backup og meta

Stay at Home ကာလမှာ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်ကြမလဲ...............


Aye Thi Mon မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Stay at Home ကာလမှာ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်ကြမလဲ...............

    လတ်တလောမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID_19 ကြောင့် နေအိမ်ကနေပဲ အလုပ်လုပ်နေကြရတယ်။ အိမ်အပြင်လည်း မထွက်ရဘဲ အိမ်ထဲမှာပဲ တစ်ချိန်လုံး အောင်းနေရတာက အချိန်ကြာလတဲ့အခါ စိတ်ဓာတ်ကျလာစေနိုင်ပါတယ်။ ဒီတော့ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်တင်ရမလဲ ပြောပြပေးပါရစေ။

    စိတ်ဓာတ်ကျနေပြီလား ဆန်းစစ်ကြည့်ရအောင်

    စိတ်ဓာတ်ကျတယ်ဆိုတ ဘာမှမလုပ်ချင်အောင် ထိုင်နေမှ၊ တချောင်ချောင်မှာ ခွေနေမှ မဟုတ်ပါဘူး။

    • မဆာဘဲ စားနေမိမယ်
    • လုံးဝ စားချင်စိတ်မရှိတာမျိုးဖြစ်မယ်
    • အမြဲလိုလို စိတ်တိုနေမယ်
    • စိုးရိမ်စိတ် များနေမယ်
    •  ဒေါသဖြစ်လွယ်မယ်
    • အကြောင်းမဲ့ သက်သက် အော်ဟစ်ချင်နေမယ်
    • အလိုလို ဝမ်းနည်းနေမယ်
    • အိပ်နေမယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

    ဒီလက္ခဏာတွေက စိတ်ဓာတ်ကျမှန်းမသိ ကျနေတာပါ။ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့လိုပါမယ်။ ဒါမှ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်မလာမှာပါ။

    Stay at Home ကာလမှာ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်ကြမလဲ……………

    အိမ်မှာပဲနေနေရချိန်မှာ စိတ်ဓာတ်မကျစေဖို့ဆိုရင်

    မနက်ခင်းနေရောင်ခြည် နုနုလေးက စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရုံးမတက်ရဘူးဆိုပြိး နောက်ကျမှ ထတာမျိုး မလုပ်ဘဲ မနက်စောစောထလို့ နေရောင်ခြည် နုနုလေးနဲ့ ထိတွေ့ပါ။

    သီချင်းနားထောင်တာက စိတ်ကို အနားရစေပြီး စိတ်ပျော်ရွှင်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ စိတ်ညစ်တဲ့အခါ စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ သီချင်းဖွင့်ပြီး လိုက်ဆိုကြည့်ပါ။

    အေးဆေးငြိမ်သက်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်လို့ ဝင်သက်ထွက်သက်မှတ်တာကလည်း စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် ဝင်သက်ထွက်သက်မှတ်ပါ။

    လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်လာအောင် လှုံ့ဆော်ပေးလို့ စိတ်ဓာတ်ကျမှု ကင်းပြီး ပေါ့ပါးလန်းဆန်းနေစေမှာ အသေအချာပါ။ ဒါ​ကြောင့် စိတ်လက်ပေါ့ပါးချင်တယ်ဆိုရင် တစ်နေ့တာရဲ့ မိနစ် ၃၀ ကနေ ၁ နာရီလောက်ကို ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။ Youtube ကနေကြည့်ပြိး အဆင်ပြေမယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလို့ရပါတယ်။

    ပြည့်ဝတဲ့ အိပ်စက်ချိန်က စိတ်ဓာတ်မကျစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါလိမ့်မယ်။ ညနက်အထိ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာ၊ ရုပ်ရှင်ကြည့်တာမျိုး မလုပ်ဘဲ ညဘတိုင်း အိပ်ရာစောစောဝင်လို့ အိပ်ရေး ဝဝအိပ်ပါ။

    အစားအသောက်ကလည်း စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကဖင်းတွေ အလွန်အကျွံသောက်သုံးတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံစားတာမျိုး မလုပ်ပါနဲ့။

    ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ် စားသုံးပါ။ အရောင်အသွေး စုံလင်အောင်စားပါ။

  • စာဖတ်ပါ
  • အခုလို အိမ်မှာနေနေရတဲ့ကာလတွေကို အားလပ်ချိန်တွေလို့တွေးပြီး စာအုပ်ကောင်းလေးတွေကို ဖတ်ပါ။ စာဖတ်တာက စိတ်အာဟာရကို ဖြည့်ရာရောက်သလို အခြား အတွေးတွေမဝင်စေဖို့ အကောင်းဆုံး ကာကွယ်ပေးတာကြောင့် တစ်နေ့ကို ၁၅ မိနစ်ကနေစလို့ ကိုယ်နိုင်သလောက် စာဖတ်ပါ။

    နေအိမ်မှာ နေရတယ်ဆိုပေမယ့် တစ်နေ့တာမှာ ရေချိုးတာ၊ ခေါင်းလျှော်တာ ကနေစလို့ ပုံမှန်လုပ်ဆောင်နေကျ တစ်ကိုယ်ရေ သန့်ရှင်းရေးကိစ္စတွေကို လုပ်ဆောင်ပေးပါ။ ဒါက စိတ်လက်ပေါ့ပါးလန်းဆန်းစေပြီး စိတ်ဓာတ်ကျတာကို ကာကွယ်ပေးနိုင်မှာပါ။

    ကဲ…. စိတ်ဓာတ်ကျနေတယ်ဆို ဒီနည်းလေးတွေသုံးပြီး အခုပဲ စိတ်ဓာတ်ကိုမြှင့်တင်လိုက်ပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement