ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 25, 2021 . 2 mins read
Share now

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။

လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆိုတာဟာ သာမန်လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ  အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။

စိတ်ဖိစီးမှု နဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ် ။

နည်းပညာတွေ ခေတ်မီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ် လူနေမှု ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို ပိုမို အသုံးချလာနေကြတာမို့ စိတ်ဓာတ်ကျဆင်း  နေမှုတွေအပါအဝင် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်နေကြတယ်ဆိုတာကို ပိုမိုသိရှိလာရပါတယ် ။  ကိုယ့်ကိုယ်ကိုသတ်သေ ဖို့အထိ ဆုံးဖြတ်ထားတဲ့ သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလွန်စတွေ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ် ။

ကိုယ့်ကိုယ်ကိုသတ်သေ တော့မယ်ဆိုရင် သူတို့ ဘာလုပ်ကြသလဲ

လက်ရှိမှာ လူမှုကွန်ယက် လောကရဲ့ ဆရာ တစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက် ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေ နဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ ( AI ) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပါတယ် ။

၂၀၁၇ ခုနှစ်မှ ာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေ ချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခဏ ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ် ။

Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ ( AI ) နည်းပညာ အသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကိုသတ်သေနိုင်ချေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ် ။

လက်ရှိမှာလည်း လူမှုကွန်ယက် အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကိုသတ်သေ ဖို့ စိတ်ဆန္ဒရှိနေသူတွေဟာ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ် ။ သူတို့ရဲ့ ဖော်ပြချက်တွေအရ

–           သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ

–           တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ

–           အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ

–           တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ

–           အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ

–           မဆင်မခြင်အပြုအမူမျိုးတွေ လုပ်မိမှာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ

–           အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ် အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ

–           ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ

–           ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ

–           #depressed ဒါမှမဟုတ် #suicidal ဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ

ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နှီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေ နိုင်ချေမြင့်မားတယ်လို့ ယူဆလို့ရပါတယ် ။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အသိုင် းအဝိုင်း အတွင်းက လူမှုကွန်ယက် အသုံးပြုသူတွေ အကြားမှာ ဘာပို့စ်တွေ တင်နေကြလဲဆိုတာကို သတိထား စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော် ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

အသံ တွေ ခဏခဏ ပြန်ကြားနေရတာ၊ သူများမကြားဘဲ ကိုယ်ပဲ ကြားနေရတာက စိတ်ရောဂါမဟုတ်ပါဘူး။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါလိမ့်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read