မနက်စာ ပုံမှန်စားသုံးသူတွေက အလုပ်တွေကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်သလို စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ပိုကောင်းကြပါတယ်။ ဒါကြောင့် ကျန်းမာချင်တယ်ဆိုရင် တစ်နေ့တာအတွက် အရေးအကြီးဆုံး မနက်စာကို မဖြစ်မနေ စားပေးပါ။
ကျန်းမာတဲ့သူတိုင်းက အလုပ်ချိန် နားချိန် ခွဲထားတတ်ကြပါတယ်။ အနားယူတယ်ဆိုတဲ့နေရာမှာ ဖုန်းသုံးတာတွေ၊ စိတ်ကို ဖိစီးစေမယ့် ရုပ်ရှင်မျိုးတွေ ကြည့်တာတွေကို ဘာမှ မလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူတာကို ပြောတာပါ။
ပြည့်ဝစွာ အိပ်စက် အနားယူတာက ကျန်းမာစေမယ့် အလေ့အထတွေထဲက တစ်ခုပါ။
မနက်ခင်းတိုင်းမှာ လေကောင်းလေသန့် ရရှိနိုင်မယ့် နေရာမှာ နာရီဝက် လမ်းလျှောက်တာက အဆုတ်တွေကို အားကောင်းစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာလာစေမှာပါ။
- ၁ နာရီ ထိုင်ပြီးတိုင်း ၂ မိနစ် လမ်းလျှောက်ပါ
အခုခေတ်မှာ အလုပ်အများစုက ထိုင်လုပ်ရတာပါ။ အထိုင်များတဲ့ နေထိုင်မှု ဘဝပုံစံကြောင့် ကျန်းမာရေးကို မထိခိုက်စဖို့ဆိုရင် ၁ နာရီထိုင်ပြီးတိုင်းမှာ ၂ မိနစ်လောက် လမ်းလျှောက်ပါ။
အိမ်အလုပ်တွေ လုပ်တာကလည်း ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်သလိုပါပဲ။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ဆိုရင် အိမ်အလုပ်တွေကို နိုင်သလောက်လုပ်ပြီး ကျန်းမာအောင် နေထိုင်လိုက်ကြပါစို့။
တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ စားပွဲကို ကိုယ်နေဟန်ထား မှန်စေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ကြွက်သားတွေ နာကျင်တာ၊ အရိုးအဆစ်တွေ ထိခိုက်တာမျိုး မဖြစ်မှာပါ။
နေ့စဉ် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်စေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။
ဒါတွေအပြင် ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် အခုပြောပြမယ့် အလေ့အထလေးတွေကိုလည်း မွေးမြူဖို့ လိုပါမယ်။
- ဓာတ်လှေကားအစား လှေကားကို သုံးပါ
- နီးနီးနားနား နေရာတွေကို လမ်းလျှောက်သွားပါ
- တတ်နိုင်သမျှ လမ်းလျှောက်ပါ
- တစ်နေ့ကို ခြေလှမ်း ၁ သောင်း လျှောက်ပါ
- အက ဝါသနာပါရင် ကပါ
- တောင်တက်ပါ
- ယောဂ လေ့ကျင့်ပါ
- အလုပ်စားပွဲမှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပါ
- ရေများများ သောက်ပါ
- အစားကို အချိန်မှန် စားပါ
- ကာကွယ်ဆေး ထိုးပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ
- အိပ်ရာမဝင်ခင်မှာ အစားအများကြီး မစားပါနဲ့
- ရေများများ သောက်ပါ
- ဆေးလိပ်ဖြတ်ပါ
- အချိုရည်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးဖျော်ရည်တွေ သောက်ပါ
- အသင့်စား အမြန်စား အစားအစာတွေ မစားပါနဲ့
- အာဟာရ မျှတအောင် စားပါ။
ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည် နေချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထလေးတွေကို ကိုယ်ပိုင် အလေ့အထလေးတွေ ဖြစ်အောင် ပျိုးထောင်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။