြင်နေရတယ်လို့ မှတ်ယူပါ
  • စိတ်ကို တခြားနေရာတွေ ရောက်မသွားအောင် ထိန်းထားပါ
  • ကိုယ်ခန္ဓာက ကြွက်သားတွေရော၊ စိတ်ရော ငြိမ်းအေးသွားချိန်မှာ အိပ်ပျော်ဖို့ ပိုလျင်မြန်သွားပါတယ်။

၂။ ၄-၇-၈ အသက်ရှူလေ့ကျင့်ခန်း

  • ပက်လက်လှဲအိပ်ပြီး မျက်နှာကို အပေါ်မူထားပါ
  • အရင်ဆုံး ရှေ့မှာရှိတဲ့အပေါ်သွားနဲ့ အောက်သွားကို တင်းတင်းစေ့ထားပါ၊ လျှာကို အနောက်မှာထားထားပါ
  • နှုတ်ခမ်းကို နည်းနည်းလေးဟပြီး ပါးစပ်နဲ့ လေအရင်ဆုံးထုတ်ပါ
  • ပြီးသွားရင် နှုတ်ခမ်းကိုပြန်စေ့ပြီး နှာခေါင်းကနေ လေကို ရှူသွင်းပါ (စိတ်ထဲမှာ ၁ ကနေ ၄အထိ ရေတွက်နေပါ)
  • ပြီးသွားရင် အသက်ကို အောင့်ထားပါ (စိတ်ထဲမှာ ၁ ကနေ ၇ အထိ ရေတွက်နေပါ)
  • နှုတ်ခမ်းကို ပြန်ဟပြီး လေသံပါအောင် ပြန်ရှူထုတ်ပါ၊ လျှာကိုတော့ သွားရဲ့အနောက်မှာပဲ ထားထားပါ (ရှူထုတ်နေစဉ် ၁ ကနေ ၈ အထိရေတွက်နေပါ)
  • အသိစိတ်နဲ့မထိန်းထားပါနဲ့၊ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး အသက်ရှူနေရတယ်လို့ပဲ မှတ်ယူထားပါ
  • တဖြည်းဖြည်းနဲ့ တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေမှာပါ

၃။ ကြွက်သားအတင်းအလျှော့လုပ်နည်း

အပေါ်မှာ ပြထားတဲ့နည်းလမ်း (၂) ခုနဲ့ အဆင်မပြေဘူးဆိုမှသာ ခုပြောမယ့်နည်းလမ်းကို လေ့ကျင့်သင့်ပါတယ်။

  • မျက်ခုံးကြောကို အပေါ်ပင့်ထားပါ၊ ပြီးတာနဲ့ ချက်ချင်း တင်းထားတဲ့မျက်ခုံးကြောကို လျှော့ချလိုက်ပါ၊ ပြီးရင် ခဏနားပါ
  • နောက်တစ်ဆင့်အနေနဲ့ သွားမစေ့ဘဲ နှုတ်ခမ်းကိုကွေးပြီး အားရပါးရ ပြုံးလိုက်ပါ၊ ပြီးသွားရင် ပုံမှန်အတိုင်းပြန်နေလိုက်ပါ
  • မျက်လုံးကို မှိတ်ထားပြီး ဘေးဘက်တွေကို စောင်းကြည့်ပါ၊ ခဏကြာရင် ရပ်လိုက်ပါ
  • ပက်လက်အိပ်နေတဲ့ ဦးခေါင်းကို ခေါင်းအုံးထဲဝင်အောင် ဖြည်းဖြည်းချင်းဖိချပါ၊ ပြီးရင် ပုံမှန်အတိုင်းပဲ ခေါင်းကို ပြန်ထားပါ
  • အဓိကအနေနဲ့ မျက်နှာမှာရှိနေတဲ့ ကြွက်သားတွေကို အတင်းအလျှော့ပြုလုပ်ပေးတာဖြစ်ပြီး ကျန်တဲ့ ရင်ဘတ်၊ လက်၊ ပေါင်နဲ့ ခြေထောက်ကြွက်သားတွေကိုလည်း အတင်းအလျှော့လုပ်ပေးလို့ရပါတယ်။

လူတစ်ယောက်အိပ်ချင်တဲ့ စိတ်ကိုဖြစ်ပေါ်စေဖို့ စိတ်ကလည်း ငြိမ်းချမ်းနေဖို့ လိုသလို ကိုယ်ခန္ဓာက ကြွက်သားအရိုးအဆစ်တွေဟာလည်း တင်းမနေသင့်ပါဘူး။ ဒီနည်းလမ်းတွေက ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားအတင်းအလျှော့ကို အဓိကပြောင်းလဲပေးတာဖြစ်ပြီး အချိန်နည်းနည်းပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ အိပ်ခန်းတစ်ခုလုံးကို အသံလုံအောင်ထားပြီး မီးအရောင်မှိန်မှိန်လေး ဖွင့်ထားပေးတာ၊ ရေစီးကျသံ၊ ငှက်တေးကျူသံ၊ တယောသံ အစရှိတဲ့ စိတ်အေးချမ်းစေတဲ့ တီးလုံးတွေကို ဖွင့်ထားပေးလို့လည်း အဆင်ပြေပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေပေမဲ့ အိပ်ပျော်ဖို့ လိုပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲ။ စိတ်ဖိစီးချိန်မှာ အိပ်မပျော်ရင် ဘာတွေ ဖြစ်လာမလဲ။ စိတ်ဖိစီးနေချိန်မှာ အိပ်ပျော်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ နောက်တစ်ခုကတော့..............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
worry less

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read