၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
Share now

စိတ်ဖိစီးနေချိန်၊ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်းမှာ သင့်ရဲ့လေးလံနေတဲ့ ခေါင်းကြီး ပေါပါးသွားစေမယ့်၊ စိတ်ဖိစီးမှုတွေ လျော့ပါးသွာားစေမယ့် နည်းလမ်းလေးတွေမို့လို့ပါ။

တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ တကယ်ကို အဆင်ပြေသွားပါလိမ့်မယ်။

၁။ တရားထိုင်ပါ

မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။

၂။ အသက်ကို ပြင်းပြင်းရှူ

အသက်ကို မှန်မှန်ရှူ၊ အသက်ကို မှန်မှန် ရှူလို့ ပြောတတ်ကြတယ်မဟုတ်လား။ ဒီနည်းက တကယ်အလုပ်ဖြစ်တယ်နော်။ မျက်လုံးကိုမှိတ် ခါးကိုမတ်မတ်ဆန့်ဆန့်ရပ်ပြီး ၅ မိနစ်လောက် အသက်ကို ပြင်းပြင်းရှူသွင်း၊ ပြင်းပြင်းပြန်ရှူထုတ်လုပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုကို ခပ်မြန်မြန်လွင့်ပါးသွားစေနိုင်ပါတယ်။

၃။ အရှိအတိုင်း လက်ခံ

အရမ်းစိတ်ရှုပ်နေတာက ရှုပ်ရှုပ်ထွေးထွေးတွေ တွေးတောနေမိလို့ပါ။ အခြေအနေကို အရှိအတိုင်းလက်ခံပြီး အေးအေးဆေးဆေး သုံးသပ်ကြည့်လိုက်ပါ။ ပြဿနာတွေက ကိုယ်ထင်ထားတာလောက် မခက်တာကို နားလည်လာပါလိမ့်မယ်။

၄။ ရင်ဆိုင်ပစ်လိုက်

သင့်ရဲ့ ဆိုရှယ်မီဒီယာက သင့်အတွက် စိတ်ထွက်ပေါက်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ တခြားလူတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် ပို့စ်တင်ပြီးပဲဖြစ်ဖြစ် မက်ဆင်ဂျာကနေပဲဖြစ်ဖြစ် ရင်ဖွင့်လိုက်ပါ။ စိတ်ထဲ ပေါ့သွားပါလိမ့်မယ်။

၅။ ကိုယ်လက်လှုပ်ရှားလိုက်

လေ့ကျင့်ခန်းလုပ်ခိုင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို လွှဲရမ်းလှုပ်ရှားတာမျိုး၊ ထိုင်လိုက်ထလိုက်လုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်စေချင်တာပါ။ ၁ မိနစ် ၂ မိနစ်လောက် ဒီလိုလုပ်လိုက်ရုံနဲ့ သိသာတဲ့ အကျိုးရပါလိမ့်မယ်။

၆။ ကိုယ်တွင်း ဖိအားကို လျှော့

နွေးထွေးတဲ့ရေနွေးအိတ်လို အဝတ်စလိုအရာမျိုးကို လည်တိုင်၊ မျက်နှာ၊ ရင်ဘတ်နဲ့ ဂုတ်ကြွက်သားတွေမှာ တစ်ကြိမ်စီပတ်ပြီး ၁၀ မိနစ်လောက်ကြာတဲ့အထိ နေကြည့်ပါ။ လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

၇။ ဟက်ဟက်ပက်ပက်ရယ်မောပါ

ရယ်မောတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ အပြုအမူတစ်မျိုးပါ။ ဒီအတိုင်း ရယ်မောတာပဲဖြစ်ဖြစ် ဟာသတွကြည့်ပြီး ရယ်မောတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ခနအတွင်း ထူးခြားပါလိမ့်မယ်။

၈။ ဂီတနဲ့ စီးမျောကြည့်

သီချင်းနားထောင်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတွေထဲက တစ်ခုလို့ ဆိုကြပါတယ်။ သွေးတိုးနဲ့ နှလုံးခုန်နှုန်းမြင့်မားနေတာတွေကို လျော့ကျစေသလို သောကတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

၉။ ပြေးကြည့်ပါ

ပြေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ပြေးတာ စက်ဘီးစီးတာတွေကြောင့် ချွေးစို့လာပြီဆိုရင် လူက ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ စိတ်ဖိစီးနေရင်လည်း လျော့ပါးသွားစေပါလိမ့်မယ်။

၁၀။ ကျေးဇူးသိစိတ်မွေးပါ

လေ့လာချက်တွေအရ ကျေးဇူးသိတတ်သူတွေဟာ စိတ်ဖိစီးနေချိန်မှာ ကျေးဇူးတရားကို တွေးတောဆင်ခြင်ရုံနဲ့ စိတ်လက်ပေါ့ပါးပြေလျော့စေတယ်လို့အဆိုရှိပါတယ်။ စမ်းသပ်သင့်တဲ့ နည်းတစ်ခုပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဒဏ်တွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

လမ်းကြာကြာလျှောက် တဲ့အခါ ဒီလို ပြဿနာလေးတွေ ကြုံရတတ်တယ်ဆိုပေမယ့် ဒါတွေက ဖြေရှင်းရမခက်ပါဘူး။ ခုပြောထားတာလေးတွေကို လိုက်နာရုံနဲ့တင် သက်သာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray နဲ့ ဖြန်းမိတဲ့အခါ ဘာတွေ လုပ်ရမလဲ။ ဆေးခန်းပဲ ပြေးရမလား။ အိမ်မှာပဲ သက်သာအောင် လုပ်လို့ ရမလား။ ဘာတွေ ဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ ရေရှည်လမ်းလျှောက်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သေချာဂရုမစိုက်ဘူးဆိုရင် အိမ်ရောက်တာနဲ့ မှောက်ပြီး နောက်နေ့တွေ လျှောက်နိုင်မှာ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read