စိတ်ဖိစီးမှုဆိုတာ မလိုလားအပ်တဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ထိခိုက်ခံစားရမှုပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ တချိန်ချိန်မှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားဖူးကြပါလိမ့်မယ်။ သုတေသနစာစောင်တခုမှာဆိုရင် အရွယ်ရောက်ပြီးသူများရဲ့ ၃၃ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုဝေဒနာကို အတော်လေး ကြုံတွေ့ဖူးကြတယ်လို့ ဆိုပါတယ်။